သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Solomon ကၽြန္းႏိုင္ငံကို တ႐ုတ္နဲ႔အၿပိဳင္ စည္း႐ုံးလာတဲ႔ အေမရိကန္


Solomon ကၽြန္းႏိုင္ငံက ရဲတပ္ဖြဲ႔ဝင္ေတြကို သင္တန္းေပးေနတဲ့ တရုတ္ ရဲအရာရွိတဦး။ (March 29, 2022 )

[[ ZAWGYI / UNICODE ]]

Solomon ကၽြန္းႏိုင္ငံကို တ႐ုတ္နဲ႔အၿပိဳင္ စည္းရံုးလာတဲ႔ အေမရိကန္

ေတာင္ပစိဖိတ္ ကၽြန္းႏုိင္ငံ Solomon ေဆာ္လမြန္ႏုိင္ငံနဲ႔ အေမရိကန္ျပည္ေထာင္စုက သံတမန္ ဆက္ဆံေရးေတြ တုိးျမႇင့္လုိက္ၿပီး၊ အကူအညီ အေထာက္အပံ့အျဖစ္ ကုိဗစ္ကာကြယ္ေဆးေတြလည္း ကူညီေပးေနပါတယ္။

ေဆာ္လမြန္ႏုိင္ငံနဲ႔ တရုတ္ႏုိင္ငံတုိ႔အၾကား လုံၿခဳံေရးဆုိင္ရာ သေဘာတူညီခ်က္ေတြ ရွိလာေနတဲ့အေပၚ စုိးရိမ္မႈေတြ တုိးလာေနခ်ိန္မွာ အေမရိကန္ျပည္ေထာင္စုက ခုလုိ ဆက္ဆံေရး တုိးျမွင့္လုိက္တာပါ။

အေမရိကန္ ဒုတိယႏုိင္ငံျခားေရး၀န္ႀကီး Wendy Sherman ေဆာ္လမြန္ကၽြန္းႏုိင္ငံ ႏုိင္ငံျခားေရး၀န္ႀကီး Jeremiah Manele နဲ႔ ဆက္သြယ္ၿပီး ေဆာ္လမြန္ႏုိင္ငံၿမိဳ႕ေတာ္ Honiara မွာ အေမရိကန္သံရုံး ျပန္လည္ဖြင့္လွစ္ဖုိ့ ေဆြးေႏြးခဲ့ပါတယ္။ ဒါဟာ ႏွစ္ႏုိင္ငံအၾကား ဆက္ဆံေရးကုိ ပုိမုိနက္နက္ရိႈင္းရိႈင္း ခ်ဲ႕ထြင္လုိက္တာျဖစ္တယ္လုိ့ အေမရိကန္အရာရွိေတြက ေျပာဆုိပါတယ္။

ဒါ့အျပင္ ကုိဗစ္ကာကြယ္ေဆး အလုံးေရ ၅ ေသာင္းေက်ာ္ကုိ ၿပီးခဲ့တဲ့ရက္ပုိင္းက ေပးအပ္ခဲ့ပါတယ္။ လြန္ခဲ့တဲ့ ႏုိ၀င္ဘာလတုန္းကလည္း အလုံးေရ တသိန္းေက်ာ္ အေမရိကန္က ေပးအပ္ခဲ့ပါတယ္။

အေမရိကန္ျပည္ေထာင္စုအေနနဲ့ Honiara မွာ ၁၉၉၃ ခုႏွစ္ကတည္းက သံရုံးကုိ ပိတ္ထားခဲ့ၿပီး၊ လက္ရွိမွာ ေကာင္စစ္၀န္ရုံး အဆင့္သာ ရွိပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ ေဖေဖၚ၀ါရီလထဲမွာေတာ့ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီး အန္တုိနီ ဘလင္ကင္ ပစိဖိတ္ေဒသကုိ သြားေရာက္ခဲ့တုန္းကေတာ့ ေဆာ္လမြန္ႏုိင္ငံ ၿမိဳ႕ေတာ္မွာ အေမရိကန္သံရုံး ျပန္လည္ဖြင့္လွစ္မယ္လုိ႔ ပထမဆုံးေၾကညာခဲ့ပါတယ္။

