သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကိုဗစ္အတြက္ ေသာက္ေဆး


COVID Pill provided by Pfizer, Nov. 10, 2021

ကိုဗစ္အတြက္ ေသာက္ေဆး
please wait

No media source currently available

0:00 0:07:42 0:00
တိုက္႐ိုက္ လင့္ခ္

Zawgyi/Unicode

Zawgyi

ကိုဗစ္ ၁၉ ကပ္ေရာဂါ ျဖစ္ပြါးတာ ၂ ႏွစ္ ေက်ာ္လာခ်ိန္မွာ ဒီေရာဂါ အတြက္ ကုသေဆးေတြ ထုတ္လာႏိုင္ပါၿပီ။
ဒီလို ထုတ္ႏိုင္ေအာင္ ကၽြမ္းက်င္ပညာရွင္ေတြ ဘယ္လို လုပ္ေဆာင္တယ္ ဆိုတာကို ယူတားျပည္နယ္ နယ္လ္ဆင္ဓါတ္ခြဲခန္း ေဆးဝါးစစ္ေဆးေရးဌာနအႀကီးအကဲ ေဒၚခင္ဇာဝင္းျပည့္ကို ေမးျမန္းတင္ျပ ေပးမွာပါ။

ေမး။ ။"ကိုဗစ္ ၁၉ ေရာဂါပိုးဟာ လူေတြ ၾကားထဲမွာ ျပန္႔ႏွံ႕ေနၿပီးေတာ့ အခုဆို လူေတြက ကိုဗစ္ ၁၉ နဲ႔ အတူယွဥ္ တြဲၿပီးေတာ့ ေနထိုင္ႏိုင္တဲ့ အဆင့္ကို ေရာက္လာပါၿပီ။ ဒီလိုျဖစ္လာဖို႔အတြက္ သုေတသနပညာရွင္ေတြက အဆင့္ဆင့္ ေဆးေတြ ထုတ္ၾကပါတယ္။ ကာကြယ္ေဆးေတြကေန၊ ထိုးေဆးေတြ၊ အခုဆို ေသာက္ေဆးေတြလည္း ေပၚေနပါၿပီ။ ဒီအထဲကမွ ေဒၚခင္ဇာဝင္းျပည့္ကို ေသာက္ေဆးနဲ႔ ပတ္သက္ၿပီးေမးပါရေစ။ ေသာက္ေဆးကို ထုတ္ဖို႔လို႔ သုေတသန ပညာရွင္ေတြ စဥ္းစားတဲ့အခါ ဘာကို အဓိကထား စဥ္းစားသလဲ ပထမေျပာျပေပးပါ။

ေဒၚခင္ဇာဝင္းျပည့္။ ။"ဟုတ္ကဲ ဒီဗိုင္းရပ္စ္ေတြ၊ ကိုဗစ္မွ မဟုတ္ဖူး ဘယ္ဗိုင္းရပ္စ္ကို မဆို အဓိကပစ္မွတ္ထား ဖို႔ စဥ္းစားတယ္ဆို နံပါတ္ ၁ အေရးႀကီးတာက ဒီဗိုင္းရပ္စ္ကို ရည္ရြယ္ၿပီး ပစ္မွတ္ ထားတာက လူကို ဘယ္ေလာက္ အထိ ထိခိုက္ေစႏိုင္သလဲ။ ဒါက ပထမအေရးႀကီးတဲ့ဟာ ေပါ့ေနာ္။ ဒီလို လုပ္တဲ့ အခါမွာ ဗိုင္းရပ္စ္မွာ ရွိတဲ့ ပ႐ိုတိန္းေတြကို ပထမဆံုး ဖယ္ထုတ္ရတယ္။ လူထဲမွာပါ သြားၿပီး တူတယ္ ဆိုရင္ တူတဲ့ဟာကို သူတို႔က ပစ္မွတ္ မထားဘူးေပါ့္။ အဲဒီေတာ့ လူထဲမွာ မပါဘူး။ ဗိုင္းရပ္စ္မွာပဲ ရွိတယ္ ဆိုတဲ့ ဥစၥာကို သူတို႔က ပစ္မွတ္ထားတယ္။ အဲဒီကေန သြားတဲ့ နည္းလမ္းပါ။
အဲဒီကေန ေနာက္တဆင့္ ဘယ္လို သြားသလဲ ဆိုေတာ့ ဗိုင္းရပ္စ္မွာပဲ ရွိတာေတာ့ ဟုတ္တယ္။ ဒါေပမယ့္ ဒီ့အျပင္မွာ ဗိုင္းရပ္စ္ကို သူက ဘယ္လိုမ်ိဳး အေျခေနမ်ိဳးမွာ - ဥပမာ မ်ိဳးပြါးေပးမွာကို ရပ္တံ့ေပးမွာလား၊ ဒါမွမဟုတ္ သူတို႔က ဗိုင္းရပ္စ္ရဲ႕ ဖြဲ႔စည္းပံု ကို ရပ္တံ့ေပးမွာလား။ ဗိုုင္းရပ္စ္ရဲ႕ မ်ိဳးဗီဇကို ထိခိုက္ေစမွာလား။ ဘယ္လိုမ်ိဳးနည္းလမ္းနဲ႔ လုပ္မွာလည္း။ သူတို႔က ဆက္စဥ္းစားတယ္။
ေမး။ ။"ဟုတ္ကဲ့ ဒီလိုမ်ိဳး သုေတသနပညာရွင္ေတြ တီထြင္ၿပီးသား ေသာက္ေဆးနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္ႏွစ္မ်ိဳးေလာက္ အဓိက ရွိပါလဲ ေျပာျပေပးပါ။"

