သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒိန်းမတ် သံဝန်ထမ်းတချို့ကို ရုရှားက နှင်ထုတ်


မော်စကိုမြို့က ဒိန်းမတ် သံရုံး။
မော်စကိုမြို့က ဒိန်းမတ် သံရုံး။

[[ ZAWGYI / UNICODE ]]

ဒိန်းမတ် သံဝန်ထမ်းတချို့ကို ရုရှားက နှင်ထုတ်

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့က ရုရှားသံရုံး ဝန်ထမ်းတွေ လွန်ခဲ့တဲ့ ၁ လလောက်က နှင်ထုတ်ခံခဲ့ရတာကို လက်တုံ့ပြန်တဲ့ အနေနဲ့ မော်စကိုမြို့တော်မှာရှိတဲ့ ဒိန်းမတ်သံရုံးက ဝန်ထမ်း ၇ ယောက်ကို နှင်ထုတ်လိုက်ကြောင်း ရုရှားက ကြေညာလိုက်ပါတယ်။ နှင်ထုတ်ခံရသူတွေ သီတင်း ၂ ပတ်အတွင်း ထွက်ခွာရမှာ ဖြစ်ကြောင်းလည်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြာသပတေးနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။

ထောက်လှမ်းရေး လုပ်ငန်းတွေ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကိုပင်ဟေဂင်မြို့က ရုရှားသံရုံးဝန်ထမ်း ၁၅ ယောက်ကို ဒိန်းမတ်နိုင်ငံက နှင်ထုတ်ခဲ့တဲ့ ၁ လပြည့်နေ့မှာပဲ ရုရှားက ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။ ဒိန်းမတ်မြေပေါ်မှာ ရုရှားထောက်လှမ်းရေးတွေ သူလျှိုလုပ်တာ လက်မခံနိုင်ကြောင်း ရှင်းရှင်းလင်းလင်း သိစေချင်လို့ လုပ်ခဲ့တာလို့လည်း ရုရှားသံဝန်ထမ်းတွေကို နှင်ထုတ်ချိန်မှာ ဒိန်းမတ်နိုင်ငံက ပြောဆိုထားတာပါ။

ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဒိန်းမတ်သံရုံးက သံတမန်တဦးကို ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ထားကြောင်း ဖော်ပြထားပါတယ်။ ဒိန်းမတ်နိုင်ငံရဲ့ မိတ်ဆွေမဆန်တဲ့ လုပ်ရပ်တွေကို ရုရှားနိုင်ငံက ဆက်လက် တုံ့ပြန်ဖို့ အခွင့်အရေးရှိကြောင်းနဲ့ ဒါကိုလည်း ဒိန်းမတ်နိုင်ငံကို အသိပေးသွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ယူကရိန်းဖက်က ရန်စတာမရှိဘဲ ရုရှားက ကျုးကျော်တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့ အနေနဲ့ ဥရောပနဲ့ အနောက်မဟာမိတ်နိုင်ငံ အများအပြားက ရုရှားသံတမန်တွေနဲ့ ဝန်ထမ်းတွေကို နှင်ထုတ်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

====================

{{ UNICODE }}






XS
SM
MD
LG