သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေထာက္အထားမဲ႔ ျမန္မာေတြ မေလးရွားအသြား ထိုင္းနယ္စပ္မွာ အဖမ္းခံရ


ထိုင္းမေလးနယ္စပ္မွာ အဖမ္းခံရတဲ့ ျမန္မာႏိုင္ငံသားမ်ား ( Photo: ထုိင္း လ၀က)

[[ ZAWGYI / UNICODE ]]

အေထာက္အထားမဲ႔ ျမန္မာေတြ မေလးရွားအသြား ထိုင္းနယ္စပ္မွာ အဖမ္းခံရ

ျမန္မာႏိုင္ငံရန္ကုန္ ေမာ္လျမိဳင္ ကရင္ျပည္နယ္ျမ၀တီကေန လာႀကတဲ့ ျမန္မာႏို္င္ငံသား၂၀ေက်ာ္ဟာမဟာသႀကၤန္ကာလမွာထုိင္းျမန္မာနယ္စပ္ကိုျဖတ္ေက်ာ္ျပီး မေလးရွားႏိုင္ငံကို၀င္ေရာက္ဖို့ႀကိဳးစားတဲ့အတြက္ထိုင္းမေလးရွားနယ္စပ္ဆံုခလာျပည္နယ္ထဲမွာ ဖမ္းဆီးခံခဲ့ရပါတယ္ သႀကၤန္ကာလမွာလံုျခံုေရးေတြအားနည္းႏိုင္တယ္လို့ယူဆျပီး တရားမ၀င္၀င္ေရာက္လာတဲ့ျမန္မာေတြ ထုိင္းျမန္မာနယ္စပ္ေတြမွာဖမ္းဆီးခံေနရပါတယ္ ဒီသတင္းကိုဗြီအိုေအသတင္းေထာက္မေအးေအးမာသတင္းေပးပို့ထားပါတယ္ ။

ထိုင္းျမန္မာနယ္စပ္ ပရာက်ြတ္ခီရီကန္ ျပည္နယ္ကေနတဆင့္ မေလးရွားႏိုင္ငံကိုသြားဖို့အတြက္ထုိင္းမေလးနယ္စပ္ ဆံုခလာျပည္နယ္ထဲကိုေရာက္ရိွေနတဲ့ျမန္မာ၂၁ဦးကုိ သႀကၤန္ကာလမွာ ဖမ္းမိခဲ့တာပါ ။သူတို့ဟာ ျမန္မာႏိုင္ငံရန္ကုန္ျမိဳ့ မြန္ျပည္နယ္ေမာ္လျမိဳင္ ကရင္ျပည္နယ္ျမ၀တီျမိဳ ့ကေနလာေရာက္ႀကသူေတြျဖစ္ျပီးထိုင္းျမန္မာနယ္စပ္ကေန ထုိင္းမေလးနယ္စပ္ကို ေရာက္ျပီးမွအဖမ္းခံရတာျဖစ္ေႀကာင္းျမန္မာျပည္သားမ်ားအေရးပူးတဲြလွုပ္ရွားမူ့ေကာ္မတီဥကၠဌဦးမိုးႀကိဳးကအခုလိုေျပာပါတယ္။

"ထိုင္းနဲ့မေလးရွားနယ္စပ္ ဆံုခလာျပည္နယ္ထဲမွာဧျပီလ ၁၃ရက္ေန့က ရာတ္ထဖြတ္ နယ္ေျမအပုိင္ထဲမွာထုိင္းကားသမားတေယာက္နဲ့ အတူတရားမ၀င္ ျမန္မာ၂၁ေယာက္ ေယာက္က်ားေလး၁၈ေယာက္နဲ့မိန္းကေလး၃ေယာက္အဖမ္းခံရတာျဖစ္ပါတယ္ ဧျပီလ ၁၃ရက္ေန့ သႀကၤန္အႀကိဳ့ေနမွာျဖစ္တာပါ ဘယ္နယ္စပ္က၀င္လာသလဲဆုိေတာ့ ထုိင္းနဲ့တနသၤာရီနယ္စပ္ ပရာက်ြတ္ခီရီကန္ကိုအရင္၀င္လာတယ္ ျပီးေတာ့ အဲဒီကေန တဆင့္မေလးရွားႏိုင္ငံကို၀င္ဖုိ့ႀကိဳးစားတာပါ ဒါေႀကာင့္ဆုံခလာျပည္နယ္မွာအဖမ္းခံရတာပါ။"