ေဒၚခင္ဇာဝင္းျပည့္။ ။ "ကိုဗစ္နဲ႔ ပတ္သက္ၿပီးေတာ့ ေသာက္ေဆးဆိုရင္ အခု ေလာေလာဆယ္ အေရးေပၚ အသံုးျပဳခြင့္ က်ထားတာေတြကေတာ့ ၂ မ်ိဳးပဲ ရွိေသးတယ္။ က်န္တဲ့ဟာေတြ Clinical trial လူနဲ႔စမ္းသပ္ေနဆဲဟာေတြ ကေတာ့ ၆ မ်ိဳး - ၇ မ်ိဳးေလာက္ေတာ့ ရွိတယ္။ အခု ေလာလောဆယ္မွာ အေရးေပၚ အသံုးျပဳခြင့္ က်ထားတာကေတာ့ ၂ မ်ိဳးရွိတယ္။ Merck ဘက္ က Molnupiravia နဲ႔ Pfizer ဘက္က Paxlovir - Paxlovid ဆိုတာရယ္။

ေမး။ ။"ပထမေတာ့ Pfizer က ထုတ္တဲ့ ေဆးနဲ႔ ပတ္သက္ၿပီး ေျပာျပေပးပါ။ သူက ထိေရာက္မႈ ဘယ္ေလာက္ရွိလဲ။ ေနာက္ ေစာေစာက ေျပာတဲ့ ပစ္မွတ္ထားလုပ္တယ္ ဆိုေတာ့ ဒီေဆးထုတ္ႏိုင္ဖို႔ အတြက္ ဘာေတြ လုပ္တယ္ ဆိုတာေျပာျပေပးပါ။ "

