သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

နယူးေယာက္ ေျမေအာက္ရထားဘူတာ ပစ္ခတ္မႈ ေသနတ္သမား လြတ္ေျမာက္ေနဆဲ


Bato bazoki na masasi moto moko abetaki kati na engunduka na Brooklyn, New York, Etats-Unis, 12 avril 2022. ARMEN ARMENIAN via REUTERS

[Zawgyi/Unicode]

နယူးေယာက္ ေျမေအာက္ရထားဘူတာ ပစ္ခတ္မႈ ေသနတ္သမား လြတ္ေျမာက္ေနဆဲ

အေမရိကန္ ျပည္ေထာင္စု နယူးေယာက္ ေျမေအာက္ ရထားဘူူတာရုံမွာ အဂၤါေန႔ မနက္ပုိင္းက လူ ၁၆ ဦးဒဏ္ရာရရွိေစခဲ့တဲ့ ပစ္ခတ္မႈ က်ဴးလြန္ခဲ့သူကုိ ညေနပုိင္းအထိ ဖမ္းဆီးမိျခင္းမရွိေသးဘဲ အႏၱရာယ္ရွိေနဆဲျဖစ္တယ္လုိ႔ နယူးေယာက္ အုပ္ခ်ဳပ္ေရးမွဴး Kathy Hochul ကေျပာပါတယ္။

လူတုိင္းကုိ ႏုိးႏုိးၾကားၾကားနဲ႔ သတိရွိၾကဖုိ႔ တုိက္တြန္းထားပါတယ္။ ဒါဟာ ဆက္လက္ ျဖစ္ပြားေနဆဲ ပစ္ခတ္မႈ ျဖစ္ပါတယ္လို႔ အုပ္ခ်ဳပ္မွဴးက ေျပာဆုိခဲ့ပါတယ္။

မနက္ ၈ နာရီခဲြေလာက္မွာ နယူးေယာက္ ၃၆ လမ္း ဘူတာရုံမွာ ေျမေအာက္ရထား ဆုိက္လာခ်ိန္မွာ အစိမ္းေရာင္ အလုပ္သမား၀တ္စုံကုိ ၀တ္ဆင္ထားၿပီး၊ ဓာတ္ေငြ႔ကာ မ်က္ႏွာဖုံး တပ္ထားတဲ့ အမ်ိဳးသားတဦးက ရထားတဲြအတြင္း မီးခုိးဗုံးေဖါက္ခဲြခဲ့ၿပီးေနာက္ ေသနတ္နဲ႔ ပစ္ခတ္ခဲ့တာျဖစ္ပါတယ္။

ေသနတ္ထိမွန္ၿပီး ဒဏ္ရာရသူ ၁၀ဦး ရွိခဲ့ပါတယ္။ အဲဒီ အထဲက ၅ ဦးက အျပင္းအထန္ ဒဏ္ရာရခဲ့ၿပီး စုိးရိမ္ရတဲ့ အေျခအေနျဖစ္တယ္လို႔ ရဲကေျပာပါတယ္။ ဒါေပမဲ႔ သူတို႔ရဲ႕ အေျခအေနကေတာ့ တည္ၿငိမ္မႈ ရွိေနတယ္လို႔လည္း ဆိုပါတယ္။

ဘာေၾကာင့္ အခုလုိ ပစ္ခတ္တုိက္ခုိက္ခဲ့တယ္ဆုိတဲ့ အေၾကာင္းအရင္းကုိလည္း မသိရေသးပါဘူး။ ေလာေလာဆယ္ အခ်ိန္အထိေတာ့ ဒီအမႈကိစၥကုိ အၾကမ္းဖက္ ဝါဒစြဲ တုိက္ခုိက္မႈလို႔ အမႈဖြင့္စုံစမ္းတာ လုပ္မထားေသးပါဘူး။

အေစာပုိင္းက ဗုံးေဖါက္ခြဲတုိက္ခုိက္မႈမွာ ပါ၀င္ႏုိင္တယ္ဆုိတဲ့ စုိးရိမ္မႈေတြ ရွိခဲ့ေပမဲ႔ နယူးေယာက္ ရဲတပ္ဖြဲ႔ အႀကီးအကဲကေတာ့ ရထားေတြမွာ ေပါက္ကြဲေစတတ္တဲ႔ ပစၥည္း ရွာေဖြ ေတြ႕ရွိျခင္း မရွိေၾကာင္း ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

####

[Unicode]

နယူးယောက် မြေအောက်ရထားဘူတာ ပစ်ခတ်မှု သေနတ်သမား လွတ်မြောက်နေဆဲ

အမေရိကန် ပြည်ထောင်စု နယူးယောက် မြေအောက် ရထားဘူူတာရုံမှာ အင်္ဂါနေ့ မနက်ပိုင်းက လူ ၁၆ ဦးဒဏ်ရာရရှိစေခဲ့တဲ့ ပစ်ခတ်မှု ကျူးလွန်ခဲ့သူကို ညနေပိုင်းအထိ ဖမ်းဆီးမိခြင်းမရှိသေးဘဲ အန္တရာယ်ရှိနေဆဲဖြစ်တယ်လို့ နယူးယောက် အုပ်ချုပ်ရေးမှူး Kathy Hochul ကပြောပါတယ်။

လူတိုင်းကို နိုးနိုးကြားကြားနဲ့ သတိရှိကြဖို့ တိုက်တွန်းထားပါတယ်။ ဒါဟာ ဆက်လက် ဖြစ်ပွားနေဆဲ ပစ်ခတ်မှု ဖြစ်ပါတယ်လို့ အုပ်ချုပ်မှူးက ပြောဆိုခဲ့ပါတယ်။

မနက် ၈ နာရီခွဲလောက်မှာ နယူးယောက် ၃၆ လမ်း ဘူတာရုံမှာ မြေအောက်ရထား ဆိုက်လာချိန်မှာ အစိမ်းရောင် အလုပ်သမားဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ဓာတ်ငွေ့ကာ မျက်နှာဖုံး တပ်ထားတဲ့ အမျိုးသားတဦးက ရထားတွဲအတွင်း မီးခိုးဗုံးဖေါက်ခွဲခဲ့ပြီးနောက် သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

သေနတ်ထိမှန်ပြီး ဒဏ်ရာရသူ ၁၀ဦး ရှိခဲ့ပါတယ်။ အဲဒီ အထဲက ၅ ဦးက အပြင်းအထန် ဒဏ်ရာရခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်လို့ ရဲကပြောပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အခြေအနေကတော့ တည်ငြိမ်မှု ရှိနေတယ်လို့လည်း ဆိုပါတယ်။

ဘာကြောင့် အခုလို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အကြောင်းအရင်းကိုလည်း မသိရသေးပါဘူး။ လောလောဆယ် အချိန်အထိတော့ ဒီအမှုကိစ္စကို အကြမ်းဖက် ဝါဒစွဲ တိုက်ခိုက်မှုလို့ အမှုဖွင့်စုံစမ်းတာ လုပ်မထားသေးပါဘူး။

အစောပိုင်းက ဗုံးဖေါက်ခွဲတိုက်ခိုက်မှုမှာ ပါဝင်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိခဲ့ပေမဲ့ နယူးယောက် ရဲတပ်ဖွဲ့ အကြီးအကဲကတော့ ရထားတွေမှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်း ရှာဖွေ တွေ့ရှိခြင်း မရှိကြောင်း ပြောဆိုထားပါတယ်။

XS
SM
MD
LG