သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကမာၻေပၚ စာေရးဆရာ ဖမ္းဆီးမႈ တတိယအမ်ားဆုံး ျမန္မာႏိုင္ငံ


credit : PEN America - Freedom To Write Index 2021

[[ ZAWGYI / UNICODE ]]

ကမာၻေပၚ စာေရးဆရာဖမ္းဆီးမႈ တတိယအမ်ားဆုံး ျမန္မာႏိုင္ငံ

ကမာၻေပၚမွာျမန္မာႏိုင္ငံဟာ စာေရးဆရာေတြဖမ္းဆီးေထာင္ခ်တာ တတိယအမ်ားဆုံး ျဖစ္ၿပီး၊ တ႐ုတ္၊ ေဆာ္ဒီအားေရးဗီးယားတို႔နဲ႔အတူ ကမာၻ႔အဆိုးဆုံး ၃ ႏိုင္ငံထဲမွာ ပါဝင္ေနေၾကာင္း၊ ဧၿပီလ ၁၃ ရက္ေန႔က ထုတ္ျပန္တဲ့ အေမရိကန္စာေရးဆရာမ်ားအသင္းရဲ႕ ၂၀၂၁ ခုႏွစ္အတြက္ လြတ္လပ္စြာေရးသားေဖၚျပခြင့္ဆိုင္ရာ အစီရင္ခံစာထဲမွာ ေဖၚျပထားပါတယ္။ ဒီအေၾကာင္းအရာကို ကိုေဇာ္မိုးေက်ာ္က ဆက္လက္ေျပာျပပါမယ္။

###

ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္ ေဖေဖၚဝါရီလ ၁ ရက္ေန႔မွ ာစစ္တပ္ကအာဏာသိမ္းၿပီးေနာက္ စာေရးဆရာေတြနဲ႔ အမ်ားျပည္သူဆိုင္ရာ အသိပညာ အတတ္ပညာရွင္ေတြ ထပ္မံဖမ္း ဆီးေထာင္ခ်ခဲ့ၿပီး၊ တ႐ုတ္၊ ေဆာ္ဒီအားေရဗီးယားတို႔နဲ႔အတူ ကမာၻ႔အဆိုးဆုံး ထိပ္တန္း ၃ ႏိုင္ငံျဖစ္လာခဲ့တယ္လို႔ အေမရိကန္ စာေရးဆရာမ်ားအသင္းက ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖၚျပထားပါတယ္။

၂၀၂၁ ခုႏွစ္အတြင္း ႏိုင္ငံေပါင္း ၃၆ ႏိုင္ငံ ဖမ္းဆီးေထာင္ခ်ခံခဲ့ရတဲ့ စာေရးဆရာေပါင္း ၂၇၇ ေယာက္ရွိပါတယ္။ အဲဒီအထဲက တဝက္ေက်ာ္ဟာ တ႐ုတ္၊ ေဆာ္ဒီအာေရးဗီးယားနဲ႔ ျမန္မာႏိုင္ငံ ၃ ႏိုင္ငံထဲကေန ဖမ္းဆီးထားတာျဖစ္ပါတယ္။ စတုတၱအဆိုးဆုံး ႏိုင္ငံကေတာ့ အီရန္ႏိုင္ငံျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္က ဖမ္းဆီးေထာင္ခ်ခဲ့တဲ့ စာေရးစရာ ၂၆ ေယာက္ရွိပါတယ္။ အဲဒီအထဲမွာ ထင္ရွားတဲ့ စာေရးဆရ ေမာင္သာခ်ိဳတို႔လို စာေရးစရာေတြ ပါဝင္တယ္လို႔ အေမရိကန္စာေရးဆရာမ်ားအသင္းက ေဖၚျပထားပါတယ္။

အခုလိုႏွစ္စဥ္ အစီရင္ခံစာထုတ္ျပန္တာေတြအျပင္ ဒီဖမ္းဆီးထိန္းသိမ္း ခံထားရတဲ့ စာေရးဆရာေတြ လြတ္ေျမာက္ေရးအတြက္လည္း အေမရိကန္စာေရး ဆရာမ်ားအသင္းက ႀကိဳးပမ္းေဆာင္႐ြက္တာေတြ ရွိပါတယ္။ အစီရင္ခံစာေရးသားရာမွ ာပါဝင္ခဲ့တဲ့ အႏၲရယ္နဲ႔ ရင္ဆိုင္ရတဲ့ လြတ္လပ္စြာ ေရးသားေဖၚျပခြင့္ အစီအစဥ္ရဲ႕ ၫႊန္ၾကားေရးမႉး Karin Karlekar က အခုလိုေျပာပါတယ္။