ေဒၚခင္ဇာဝင္းျပည့္။ ။ " paxlovir က သူ႔ရဲ႕ ေဆးနံမယ္ေပါ့ေနာ္။ paxlovid ကေတာ့ ေစ်းကြက္ထဲ ဝင္တဲ့ နံမယ္ေပါ့။ ရာခိုင္ႏႈန္းနဲ႔ ေျပာမယ္ ဆိုရင္ paxlovid က သူက ထိေရာက္မႈ ၈၉ ရာခိုင္ႏႈန္းရွိတယ္။ ဆိုလိုခ်င္တာက ဒီ ကိုဗစ္ေရာဂါ ရၿပီးတဲ့ သူက ဒီေဆးကို ေသာက္မယ္ ဆိုရင္ ၈၉ % ေသာ လူေတြက အေရးေပၚ အေျခေနကို မေရာက္ေတာ့ဘူး။ ေဆးရံုမေရာက္ဘူး။ မေသဘူးေပါ့။
ဒီလို ၈၉ % ထိေရာက္မႈရွိေအာင္ ဘယ္လို ပစ္မွတ္ထား လုပ္သလဲ ဆိုေတာ့- တကယ္လို႔ ဗိုင္းရပ္စ္က ဒီလို ရွိရင္ ဗိုင္းရပ္စ္က ဆဲလ္ ထဲကို ဝင္တယ္။ အဲဒီလို ဝင္ၿပီးရင္ သူက အတြြင္း ထဲေရာက္ေတာ့မွ သူ႔ရဲ႕မ်ိဳးဗီဇကို ဖြင့္ထုတ္တယ္။အဲဒီလိုဖြင့္ထုတ္တဲ့ အခါ ၾကက္ေမာက္သီးေလးထဲက အခြံ ခြါလိုက္သလို သူ႔ရဲ႕ မ်ိဳးဗီဇထဲက ထြက္လာတယ္။ အဲဒီ မ်ိဳးဗီဇ ေရာက္သြားၿပီဆိုရင္ က်မတို႔ကေတာ့ gnome RNA လို႔ ေခၚတာေပါ့။ အဲဒါက မ်ိဳးဗီဇ RNA ။ အဲဒီ RNA အဆင့္ ေရာက္သြားၿပီ ဆိုရင္ သူက ၂ မ်ိဳးကြဲတယ္။ အဲဒီ ကိုဗစ္မွာ ဆိုရင္။ ဘယ္လို သြားသလဲ ဆိုေတာ့ သူက RNA အဆင့္က ေနၿပီးေတာ့ ဒီ RNA တခု ရွိတယ္ ဆိုရင္ ဒီ RNA ကို အသံုးျပဳၿပီးေတာ့ ပ႐ိုတိန္းေတြ ထုတ္မလား၊ ဒီ RNA ကို အသံုးျပဳၿပီးေတာ့ တျခား RNA ထပ္ပြါးမလား ဆိုတာ ၂ မ်ိဳးရွိတယ္ေပါ့။
အဲဒီေတာ့ ဒီ RNA ကို အသံုးျပဳၿပီးေတာ့ ပ႐ိုတိန္းကို သြားမယ္ ဆိုရင္ ဒီပ႐ိုတိန္းက ထြက္လာၿပီးေတာ့ ဗိုင္းရပ္စ္ အသစ္တခု ျပန္ၿပီးေတာ့ ရတယ္ေလ။ တကယ္လို႔ RNA ကို အသံုးျပဳၿပီးေတာ့ ေနာက္ RNA တခုပြါးမယ္ ဆိုရင္ သူက ဒီ တျခား ခုန ပြါးထားတဲ့ ပ႐ိုတိန္းေတြ ထဲကို ဒီ RNA က သြားၿပီးေတာ့ ဗိုင္းရပ္စ္ အသစ္ တခုကို သူက ရတယ္။
ခုန ေျပ ာတဲ့ ဒီ paxlovid က သူက ဘာကို ပစ္မွတ္ထား သလဲ ဆိုရင္ ဒီ RNA ကေနၿပီးေတာ့ ပ႐ိုတိန္းကို သြြားတဲ့ဟာ။ သူက ပ႐ိုတိန္း အခ်င္းခ်င္း ေလးေတြကို ခြဲေပးတဲ့ အင္ဇိုင္း တခုရွိတယ္။ အဲဒီ အင္ဇိုင္းကို သူက ပိတ္တယ္။ အဲဒီလို ပိတ္လိုက္တဲ့ အခါ က်ေတာ့ - တျခားဟာေတြ ဘာပဲ ျဖစ္ေန ျဖစ္ေန ဒီဘက္မွာ သူက ဗိုင္းရပ္စ္ အသစ္ကို လုပ္ဖို႔ အတြက္ကို ပ႐ိုတိန္း မရွိေတာ့ဘူး။ အဲဒီလို လုပ္ဖို႔ ပ႐ိုတိန္း မရွိတဲ့ အတြက္ ဒီဗိုင္းရပ္စ္က ဒီေနရာမွာပဲ ၿပီး သြားတယ္။

ေမး။ ။" ဒါက Pfizer အတြက္ေပ့ါေနာ္။ ေနာက္ Merck ကုမၸဏီက ထုတ္တဲ့ ေဆး က်ေတာ့ေရာ။"

