သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေႁမြေဟာက္ အပါအဝင္ တြားသြားသတၱဝါတခ်ိဳ႕ မ်ိဳးတုံးမယ့္ အႏၲရာယ္ႀကဳံ


Reptiles Global Extinctions

[[ ZAWGYI / UNICODE ]]

ေႁမြေဟာက္ အပါအဝင္ တြားသြားသတၱဝါတခ်ိဳ႕ မ်ိဳးတုံးမယ့္ အႏၲရာယ္ႀကဳံ

ေတာႀကီးေမြေဟာက္အပါအဝင္ တြားသြားသတၱဝါ ၅ မ်ိဳးမွာ တမ်ိဳးဟာ ေပ်ာက္ကြယ္ေတာ့မယ့္ အႏၲရယ္နဲ႔ ရင္ဆိုင္ေနရတယ္လို႔ ေထာင္ေပါင္းမ်ားစြာေသာ မ်ိဳးကြဲတြားသြားသတၱဝါေတြကို ေလ့လာၿပီး ဗုဒၶဟူးေန႔က ထုတ္ျပန္တဲ့ သဘာဝစာေစာင္ Journal of Nature မွာေဖၚျပထားပါတယ္။

တြားသြားသတၱဝါ မ်ိဳးကြဲေပါင္း (၁၁,၀၀၀)ေက်ာ္မွာ ၂၁ ရာခိုင္ႏႈန္းက မ်ိဳးတုန္းမယ့္ အႏၲရယ္နဲ႔ ရင္ဆိုင္ေနရတယ္လို႔ ေဖၚျပထားပါတယ္။ အဲဒီအထဲမွာ ေတာင္အာရွနဲ႔ အေရွ႕ေတာင္အာရွက ေႁမြေဟာက္အမ်ိဳးအစားေတြလည္း ပါဝင္တာပါ။

“ ဒီေလ့လာတင္ျပမႈဟာ က်ေနာ္တို႔အတြက္ အမ်ားႀကီး အက်ိဳးရွိပါတယ္။ ဘယ္ သတၱဝါေတြဟာ ကြယ္ေပ်ာက္ေတာ့မယ့္ အႏၲရယ္နဲ႔ႀကဳံေနရတယ္ဆိုတာ သိရွိရၿပီး၊ ဘယ္သတၱဝါေတြကို ကာကြယ္ဖို႔ လုပ္ေဆာင္ရမယ္ဆိုတာ သိရပါတယ္လို႔ အေမရိကန္ႏိုင္ငံ Duke တကၠသိုလ္က သဘာဝေဂဟပညာရွင္ Stuart Pimm ကေျပာဆိုပါတယ္။

တြားသြားသတၱဝါေတြကို ေလ့လာခဲ့တဲ့ စီမံခ်က္ကို ၂၀၀၅ ခုႏွစ္ ကတည္းက စတင္ခဲ့တာျဖစ္ၿပီး သိပၸံပညာရွင္ ၁၀၀၀ ေက်ာ္နဲ႔၊ ေတြ႕ရွိခ်က္ေတြကို ေရးသားသူ စာေရးဆရာ ၅၂ ဦး ပါဝင္ပါတယ္။

ေႁမြေဟာက္ေတြအျပင္ ပင္လယ္ကြၽန္းစုေတြမွာေနတဲ့ ပင္လယ္ဖြတ္ႀကီးေတြဟာလည္း မ်ိဳးတုန္းေတာ့မယ့္ အႏၲရယ္နဲ႔ ရင္ဆိုင္ေနရတဲ့အထဲမွာ ပါဝင္ပါတယ္။ ဒါ့အျပင္ ပင္လယ္ လိပ္မ်ိဳး ၆ ခုဟာလည္း မ်ိဳးတုန္းေတာ့မယ့္ အႏၲရယ္နဲ႔ ရင္ဆိုင္ေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

= = = = = = = =

{{ UNICODE }}

မြွေဟောက် အပါအဝင် တွားသွားသတ္တဝါတချို့ မျိုးတုံးမယ့် အန္တရာယ်ကြုံ

တောကြီးမွေဟောက်အပါအဝင် တွားသွားသတ္တဝါ ၅ မျိုးမှာ တမျိုးဟာ ပျောက်ကွယ်တော့မယ့် အန္တရယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ထောင်ပေါင်းများစွာသော မျိုးကွဲတွားသွားသတ္တဝါတွေကို လေ့လာပြီး ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ သဘာဝစာစောင် Journal of Nature မှာဖေါ်ပြထားပါတယ်။

တွားသွားသတ္တဝါ မျိုးကွဲပေါင်း (၁၁,၀၀၀)ကျော်မှာ ၂၁ ရာခိုင်နှုန်းက မျိုးတုန်းမယ့် အန္တရယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဖေါ်ပြထားပါတယ်။ အဲဒီအထဲမှာ တောင်အာရှနဲ့ အရှေ့တောင်အာရှက မြွေဟောက်အမျိုးအစားတွေလည်း ပါဝင်တာပါ။

“ ဒီလေ့လာတင်ပြမှုဟာ ကျနော်တို့အတွက် အများကြီး အကျိုးရှိပါတယ်။ ဘယ် သတ္တဝါတွေဟာ ကွယ်ပျောက်တော့မယ့် အန္တရယ်နဲ့ကြုံနေရတယ်ဆိုတာ သိရှိရပြီး၊ ဘယ်သတ္တဝါတွေကို ကာကွယ်ဖို့ လုပ်ဆောင်ရမယ်ဆိုတာ သိရပါတယ်လို့ အမေရိကန်နိုင်ငံ Duke တက္ကသိုလ်က သဘာဝဂေဟပညာရှင် Stuart Pimm ကပြောဆိုပါတယ်။

တွားသွားသတ္တဝါတွေကို လေ့လာခဲ့တဲ့ စီမံချက်ကို ၂၀၀၅ ခုနှစ် ကတည်းက စတင်ခဲ့တာဖြစ်ပြီး သိပ္ပံပညာရှင် ၁၀၀၀ ကျော်နဲ့၊ တွေ့ရှိချက်တွေကို ရေးသားသူ စာရေးဆရာ ၅၂ ဦး ပါဝင်ပါတယ်။

မြွေဟောက်တွေအပြင် ပင်လယ်ကျွန်းစုတွေမှာနေတဲ့ ပင်လယ်ဖွတ်ကြီးတွေဟာလည်း မျိုးတုန်းတော့မယ့် အန္တရယ်နဲ့ ရင်ဆိုင်နေရတဲ့အထဲမှာ ပါဝင်ပါတယ်။ ဒါ့အပြင် ပင်လယ် လိပ်မျိုး ၆ ခုဟာလည်း မျိုးတုန်းတော့မယ့် အန္တရယ်နဲ့ ရင်ဆိုင်နေရပါတယ်။

XS
SM
MD
LG