သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ် ၄၀ အတွင်း အမြင့်ဆုံးခုန်တက်လာတဲ့ ကန်ကုန်ဈေးနှုန်း


Producer Prices
Producer Prices

[Zawgyi/Unicode]

နှစ် ၄၀ အတွင်း အမြင့်ဆုံးခုန်တက်လာတဲ့ ကန်ကုန်ဈေးနှုန်း

အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့မတ်လအတွင်းက ကုန်ဈေးနှုန်းတွေ ၈ ဒဿမ ၅ ရာနှုန်းအထိမြင့်တက်ခဲ့ပြီး၊ နှစ်ပေါင်း ၄၀ ကျော်ကာလမှာ တနှစ်အတွင်းအများဆုံး မြင့်တက်တဲ့နှုန်း ဖြစ်တယ် လို့ အင်္ဂါနေ့တုန်းက အမေရိကန်အစိုးရက ထုတ်ပြန်ကြေငြာပါတယ်။

အဓိကအားမြင့် လောင်စာဆီ၊ အိုးအိမ် နဲ့ စားသောက်ကုန်ပစ္စည်းဈေးနှုန်တွေမြင့် တက်ခဲ့တာဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်စီးပွားရေးဟာကိုဗစ်ကပ်ရောဂါကြောင့်ကျဆင်းခဲ့ရာကနေ အတော်မြန်မြန် ဆန်ဆန်ပြန်လည်ကောင်းမွန်လာနေပါတယ်။ ပြီးခဲ့တဲ့လတွေထဲမှာအလုပ်ပေါင်းသိန်းနဲ့ ချီပြန်လည်ပေးနိုင်ခဲ့ပြီး အလုပ်လက်မဲ့ဦးရေ ၃.၆ ရာနှုန်းအထိလျော့ကျခဲ့ပါတယ်။ ဒါပေ မယ့်လည်း ငွေကြောင်းဖေါင်းပွမှုနှုန်းဟာ ဒီစီးပွားရေးပြန်လည်နာလန်ထ လာမှုအပေါ် သက်ရောက်မှုတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ ရုရှားကယူကရိန်းကိုကျူးကျော်ခဲ့တဲ့နောက်၊ လောင် စာဈေးနှုန်းတွေတက်ခဲ့ပြီး၊ စားသောက်ကုန်တွေအပါအဝင် ကမ္ဘာ့ကုန်စည်းစီးဆင်းမှုကို ပါထိခိုက်ခဲ့ပါတယ်။ လောင်စာဈေးနှုန်းတွေတက်တဲ့အတွက် သယ်သူပို့ဆောင်စားရိတ် တွေတက်ပြီး ကုန်ဈေးနှုန်းတွေလည်းတက်လာခဲ့တာဖြစ်ပါတယ်။

အမေရိကန်အစိုးရရဲ့ထုတ်ပြန်ချက်ထဲမှာ ကုန်ဈေးနှုန်းတွေပြန်လည်ကျဆင်းနိုင်တယ် ဆိုတဲ့အရိပ်လက္ခဏာတွေတော့ဖေါ်ပြထားခြင်းမရှိပါဘူး။

တိုက်ရိုက် လင့်ခ်

[Unicode]







XS
SM
MD
LG