ေဒၚခင္ဇာဝင္းျပည့္" Merck ကုမၸဏီက ထုတ္တဲ့ဟာကေတာ့ Pfizer ထက္ေတာ့ ေပါတယ္။ ဒါေပမယ့္ သူက အခုမွ EOA ခြင့္ျပဳခ်က္ က်တယ္။ သူက တျခားဗိုင္းရပ္စ္ အတြက္ ကို ႀကိဳထုတ္ထားၿပီး အခုအဲဒါကို ဒီဟာ အတြက္ သံုးလို႔ ရသလား ဆိုၿပီး တင္ထားတာ။ သူက ကိုဗစ္မွာ ဆိုရင္ SARS CoV 2 ဗိုင္းရပ္စ္ကို သူက ထိေရာက္မႈ ဘယ္ေလာက္ရွိသလဲဆို ၆၅ % ေလာက္ေတာ့ သူက ေဆးရံုတက္ရတာကို ကာကြယ္ေပးတယ္။ ျဖစ္တဲ့လူေတြ ဒါကို ေသာက္ရင္ ၆၅ ရာခိုင္ႏႈန္းေသာ ေဆးေသာက္သံုးတဲ့ သူေတြက ေရာဂါ အျပင္းအထန္ မျဖစ္ဘူး။ ေဆးရံုတက္ၿပီး မရႈႏိုင္ မကယ္ႏိုင္သိပ္မျဖစ္ဖူးေပါ့ေနာ္။
သူကက်ေတာ့ ဘယ္လိုမ်ိဳး အလုပ္လုပ္သလဲ ဆိုေတာ့ ခုနေျပာတဲ့ထဲက ဒီ RNA ေပါ့။ ဗိုင္းရပ္စ္က ဝင္တယ္။ သူက RNA ျဖစ္သြားတယ္။ RNA သူျဖစ္သြားတဲ့ အခ်ိန္မွာ Pfizer ဆိုရင္ သူက ပ႐ိုတိန္းဘက္ကို သြားတယ္။ Merck ကုမၸဏီက ထုတ္တဲ့ ဟာကက်ေတာ့ သူက RNA ကေန RNA အသစ္ထုတ္ေပးတဲ့ဘက္မွာ သူက ေျပာင္းေပးတဲ့ အင္ဇိုင္းရွိတယ္။ RNA ကေနၿပီးေတာ့ ပြါးေပးတဲ့ အင္ဇိုင္းေပါ့ေနာ္။ အဲဲဒီ ပြါးေပးတဲ့ အင္ဇိုင္းကို သူကေန ၿပီးေတာ့ ပစ္မွတ္ထားၿပီးေတာ့ ပိတ္လိုက္တယ္။ ပိတ္လိုက္တဲ့ အခါက်ေတာ့ တျခား ဆဲလ္ ထဲမွာ ဘာပဲ ျဖစ္ေနျဖစ္ေန၊ ဒီဘက္ RNA ကေန RNA ကို မကူး ႏိုင္ေတာ့တဲ့ အတြက္ ေၾကာင့္မို႔လို႔ ဗိုင္းရပ္စ္က အဲဒီေနရာမွာ ေသသြားတယ္။

ေမး။ ။"ကိုဗစ္ ၁၉ အတြက္ ေသာက္ေဆးေတြကလည္း ေပၚေနၿပီေပါ့ေနာ္၊ ဒီေရာဂါ ျဖစ္ရင္ ကုသဖို႔။ အခုလို ေသာက္ေဆးရွိေနၿ႔ပီ ဆိုေတာ့ ကာကြယ္ေဆးေတြ ကေရာ၊ ဆက္ၿပီးေတာ့ ထိုးဖို႔ လိုေသးသလား။
ေဒၚခင္ဇာဝင္းျပည့္။ ။"လိုပါတယ္။ ကာကြယ္ေဆးကို ေဆးပတ္ျပည့္ေအာင္ course ျပည့္ေအာင္ ထိုးၿပီးသြားၿပီ ဆိုရင္။ ေဆးပတ္လည္ သြားၿပီဆိုရင္ ေနာက္ထပ္ အားျဖည့္ တဲ့ booster ထပ္မထိုးပဲ ေသာက္ေဆးကိုပဲ ေဆာင္ထားလို႔ ရမလားလို႔ သိခ်င္ၾကပါတယ္။ ေသာက္ေဆးက ျဖစ္မွသာ ေသာက္တာက ပိုအေဆင္ေျပပါတယ္။ ဘာလို႔လည္း ဆိုေတာ့ ကိုယ္က ဘယ္ေလာက္အထိ ခံႏိုင္သလဲ၊ မခံႏိုင္ဘူးလည္း ဆိုတာ ေျပာလို႔ မရဘူးေလ။ ဆိုေတာ့ အားျဖည့္ေဆးကေတာ့ ထိုးသင့္ပါတယ္။ မျဖစ္ေသးပဲနဲ႔ ေဆးကို ႀကိဳၿပီးေတာ့ ေသာက္ထားမယ္ ဆိုမ်ိဳး လုပ္လို႔ မရဘူး။ အဲဒီလို လုပ္မယ့္အစား ကာကြယ္ေဆးကိုပဲ ထိုးသင့္ပါတယ္။
ေဒၚခင္ဇာ ဝင္းျပည့္ပါ။