“စာေရးဆရာ တဦးခ်င္းရဲ႕ လြတ္ေျမာက္မႈအတြက္ တႏွစ္ပတ္လုံး စည္း႐ုံးလႈံေဆာ္တဲ့ အစီအစဥ္ေတြရွိပါတယ္။ ဥပမာ ျမန္မာႏိုင္ငံမွာဆိုရင္ ဆရာေရးဆရာ ေမာင္သာခ်ိဳတို႔လို စာေရးဆရာေတြအပါအဝင္ အားလုံးအတြက္ လုပ္ေဆာင္ပါတယ္။ ေနာက္ၿပီး အခုထုတ္ျပန္တဲ့ အစီရင္ခံစာဟာလည္း အေမရိကန္အစိုးရ၊ အေမရိကန္လႊတ္ေတာ္နဲ႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနတို႔နဲ႔ အျခား ကမာၻအရပ္ရပ္က အစိုးရေတြထံ ေပးပို႔ပါတယ္။ ဒါ့အျပင္ ကုလသမဂၢလို အဖြဲ႕အစည္းကိုလည္း ေရာက္ရွိပါတယ္။ ဒီလိုေပးပို႔ၿပီး စာေရးဆရာေတြ ရင္ဆိုင္ေနရတဲ့ အခက္အခဲနဲ႔ျပႆနာေတြကို ပိုမို သိရွိနားလည္ေစၿပီး၊ သက္ဆိုင္ရာ အစိုးရေတြအေပၚ ဖိအားေပးတာ၊ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတဲ့ စာေရးဆရာေတြကို အႏၲရယ္ကေန လြတ္ေျမာက္ေအာင္၊ အျခားႏိုင္ငံေတြမွ ာခိုလႈံခြင့္ေပးတာ စတာေတြကို လုပ္ေဆာင္ပါတယ္။”

စာေရးဆရာေတြနဲ႔ အမ်ားျပည္သူဆိုင္ရာ အသိပညာအတတ္ပညာရွင္ေတြကို ဖမ္းဆီးတာဟာ သူတို႔ရဲ႕ အသိပညာနဲ႔ ဗဟုသုတေတြေၾကာင့္ လူ႔အဖြဲ႕အစည္းေပၚမွာရွိတဲ့ သူတို႔ရဲ႕ ၾသဇာကို ေၾကာက္႐ြံ႕တဲ့အတြက္ ဖမ္းဆီးေထာင္ခ်ထားတာ ျဖစ္တယ္လို႔လည္း အစီအစဥ္ ၫႊန္ၾကားေရးမႉ Karin ကေျပာဆိုခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၂၀ ခုႏွစ္က ဖမ္းဆီးေထာင္ခ်ခံရတဲ့ စာေရးဆရာ ၈ ဦးပဲ ရွိခဲ့ရာကေန စစ္တပ္က အာဏာသိမ္းၿပီး ၂၀၂၁ ခုႏွစ္မွာ ၂၆ ေယာက္အထိ တိုးသြားတာပါ။ သမိုင္းတေလ်ာက္စစ္အာဏာရွင္ေတြရဲ႕ ဖမ္းဆီးမႈကို စာေရးဆရာေတြ ခံခဲ့ရတာရွိသလို၊ အခုတခါမွာေတာ့ အခ်ိန္အတိုအတြင္း ဖမ္းဆီးခံရတဲ့ အေရအတြက္ အေတာ္မ်ားတာေၾကာင့္ စိုးရိမ္စရာအေျခအေန ျဖစ္တယ္လို႔ ႏိုင္ငံတကာ စာေရးဆရာမ်ားအသင္းရဲ႕ အက်ဥ္းက်ခံစာေရးဆရာမ်ားေကာ္မတီ ဥကၠဌ စာေရးဆရာမ မသီတာ(စမ္းေခ်ာင္း)က အခုလို ေျပာပါတယ္။