မေလးရွားႏိုင္ငံကုိသြားဖို့အတြက္ပဲြစားကုိ ဘတ္ေငြ၄ေသာင္းထိေပးရမွာျဖစ္ျပီး ေလာေလာဆယ္ဘတ္ေငြ၂ေသာင္းထိေပးျပီးျပီလို့ဆုိပါတယ္။က်န္ေငြကိုေတာ့မေလးရွားႏိုင္ငံကုိေရာက္မွေပးရမယ္လို့ဆိုပါတယ္။သႀကၤန္ကာလမွာလုံျခံုေရးေတြအားနည္းမယ္လို့ယူဆျပီးထုိင္းျမန္မာနယ္စပ္ေတြကေနတရားမ၀င္၀င္ေရာက္လာသူေတြေနစဥ္ရိွေနသလို ထုိင္းျမန္မာနယ္စပ္မဲေဆာက္ဘက္မွာလည္းေနစဥ္ျမန္မာဆယ္ဂဏန္းေလာက္ဖမ္းဆီးခံရတယ္ဆုိျပီးဦးမုိးႀကိဳးကေျပာပါတယ္။

" သႀကၤန္ကာလမွာ နယ္စပ္ေဒသအသီးသီးမွာ ထုိင္းႏိုင္ငံထဲကို တရားမ၀င္၀င္ေရာက္လာသူ မဲေဆာက္မွာတေန့တေန့ ၁၀ေယာက္ေလာက္အဖမ္းခံရပါတယ္ ။အေစာင့္အႀကပ္ေတြႀကားထဲက လြတ္မယ္ထင္ျပီးစြန့္စားျပီး၀င္လာတာေႀကာင့္ထုိင္းနယ္စပ္ကေန တေန့တေန့ ၁၀ေယာက္ေလာက္အဖမ္းခံရတယ္လို့ထုိင္းနယ္ျခားေစာင့္တပ္ကသတင္းထုတ္ျပန္တာကိုက်ေနာ္တို့သိရပါတယ္။"

ထိုင္းျမန္မာနယ္စပ္ေတြက၀င္လာတဲ့ အေထာက္အထားျမန္မာ၆၀၀ေက်ာ္ေလာက္ဧျပီလဆန္းကေန့ ဧျပီလ ၁၄ရက္ေန့ထိ အဖမ္းခံထားရပါတယ္ ထိုင္းျမန္မာနယ္စပ္ေတြကတဆင့္ ျမန္မာေတြအစုလိုက္အျပံုလိုက္၀င္ေရာက္ေနတဲ့အတြြက္ထိုင္းႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ဖုိ႔အတြက္အပါအဝင္ နယ္စပ္ေဒသေတြကေန လူကုန္ကူးေတြနဲ႔ တရားမဝင္ ဝင္လာသူေတြကို တင္းတင္းၾကပ္ၾကပ္ စစ္ေဆးဖုိ႔နဲ႔ လံုျခံဳေရးတပ္ဖဲြေတြအေနနဲ႔ နယ္စပ္ေတြမွာပိုမုိကင္းလွည့္စစ္ေဆးမူေတြလုပ္ႀကဖို႔ ထိုင္းအစိုးရကျပည္နယ္အသိီးသီးကအုပ္ခ်ဳပ္ေရးမွဴးေတြကို ေဖေဖၚ၀ါရီလထဲက ညြန္ႀကားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

= = = = = = = = = = =

{{ UNICODE }}

အထောက်အထားမဲ့ မြန်မာတွေ မလေးရှားအသွား ထိုင်းနယ်စပ်မှာ အဖမ်းခံရ

မြန်မာနိုင်ငံရန်ကုန် မော်လမြိုင် ကရင်ပြည်နယ်မြဝတီကနေ လာကြတဲ့ မြန်မာနိုင်ငံသား၂၀ကျော်ဟာမဟာသင်္ကြန်ကာလမှာထိုင်းမြန်မာနယ်စပ်ကိုဖြတ်ကျော်ပြီး မလေးရှားနိုင်ငံကိုဝင်ရောက်ဖို့ကြိုးစားတဲ့အတွက်ထိုင်းမလေးရှားနယ်စပ်ဆုံခလာပြည်နယ်ထဲမှာ ဖမ်းဆီးခံခဲ့ရပါတယ် သင်္ကြန်ကာလမှာလုံခြုံရေးတွေအားနည်းနိုင်တယ်လို့ယူဆပြီး တရားမဝင်ဝင်ရောက်လာတဲ့မြန်မာတွေ ထိုင်းမြန်မာနယ်စပ်တွေမှာဖမ်းဆီးခံနေရပါတယ် ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာသတင်းပေးပို့ထားပါတယ် ။

ထိုင်းမြန်မာနယ်စပ် ပရာကျွတ်ခီရီကန် ပြည်နယ်ကနေတဆင့် မလေးရှားနိုင်ငံကိုသွားဖို့အတွက်ထိုင်းမလေးနယ်စပ် ဆုံခလာပြည်နယ်ထဲကိုရောက်ရှိနေတဲ့မြန်မာ၂၁ဦးကို သင်္ကြန်ကာလမှာ ဖမ်းမိခဲ့တာပါ ။သူတို့ဟာ မြန်မာနိုင်ငံရန်ကုန်မြို့ မွန်ပြည်နယ်မော်လမြိုင် ကရင်ပြည်နယ်မြဝတီမြို့ကနေလာရောက်ကြသူတွေဖြစ်ပြီးထိုင်းမြန်မာနယ်စပ်ကနေ ထိုင်းမလေးနယ်စပ်ကို ရောက်ပြီးမှအဖမ်းခံရတာဖြစ်ကြောင်းမြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမူ့ကော်မတီဥက္ကဌဦးမိုးကြိုးကအခုလိုပြောပါတယ်။