(Unicode)

ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်ပွါးတာ ၂ နှစ် ကျော်လာချိန်မှာ ဒီရောဂါ အတွက် ကုသဆေးတွေ ထုတ်လာနိုင်ပါပြီ။
ဒီလို ထုတ်နိုင်အောင် ကျွမ်းကျင်ပညာရှင်တွေ ဘယ်လို လုပ်ဆောင်တယ် ဆိုတာကို ယူတားပြည်နယ် နယ်လ်ဆင်ဓါတ်ခွဲခန်း ဆေးဝါးစစ်ဆေးရေးဌာနအကြီးအကဲ ဒေါ်ခင်ဇာဝင်းပြည့်ကို မေးမြန်းတင်ပြ ပေးမှာပါ။

မေး။ ။"ကိုဗစ် ၁၉ ရောဂါပိုးဟာ လူတွေ ကြားထဲမှာ ပြန့်နှံ့နေပြီးတော့ အခုဆို လူတွေက ကိုဗစ် ၁၉ နဲ့ အတူယှဉ် တွဲပြီးတော့ နေထိုင်နိုင်တဲ့ အဆင့်ကို ရောက်လာပါပြီ။ ဒီလိုဖြစ်လာဖို့အတွက် သုတေသနပညာရှင်တွေက အဆင့်ဆင့် ဆေးတွေ ထုတ်ကြပါတယ်။ ကာကွယ်ဆေးတွေကနေ၊ ထိုးဆေးတွေ၊ အခုဆို သောက်ဆေးတွေလည်း ပေါ်နေပါပြီ။ ဒီအထဲကမှ ဒေါ်ခင်ဇာဝင်းပြည့်ကို သောက်ဆေးနဲ့ ပတ်သက်ပြီးမေးပါရစေ။ သောက်ဆေးကို ထုတ်ဖို့လို့ သုတေသန ပညာရှင်တွေ စဉ်းစားတဲ့အခါ ဘာကို အဓိကထား စဉ်းစားသလဲ ပထမပြောပြပေးပါ။

ဒေါ်ခင်ဇာဝင်းပြည့်။ ။"ဟုတ်ကဲ ဒီဗိုင်းရပ်စ်တွေ၊ ကိုဗစ်မှ မဟုတ်ဖူး ဘယ်ဗိုင်းရပ်စ်ကို မဆို အဓိကပစ်မှတ်ထား ဖို့ စဉ်းစားတယ်ဆို နံပါတ် ၁ အရေးကြီးတာက ဒီဗိုင်းရပ်စ်ကို ရည်ရွယ်ပြီး ပစ်မှတ် ထားတာက လူကို ဘယ်လောက် အထိ ထိခိုက်စေနိုင်သလဲ။ ဒါက ပထမအရေးကြီးတဲ့ဟာ ပေါ့နော်။ ဒီလို လုပ်တဲ့ အခါမှာ ဗိုင်းရပ်စ်မှာ ရှိတဲ့ ပရိုတိန်းတွေကို ပထမဆုံး ဖယ်ထုတ်ရတယ်။ လူထဲမှာပါ သွားပြီး တူတယ် ဆိုရင် တူတဲ့ဟာကို သူတို့က ပစ်မှတ် မထားဘူးပေါ့်။ အဲဒီတော့ လူထဲမှာ မပါဘူး။ ဗိုင်းရပ်စ်မှာပဲ ရှိတယ် ဆိုတဲ့ ဥစ္စာကို သူတို့က ပစ်မှတ်ထားတယ်။ အဲဒီကနေ သွားတဲ့ နည်းလမ်းပါ။
အဲဒီကနေ နောက်တဆင့် ဘယ်လို သွားသလဲ ဆိုတော့ ဗိုင်းရပ်စ်မှာပဲ ရှိတာတော့ ဟုတ်တယ်။ ဒါပေမယ့် ဒီ့အပြင်မှာ ဗိုင်းရပ်စ်ကို သူက ဘယ်လိုမျိုး အခြေနေမျိုးမှာ - ဥပမာ မျိုးပွါးပေးမှာကို ရပ်တံ့ပေးမှာလား၊ ဒါမှမဟုတ် သူတို့က ဗိုင်းရပ်စ်ရဲ့ ဖွဲ့စည်းပုံ ကို ရပ်တံ့ပေးမှာလား။ ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇကို ထိခိုက်စေမှာလား။ ဘယ်လိုမျိုးနည်းလမ်းနဲ့ လုပ်မှာလည်း။ သူတို့က ဆက်စဉ်းစားတယ်။
မေး။ ။"ဟုတ်ကဲ့ ဒီလိုမျိုး သုတေသနပညာရှင်တွေ တီထွင်ပြီးသား သောက်ဆေးနဲ့ ပတ်သက်ပြီးတော့ ဘယ်နှစ်မျိုးလောက် အဓိက ရှိပါလဲ ပြောပြပေးပါ။"

ဒေါ်ခင်ဇာဝင်းပြည့်။ ။ "ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ သောက်ဆေးဆိုရင် အခု လောလောဆယ် အရေးပေါ် အသုံးပြုခွင့် ကျထားတာတွေကတော့ ၂ မျိုးပဲ ရှိသေးတယ်။ ကျန်တဲ့ဟာတွေ Clinical trial လူနဲ့စမ်းသပ်နေဆဲဟာတွေ ကတော့ ၆ မျိုး - ၇ မျိုးလောက်တော့ ရှိတယ်။ အခု လောလောဆယ်မှာ အရေးပေါ် အသုံးပြုခွင့် ကျထားတာကတော့ ၂ မျိုးရှိတယ်။ Merck ဘက် က Molnupiravia နဲ့ Pfizer ဘက်က Paxlovir - Paxlovid ဆိုတာရယ်။

မေး။ ။"ပထမတော့ Pfizer က ထုတ်တဲ့ ဆေးနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။ သူက ထိရောက်မှု ဘယ်လောက်ရှိလဲ။ နောက် စောစောက ပြောတဲ့ ပစ်မှတ်ထားလုပ်တယ် ဆိုတော့ ဒီဆေးထုတ်နိုင်ဖို့ အတွက် ဘာတွေ လုပ်တယ် ဆိုတာပြောပြပေးပါ။ "