" တကယ္တမ္း အခုေနာက္ဆုံးေတြရတဲ့ ကိန္းဂဏန္းေတြအရ ဆုိလုိ့ရွိရင္ေတာ့၊ အခု ကာလမွာ အခ်ိန္တုိတုိအတြင္း မ်ားလာတယ္ေပါ့ေနာ္၊ က်မတုိ့ အရင္တုန္းကေတာ့ အခ်ိန္ကာလအရွည္ႀကီးမွာ ျပန္ေပါင္းလုိက္မယ္ဆုိရင္ အေရအတြက္ တခုေတာ့ ရွိခဲ့တယ္ေပါ့ေနာ္။ အခုကေတာ့ ဒီအခ်ိန္ကာလ ၁ ႏွစ္ေက်ာ္ေက်ာ္ကာလမွာ ဒီအေရအတြက္ကုိ ေရာက္လာတယ္။ ဆုိတဲ့အခါက်ေတာ့ ဟုိစုိးရိမ္စရာ အေနအထားလုိ႔ ေျပာလို့ရတယ္။ သုိ့ေသာ္ တဖက္မွာၾကည္ရင္ေတာ့ စာေရးဆရာေတြရဲ့ ဒီေတာ္လွန္ေရး အေပၚမွာ ပူးေပါင္းေဆာင္ရြက္မႈ အေရအတြက္ကလည္း အခ်ိန္တုိတိုအတြင္းမွာ မ်ားလာတယ္လို႔ ေျပာလုိ့ရတာေပါ့ေနာ္။ အမႀကီး သန္းျမင့္ေအာင္ တုိ႔လုိ၊ ဆရာေမာင္သာခ်ိဳ တုိ့လုိ၊ ဆရာထင္လင္းဦး တုိ႔လုိ႔ေပါ့ေနာ္၊ စၿပီးေတာ့ အာဏာသိမ္းၿပီဆုိကတည္းက ဖမ္းဆီးခံရတဲ့ စာေရးဆရာေတြလည္း ရွိေနတယ္ေပါ့ေနာ္။ ျမန္မာႏုိင္ငံရဲ႕ လြတ္လပ္စြာ ေရးသားထုတ္ေဖၚ ေျပာဆုိခြင့္နဲ့ပတ္သက္ၿပီးေတာ့၊ စၿပီး အာဏာသိမ္းကတည္းက ေတာ္ေတာ္ေလး ထိခုိက္ခဲ့တယ္လုိ႔ပဲ ျမင္ပါတယ္။ "

အေမရိကန္စာေရးဆရားမ်ားအသင္းအေနနဲ႔ လက္ရွိျမန္မာႏိုင္ငံမွာ ဖမ္းဆီးထားတဲ့ စာေရးဆရာေတြအားလုံး ျုပန္လည္ လႊတ္ေပးဖို႔ေတာင္းဆိုေၾကာင္းနဲ႔ လက္ရွိျမန္မာျပည္တြင္းျပည္ပမွာ ရွိေနတဲ့စာေရးဆရာေတြ အားလုံးကလည္း ျမန္မာျပည္မွာ လြတ္လပ္စြာ ေရးသားေဖၚျပခြင့္အတြက္ ဆက္လက္ လုပ္ေဆာင္ၾကဦးမွာပါလို႔ အစီရင္ခံစာ ထုတ္ျပန္ရာမွာ ပါဝင္ခဲ့တဲ့ Karin Karlekar ကေျပာဆိုခဲ့ပါတယ္။

=================

{{ UNICODE }}

ကမ္ဘာပေါ် စာရေးဆရာဖမ်းဆီးမှု တတိယအများဆုံး မြန်မာနိုင်ငံ

ကမ္ဘာပေါ်မှာမြန်မာနိုင်ငံဟာ စာရေးဆရာတွေဖမ်းဆီးထောင်ချတာ တတိယအများဆုံး ဖြစ်ပြီး၊ တရုတ်၊ ဆော်ဒီအားရေးဗီးယားတို့နဲ့အတူ ကမ္ဘာ့အဆိုးဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေကြောင်း၊ ဧပြီလ ၁၃ ရက်နေ့က ထုတ်ပြန်တဲ့ အမေရိကန်စာရေးဆရာများအသင်းရဲ့ ၂၀၂၁ ခုနှစ်အတွက် လွတ်လပ်စွာရေးသားဖေါ်ပြခွင့်ဆိုင်ရာ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။ ဒီအကြောင်းအရာကို ကိုဇော်မိုးကျော်က ဆက်လက်ပြောပြပါမယ်။