အေမရိကန္ ဒုတိယႏုိင္ငံျခားေရး၀န္ႀကီး Sherman ရဲ့ သံတမန္ေရးအရ ႀကဳိးပမ္းခ်က္ဟာ တရုတ္နဲ့ေဆာ္လမြန္ႏုိင္ငံအၾကား တရုတ္လက္နက္ကုိင္ တပ္ေတြဖဲြ့ေတြကုိ ေဆာ္လမြန္ကၽြန္းေပၚမွာ ခ်ထားခြင့္ ရႏုိင္မယ့္ လုံၿခဳံေရးဆုိင္ရာ သေဘာတူညီခ်က္ ရရွိခဲ့တယ္ဆုိတဲ့ သတင္းေတြ ထြက္ေပၚၿပီးေနာက္ ျဖစ္ေပၚလာခဲ့တာပါ။

= = = = = = = = =

{{ UNICODE }}

Solomon ကျွန်းနိုင်ငံကို တရုတ်နဲ့အပြိုင် စည်းရုံးလာတဲ့ အမေရိကန်

တောင်ပစိဖိတ် ကျွန်းနိုင်ငံ Solomon ဆော်လမွန်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုက သံတမန် ဆက်ဆံရေးတွေ တိုးမြှင့်လိုက်ပြီး၊ အကူအညီ အထောက်အပံ့အဖြစ် ကိုဗစ်ကာကွယ်ဆေးတွေလည်း ကူညီပေးနေပါတယ်။

ဆော်လမွန်နိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တွေ ရှိလာနေတဲ့အပေါ် စိုးရိမ်မှုတွေ တိုးလာနေချိန်မှာ အမေရိကန်ပြည်ထောင်စုက ခုလို ဆက်ဆံရေး တိုးမြှင့်လိုက်တာပါ။

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman ဆော်လမွန်ကျွန်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Jeremiah Manele နဲ့ ဆက်သွယ်ပြီး ဆော်လမွန်နိုင်ငံမြို့တော် Honiara မှာ အမေရိကန်သံရုံး ပြန်လည်ဖွင့်လှစ်ဖို့ ဆွေးနွေးခဲ့ပါတယ်။ ဒါဟာ နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ပိုမိုနက်နက်ရှိုင်းရှိုင်း ချဲ့ထွင်လိုက်တာဖြစ်တယ်လို့ အမေရိကန်အရာရှိတွေက ပြောဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၅ သောင်းကျော်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ပေးအပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း အလုံးရေ တသိန်းကျော် အမေရိကန်က ပေးအပ်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ Honiara မှာ ၁၉၉၃ ခုနှစ်ကတည်းက သံရုံးကို ပိတ်ထားခဲ့ပြီး၊ လက်ရှိမှာ ကောင်စစ်ဝန်ရုံး အဆင့်သာ ရှိပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလထဲမှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် ပစိဖိတ်ဒေသကို သွားရောက်ခဲ့တုန်းကတော့ ဆော်လမွန်နိုင်ငံ မြို့တော်မှာ အမေရိကန်သံရုံး ပြန်လည်ဖွင့်လှစ်မယ်လို့ ပထမဆုံးကြေညာခဲ့ပါတယ်။

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sherman ရဲ့ သံတမန်ရေးအရ ကြိုးပမ်းချက်ဟာ တရုတ်နဲ့ဆော်လမွန်နိုင်ငံအကြား တရုတ်လက်နက်ကိုင် တပ်တွေဖွဲ့တွေကို ဆော်လမွန်ကျွန်းပေါ်မှာ ချထားခွင့် ရနိုင်မယ့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက် ရရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက် ဖြစ်ပေါ်လာခဲ့တာပါ။

XS
SM
MD
LG