ဒေါ်ခင်ဇာဝင်းပြည့်။ ။ " paxlovir က သူ့ရဲ့ ဆေးနံမယ်ပေါ့နော်။ paxlovid ကတော့ ဈေးကွက်ထဲ ဝင်တဲ့ နံမယ်ပေါ့။ ရာခိုင်နှုန်းနဲ့ ပြောမယ် ဆိုရင် paxlovid က သူက ထိရောက်မှု ၈၉ ရာခိုင်နှုန်းရှိတယ်။ ဆိုလိုချင်တာက ဒီ ကိုဗစ်ရောဂါ ရပြီးတဲ့ သူက ဒီဆေးကို သောက်မယ် ဆိုရင် ၈၉ % သော လူတွေက အရေးပေါ် အခြေနေကို မရောက်တော့ဘူး။ ဆေးရုံမရောက်ဘူး။ မသေဘူးပေါ့။
ဒီလို ၈၉ % ထိရောက်မှုရှိအောင် ဘယ်လို ပစ်မှတ်ထား လုပ်သလဲ ဆိုတော့- တကယ်လို့ ဗိုင်းရပ်စ်က ဒီလို ရှိရင် ဗိုင်းရပ်စ်က ဆဲလ် ထဲကို ဝင်တယ်။ အဲဒီလို ဝင်ပြီးရင် သူက အတွင်း ထဲရောက်တော့မှ သူ့ရဲ့မျိုးဗီဇကို ဖွင့်ထုတ်တယ်။အဲဒီလိုဖွင့်ထုတ်တဲ့ အခါ ကြက်မောက်သီးလေးထဲက အခွံ ခွါလိုက်သလို သူ့ရဲ့ မျိုးဗီဇထဲက ထွက်လာတယ်။ အဲဒီ မျိုးဗီဇ ရောက်သွားပြီဆိုရင် ကျမတို့ကတော့ gnome RNA လို့ ခေါ်တာပေါ့။ အဲဒါက မျိုးဗီဇ RNA ။ အဲဒီ RNA အဆင့် ရောက်သွားပြီ ဆိုရင် သူက ၂ မျိုးကွဲတယ်။ အဲဒီ ကိုဗစ်မှာ ဆိုရင်။ ဘယ်လို သွားသလဲ ဆိုတော့ သူက RNA အဆင့်က နေပြီးတော့ ဒီ RNA တခု ရှိတယ် ဆိုရင် ဒီ RNA ကို အသုံးပြုပြီးတော့ ပရိုတိန်းတွေ ထုတ်မလား၊ ဒီ RNA ကို အသုံးပြုပြီးတော့ တခြား RNA ထပ်ပွါးမလား ဆိုတာ ၂ မျိုးရှိတယ်ပေါ့။
အဲဒီတော့ ဒီ RNA ကို အသုံးပြုပြီးတော့ ပရိုတိန်းကို သွားမယ် ဆိုရင် ဒီပရိုတိန်းက ထွက်လာပြီးတော့ ဗိုင်းရပ်စ် အသစ်တခု ပြန်ပြီးတော့ ရတယ်လေ။ တကယ်လို့ RNA ကို အသုံးပြုပြီးတော့ နောက် RNA တခုပွါးမယ် ဆိုရင် သူက ဒီ တခြား ခုန ပွါးထားတဲ့ ပရိုတိန်းတွေ ထဲကို ဒီ RNA က သွားပြီးတော့ ဗိုင်းရပ်စ် အသစ် တခုကို သူက ရတယ်။
ခုန ပြေ ာတဲ့ ဒီ paxlovid က သူက ဘာကို ပစ်မှတ်ထား သလဲ ဆိုရင် ဒီ RNA ကနေပြီးတော့ ပရိုတိန်းကို သွားတဲ့ဟာ။ သူက ပရိုတိန်း အချင်းချင်း လေးတွေကို ခွဲပေးတဲ့ အင်ဇိုင်း တခုရှိတယ်။ အဲဒီ အင်ဇိုင်းကို သူက ပိတ်တယ်။ အဲဒီလို ပိတ်လိုက်တဲ့ အခါ ကျတော့ - တခြားဟာတွေ ဘာပဲ ဖြစ်နေ ဖြစ်နေ ဒီဘက်မှာ သူက ဗိုင်းရပ်စ် အသစ်ကို လုပ်ဖို့ အတွက်ကို ပရိုတိန်း မရှိတော့ဘူး။ အဲဒီလို လုပ်ဖို့ ပရိုတိန်း မရှိတဲ့ အတွက် ဒီဗိုင်းရပ်စ်က ဒီနေရာမှာပဲ ပြီး သွားတယ်။

မေး။ ။" ဒါက Pfizer အတွက်ပေ့ါနော်။ နောက် Merck ကုမ္ပဏီက ထုတ်တဲ့ ဆေး ကျတော့ရော။"