###

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ ာစစ်တပ်ကအာဏာသိမ်းပြီးနောက် စာရေးဆရာတွေနဲ့ အများပြည်သူဆိုင်ရာ အသိပညာ အတတ်ပညာရှင်တွေ ထပ်မံဖမ်း ဆီးထောင်ချခဲ့ပြီး၊ တရုတ်၊ ဆော်ဒီအားရေဗီးယားတို့နဲ့အတူ ကမ္ဘာ့အဆိုးဆုံး ထိပ်တန်း ၃ နိုင်ငံဖြစ်လာခဲ့တယ်လို့ အမေရိကန် စာရေးဆရာများအသင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

၂၀၂၁ ခုနှစ်အတွင်း နိုင်ငံပေါင်း ၃၆ နိုင်ငံ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ စာရေးဆရာပေါင်း ၂၇၇ ယောက်ရှိပါတယ်။ အဲဒီအထဲက တဝက်ကျော်ဟာ တရုတ်၊ ဆော်ဒီအာရေးဗီးယားနဲ့ မြန်မာနိုင်ငံ ၃ နိုင်ငံထဲကနေ ဖမ်းဆီးထားတာဖြစ်ပါတယ်။ စတုတ္တအဆိုးဆုံး နိုင်ငံကတော့ အီရန်နိုင်ငံဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က ဖမ်းဆီးထောင်ချခဲ့တဲ့ စာရေးစရာ ၂၆ ယောက်ရှိပါတယ်။ အဲဒီအထဲမှာ ထင်ရှားတဲ့ စာရေးဆရ မောင်သာချိုတို့လို စာရေးစရာတွေ ပါဝင်တယ်လို့ အမေရိကန်စာရေးဆရာများအသင်းက ဖေါ်ပြထားပါတယ်။

အခုလိုနှစ်စဉ် အစီရင်ခံစာထုတ်ပြန်တာတွေအပြင် ဒီဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ စာရေးဆရာတွေ လွတ်မြောက်ရေးအတွက်လည်း အမေရိကန်စာရေး ဆရာများအသင်းက ကြိုးပမ်းဆောင်ရွက်တာတွေ ရှိပါတယ်။ အစီရင်ခံစာရေးသားရာမှ ာပါဝင်ခဲ့တဲ့ အန္တရယ်နဲ့ ရင်ဆိုင်ရတဲ့ လွတ်လပ်စွာ ရေးသားဖေါ်ပြခွင့် အစီအစဉ်ရဲ့ ညွှန်ကြားရေးမှူး Karin Karlekar က အခုလိုပြောပါတယ်။

“စာရေးဆရာ တဦးချင်းရဲ့ လွတ်မြောက်မှုအတွက် တနှစ်ပတ်လုံး စည်းရုံးလှုံဆော်တဲ့ အစီအစဉ်တွေရှိပါတယ်။ ဥပမာ မြန်မာနိုင်ငံမှာဆိုရင် ဆရာရေးဆရာ မောင်သာချိုတို့လို စာရေးဆရာတွေအပါအဝင် အားလုံးအတွက် လုပ်ဆောင်ပါတယ်။ နောက်ပြီး အခုထုတ်ပြန်တဲ့ အစီရင်ခံစာဟာလည်း အမေရိကန်အစိုးရ၊ အမေရိကန်လွှတ်တော်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနတို့နဲ့ အခြား ကမ္ဘာအရပ်ရပ်က အစိုးရတွေထံ ပေးပို့ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂလို အဖွဲ့အစည်းကိုလည်း ရောက်ရှိပါတယ်။ ဒီလိုပေးပို့ပြီး စာရေးဆရာတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲနဲ့ပြဿနာတွေကို ပိုမို သိရှိနားလည်စေပြီး၊ သက်ဆိုင်ရာ အစိုးရတွေအပေါ် ဖိအားပေးတာ၊ အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ စာရေးဆရာတွေကို အန္တရယ်ကနေ လွတ်မြောက်အောင်၊ အခြားနိုင်ငံတွေမှ ာခိုလှုံခွင့်ပေးတာ စတာတွေကို လုပ်ဆောင်ပါတယ်။”