"ထိုင်းနဲ့မလေးရှားနယ်စပ် ဆုံခလာပြည်နယ်ထဲမှာဧပြီလ ၁၃ရက်နေ့က ရာတ်ထဖွတ် နယ်မြေအပိုင်ထဲမှာထိုင်းကားသမားတယောက်နဲ့ အတူတရားမဝင် မြန်မာ၂၁ယောက် ယောက်ကျားလေး၁၈ယောက်နဲ့မိန်းကလေး၃ယောက်အဖမ်းခံရတာဖြစ်ပါတယ် ဧပြီလ ၁၃ရက်နေ့ သင်္ကြန်အကြို့နေမှာဖြစ်တာပါ ဘယ်နယ်စပ်ကဝင်လာသလဲဆိုတော့ ထိုင်းနဲ့တနင်္သာရီနယ်စပ် ပရာကျွတ်ခီရီကန်ကိုအရင်ဝင်လာတယ် ပြီးတော့ အဲဒီကနေ တဆင့်မလေးရှားနိုင်ငံကိုဝင်ဖို့ကြိုးစားတာပါ ဒါကြောင့်ဆုံခလာပြည်နယ်မှာအဖမ်းခံရတာပါ။"

မလေးရှားနိုင်ငံကိုသွားဖို့အတွက်ပွဲစားကို ဘတ်ငွေ၄သောင်းထိပေးရမှာဖြစ်ပြီး လောလောဆယ်ဘတ်ငွေ၂သောင်းထိပေးပြီးပြီလို့ဆိုပါတယ်။ကျန်ငွေကိုတော့မလေးရှားနိုင်ငံကိုရောက်မှပေးရမယ်လို့ဆိုပါတယ်။သင်္ကြန်ကာလမှာလုံခြုံရေးတွေအားနည်းမယ်လို့ယူဆပြီးထိုင်းမြန်မာနယ်စပ်တွေကနေတရားမဝင်ဝင်ရောက်လာသူတွေနေစဉ်ရှိနေသလို ထိုင်းမြန်မာနယ်စပ်မဲဆောက်ဘက်မှာလည်းနေစဉ်မြန်မာဆယ်ဂဏန်းလောက်ဖမ်းဆီးခံရတယ်ဆိုပြီးဦးမိုးကြိုးကပြောပါတယ်။

" သင်္ကြန်ကာလမှာ နယ်စပ်ဒေသအသီးသီးမှာ ထိုင်းနိုင်ငံထဲကို တရားမဝင်ဝင်ရောက်လာသူ မဲဆောက်မှာတနေ့တနေ့ ၁၀ယောက်လောက်အဖမ်းခံရပါတယ် ။အစောင့်အကြပ်တွေကြားထဲက လွတ်မယ်ထင်ပြီးစွန့်စားပြီးဝင်လာတာကြောင့်ထိုင်းနယ်စပ်ကနေ တနေ့တနေ့ ၁၀ယောက်လောက်အဖမ်းခံရတယ်လို့ထိုင်းနယ်ခြားစောင့်တပ်ကသတင်းထုတ်ပြန်တာကိုကျနော်တို့သိရပါတယ်။"

ထိုင်းမြန်မာနယ်စပ်တွေကဝင်လာတဲ့ အထောက်အထားမြန်မာ၆၀၀ကျော်လောက်ဧပြီလဆန်းကနေ့ ဧပြီလ ၁၄ရက်နေ့ထိ အဖမ်းခံထားရပါတယ် ထိုင်းမြန်မာနယ်စပ်တွေကတဆင့် မြန်မာတွေအစုလိုက်အပြုံလိုက်ဝင်ရောက်နေတဲ့အတွက်ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ဖို့အတွက်အပါအဝင် နယ်စပ်ဒေသတွေကနေ လူကုန်ကူးတွေနဲ့ တရားမဝင် ဝင်လာသူတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးဖို့နဲ့ လုံခြုံရေးတပ်ဖွဲတွေအနေနဲ့ နယ်စပ်တွေမှာပိုမိုကင်းလှည့်စစ်ဆေးမူတွေလုပ်ကြဖို့ ထိုင်းအစိုးရကပြည်နယ်အသီးသီးကအုပ်ချုပ်ရေးမှူးတွေကို ဖေဖေါ်ဝါရီလထဲက ညွန်ကြားထားပါတယ်။

XS
SM
MD
LG