ဒေါ်ခင်ဇာဝင်းပြည့်" Merck ကုမ္ပဏီက ထုတ်တဲ့ဟာကတော့ Pfizer ထက်တော့ ပေါတယ်။ ဒါပေမယ့် သူက အခုမှ EOA ခွင့်ပြုချက် ကျတယ်။ သူက တခြားဗိုင်းရပ်စ် အတွက် ကို ကြိုထုတ်ထားပြီး အခုအဲဒါကို ဒီဟာ အတွက် သုံးလို့ ရသလား ဆိုပြီး တင်ထားတာ။ သူက ကိုဗစ်မှာ ဆိုရင် SARS CoV 2 ဗိုင်းရပ်စ်ကို သူက ထိရောက်မှု ဘယ်လောက်ရှိသလဲဆို ၆၅ % လောက်တော့ သူက ဆေးရုံတက်ရတာကို ကာကွယ်ပေးတယ်။ ဖြစ်တဲ့လူတွေ ဒါကို သောက်ရင် ၆၅ ရာခိုင်နှုန်းသော ဆေးသောက်သုံးတဲ့ သူတွေက ရောဂါ အပြင်းအထန် မဖြစ်ဘူး။ ဆေးရုံတက်ပြီး မရှုနိုင် မကယ်နိုင်သိပ်မဖြစ်ဖူးပေါ့နော်။
သူကကျတော့ ဘယ်လိုမျိုး အလုပ်လုပ်သလဲ ဆိုတော့ ခုနပြောတဲ့ထဲက ဒီ RNA ပေါ့။ ဗိုင်းရပ်စ်က ဝင်တယ်။ သူက RNA ဖြစ်သွားတယ်။ RNA သူဖြစ်သွားတဲ့ အချိန်မှာ Pfizer ဆိုရင် သူက ပရိုတိန်းဘက်ကို သွားတယ်။ Merck ကုမ္ပဏီက ထုတ်တဲ့ ဟာကကျတော့ သူက RNA ကနေ RNA အသစ်ထုတ်ပေးတဲ့ဘက်မှာ သူက ပြောင်းပေးတဲ့ အင်ဇိုင်းရှိတယ်။ RNA ကနေပြီးတော့ ပွါးပေးတဲ့ အင်ဇိုင်းပေါ့နော်။ အဲဒီ ပွါးပေးတဲ့ အင်ဇိုင်းကို သူကနေ ပြီးတော့ ပစ်မှတ်ထားပြီးတော့ ပိတ်လိုက်တယ်။ ပိတ်လိုက်တဲ့ အခါကျတော့ တခြား ဆဲလ် ထဲမှာ ဘာပဲ ဖြစ်နေဖြစ်နေ၊ ဒီဘက် RNA ကနေ RNA ကို မကူး နိုင်တော့တဲ့ အတွက် ကြောင့်မို့လို့ ဗိုင်းရပ်စ်က အဲဒီနေရာမှာ သေသွားတယ်။

မေး။ ။"ကိုဗစ် ၁၉ အတွက် သောက်ဆေးတွေကလည်း ပေါ်နေပြီပေါ့နော်၊ ဒီရောဂါ ဖြစ်ရင် ကုသဖို့။ အခုလို သောက်ဆေးရှိနြေ့ပီ ဆိုတော့ ကာကွယ်ဆေးတွေ ကရော၊ ဆက်ပြီးတော့ ထိုးဖို့ လိုသေးသလား။
ဒေါ်ခင်ဇာဝင်းပြည့်။ ။"လိုပါတယ်။ ကာကွယ်ဆေးကို ဆေးပတ်ပြည့်အောင် course ပြည့်အောင် ထိုးပြီးသွားပြီ ဆိုရင်။ ဆေးပတ်လည် သွားပြီဆိုရင် နောက်ထပ် အားဖြည့် တဲ့ booster ထပ်မထိုးပဲ သောက်ဆေးကိုပဲ ဆောင်ထားလို့ ရမလားလို့ သိချင်ကြပါတယ်။ သောက်ဆေးက ဖြစ်မှသာ သောက်တာက ပိုအဆေင်ပြေပါတယ်။ ဘာလို့လည်း ဆိုတော့ ကိုယ်က ဘယ်လောက်အထိ ခံနိုင်သလဲ၊ မခံနိုင်ဘူးလည်း ဆိုတာ ပြောလို့ မရဘူးလေ။ ဆိုတော့ အားဖြည့်ဆေးကတော့ ထိုးသင့်ပါတယ်။ မဖြစ်သေးပဲနဲ့ ဆေးကို ကြိုပြီးတော့ သောက်ထားမယ် ဆိုမျိုး လုပ်လို့ မရဘူး။ အဲဒီလို လုပ်မယ့်အစား ကာကွယ်ဆေးကိုပဲ ထိုးသင့်ပါတယ်။
ဒေါ်ခင်ဇာ ဝင်းပြည့်ပါ။

XS
SM
MD
LG