စာရေးဆရာတွေနဲ့ အများပြည်သူဆိုင်ရာ အသိပညာအတတ်ပညာရှင်တွေကို ဖမ်းဆီးတာဟာ သူတို့ရဲ့ အသိပညာနဲ့ ဗဟုသုတတွေကြောင့် လူ့အဖွဲ့အစည်းပေါ်မှာရှိတဲ့ သူတို့ရဲ့ သြဇာကို ကြောက်ရွံ့တဲ့အတွက် ဖမ်းဆီးထောင်ချထားတာ ဖြစ်တယ်လို့လည်း အစီအစဉ် ညွှန်ကြားရေးမှူ Karin ကပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ ခုနှစ်က ဖမ်းဆီးထောင်ချခံရတဲ့ စာရေးဆရာ ၈ ဦးပဲ ရှိခဲ့ရာကနေ စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှာ ၂၆ ယောက်အထိ တိုးသွားတာပါ။ သမိုင်းတလျောက်စစ်အာဏာရှင်တွေရဲ့ ဖမ်းဆီးမှုကို စာရေးဆရာတွေ ခံခဲ့ရတာရှိသလို၊ အခုတခါမှာတော့ အချိန်အတိုအတွင်း ဖမ်းဆီးခံရတဲ့ အရေအတွက် အတော်များတာကြောင့် စိုးရိမ်စရာအခြေအနေ ဖြစ်တယ်လို့ နိုင်ငံတကာ စာရေးဆရာများအသင်းရဲ့ အကျဉ်းကျခံစာရေးဆရာများကော်မတီ ဥက္ကဌ စာရေးဆရာမ မသီတာ(စမ်းချောင်း)က အခုလို ပြောပါတယ်။

" တကယ်တမ်း အခုနောက်ဆုံးတွေရတဲ့ ကိန်းဂဏန်းတွေအရ ဆိုလို့ရှိရင်တော့၊ အခု ကာလမှာ အချိန်တိုတိုအတွင်း များလာတယ်ပေါ့နော်၊ ကျမတို့ အရင်တုန်းကတော့ အချိန်ကာလအရှည်ကြီးမှာ ပြန်ပေါင်းလိုက်မယ်ဆိုရင် အရေအတွက် တခုတော့ ရှိခဲ့တယ်ပေါ့နော်။ အခုကတော့ ဒီအချိန်ကာလ ၁ နှစ်ကျော်ကျော်ကာလမှာ ဒီအရေအတွက်ကို ရောက်လာတယ်။ ဆိုတဲ့အခါကျတော့ ဟိုစိုးရိမ်စရာ အနေအထားလို့ ပြောလို့ရတယ်။ သို့သော် တဖက်မှာကြည်ရင်တော့ စာရေးဆရာတွေရဲ့ ဒီတော်လှန်ရေး အပေါ်မှာ ပူးပေါင်းဆောင်ရွက်မှု အရေအတွက်ကလည်း အချိန်တိုတိုအတွင်းမှာ များလာတယ်လို့ ပြောလို့ရတာပေါ့နော်။ အမကြီး သန်းမြင့်အောင် တို့လို၊ ဆရာမောင်သာချို တို့လို၊ ဆရာထင်လင်းဦး တို့လို့ပေါ့နော်၊ စပြီးတော့ အာဏာသိမ်းပြီဆိုကတည်းက ဖမ်းဆီးခံရတဲ့ စာရေးဆရာတွေလည်း ရှိနေတယ်ပေါ့နော်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖေါ် ပြောဆိုခွင့်နဲ့ပတ်သက်ပြီးတော့၊ စပြီး အာဏာသိမ်းကတည်းက တော်တော်လေး ထိခိုက်ခဲ့တယ်လို့ပဲ မြင်ပါတယ်။ "

အမေရိကန်စာရေးဆရားများအသင်းအနေနဲ့ လက်ရှိမြန်မာနိုင်ငံမှာ ဖမ်းဆီးထားတဲ့ စာရေးဆရာတွေအားလုံး ြုပန်လည် လွှတ်ပေးဖို့တောင်းဆိုကြောင်းနဲ့ လက်ရှိမြန်မာပြည်တွင်းပြည်ပမှာ ရှိနေတဲ့စာရေးဆရာတွေ အားလုံးကလည်း မြန်မာပြည်မှာ လွတ်လပ်စွာ ရေးသားဖေါ်ပြခွင့်အတွက် ဆက်လက် လုပ်ဆောင်ကြဦးမှာပါလို့ အစီရင်ခံစာ ထုတ်ပြန်ရာမှာ ပါဝင်ခဲ့တဲ့ Karin Karlekar ကပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG