သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

MOGE ကိုပိတ္ဆို႔ဖို႔ သမၼတဘိုင္ဒင္ကို အရပ္ဘက္အဖြဲ႕ေတြေတာင္းဆို


ေက်ာက္ျဖဴ ေရနက္ဆိပ္ကမ္း

[[ ZAWGYI / UNICODE ]]

MOGE ကိုပိတ္ဆို႔ဖို႔ သမၼတဘိုင္ဒင္ကို အရပ္ဘက္အဖြဲ႕ေတြေတာင္းဆို

စစ္ေကာင္စီကို ေငြရွာေပးေနတဲ့ ျမန႔္မာ့ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ ထုတ္လုပ္ေရးလုပ္ငန္း MOGE ကို စီးပြားေရးပိတ္ဆို႔ေပးဖို႔ ျမန္မာအေရးတတ္ႂကြလႈပ္ရွားသူေတြနဲ႔ အရပ္ဘက္အဖြဲ႕တခ်ိဳ႕က သမၼတ Joe Biden ကို ေတာင္းဆိုပါတယ္။ ဝါရွင္တန္ဒီစီမွာ ၂ရက္ၾကာက်င္းပေနတဲ့ အာဆီယံ- အေမရိကန္ ထိပ္သီးေတြ႕ဆုံပြဲမွာ ျမန္မာ့အေရးကိစၥကိုပါ အေလးထားၿပီး ထည့္သြင္းေဆြးေႏြးဖို႔၊ စစ္ေကာင္စီကို စီးပြားေရးဒဏ္ခတ္ အေရးယူတာေတြထပ္လုပ္ဖို႔အတြက္ ရည္႐ြယ္ လုပ္ေဆာင္တာလို႔ ဦးေဆာင္လႈပ္ရွားေနတဲ့ Blood Money အဖြဲ႕က ေျပာပါတယ္။ ဗြီအိုေအ သတင္းေထာက္က ေပးပို႔ထားပါတယ္။

ျမန္မာ့ေရနံနဲ႔ သဘာဝဓာတ္ေငြ႕လုပ္ငန္း MOGE ကို စီးပြားေရးအရ အေရးယူ၊ ဒဏ္ခတ္ပိတ္ဆို႔ေပးဖို႔ သမၼတဂ်ိဳးဘိုင္ဒင္ဆီကို ေတာင္းဆိုတဲ့ လႈပ္ရွားမႈတခုကို ေသြးစြန္းေငြအဖြဲ႕က ဦးေဆာင္ၿပီး ႏိုင္ငံေရးတက္ႂကြ လႈပ္ရွားသူေတြက ဒီေန႔ေမလ ၁၂ရက္မွာ ျပဳလုပ္ခဲ့ပါတယ္။ MOGE ဟာ စစ္ေကာင္စီဝင္ေငြရေနတဲ့ ေနာက္ဆုံးက်န္ေနတဲ့ ႀကီးမားတဲ့ ဝင္ေငြလမ္းေၾကာင္းၿပီး မၾကာခင္လည္း Total စြမ္းအင္ကုမၸဏီဆီကလည္း အေမရိကန္ေဒၚလာ သန္း ၂၅၀ ေလာက္ ေျခာက္လအတြင္းမွာ ထပ္ရဖို႔ရွိတဲ့အတြက္ ဒါကို အဓိကထားၿပီး ေတာင္းဆိုရတာလို႔ ေသြးစြန္းေငြအဖြဲ႕က Howard က ဗြီအိုေအကို ေျပာပါတယ္။

" ဆိုေတာ့ ဒီပိုက္ဆံေတြကို က်ေနာ္တို႔ ျဖတ္ေတာက္ဖို႔လိုတယ္၊ စစ္တပ္ကို ဆက္ၿပီးအသက္မဆက္ဖို႔ လိုတယ္ေပါ့ေနာ္။ စစ္တပ္ကိုလည္း ျပည္သူလူထုက လုံးဝလက္မခံေနတဲ့ အေနအထားမွာ ခုခံစစ္ကိုလည္း သူတို႔ဖိႏွိပ္ေနရတယ္ေပါ့ ဆိုေတာ့ သူတို႔မွာအရမ္း ပိုက္ဆံလိုတယ္။ က်ေနာ္တို႔ ဒီကမ္ပိန္းအေနနဲ႔က သူတို႔လိုေနတဲ့ ပိုက္ဆံေတြကို ျဖတ္ေတာက္ဖို႔လိုတယ္ေပါ့ေနာ္။ အဲဒါေၾကာင့္မို႔ က်ေနာ္တို႔က MOGE ကို အဓိက ဦးတည္ၿပီးေတာ့မွ အေရးယူပိတ္ဆို႔မႈ ျပဳလုပ္ေရး ဒါကိုေတာင္းဆိုတာျဖစ္တယ္ေပါ့။"

ဒီထိပ္သီးေတြ႕ဆုံပြဲအတြက္ အႀကိဳလႈပ္ရွားမႈအေနနဲ႔ကေတာ့ ျပည္တြင္းျပည္ပ အရပ္ဘက္အဖြဲ႕အစည္း ၆၀၀ ေက်ာ္နဲ႔ ျမန္မာႏိုင္ငံသား ၂၂၀,၀၀၀ ေက်ာ္က လက္မွတ္ေရးထိုးၿပီး သမၼတဂ်ိဳးဘိုင္ဒင္ကို အိတ္ဖြင့္ေပးစာကို ၿပီးခဲ့တဲ့ရက္ပိုင္းက ေပးပို႔ခဲ့ပါတယ္။ MOGE ကို ဒဏ္ခတ္အေရးယူတာဟာ အေမရိကန္ရဲ႕ မူဝါဒနဲ႔လည္း ကိုက္ညီလိမ့္မယ္လို႔ ဒီစာထဲမွာေရးသားထားတာပါ။ အဓိကေတာ့ ထိုင္းနဲ႔ ေတာင္ကိုရီးယားတို႔နဲ႔ ပူးတြဲလုပ္ေဆာင္ၿပီး MOGE ဆီလာမယ့္ ေငြေတြကို ထိန္းထားေပးဖို႔၊ ဒုတိယအေနနဲ႔ Treasury Department ကေန MOGE ကို တြန္းအားေတြေပးဖို႔၊ ၿပီးေတာ့ ႏိုင္ငံျခားေငြ ဝင္ေရာက္လာမယ့္Myanmar Foreign Trade Bank ကိုလည္း ပိတ္ဆို႔အေရးယူေပးဖို႔ စတဲ့ အခ်က္သုံးခ်က္ကို ေတာင္းဆိုခဲ့တယ္လို႔ သူကေျပာပါတယ္။

အလုံးစုံ စီးပြားေရးပိတ္ဆို႔မႈကပဲ စစ္အာဏာရွင္စနစ္ကို ဖ်က္သိမ္းႏိုင္လိမ့္မယ္လို႔ ႏိုင္ငံေရးတက္ႂကြ လႈပ္ရွားသူတဦးျဖစ္တဲ့ ဦးနႏၵာစစ္ေအာင္က ေျပာပါတယ္။

" စစ္အာဏာရွင္စနစ္ကို ဖ်က္သိမ္းဖို႔ဆိုရင္ က်ေနာ္တို႔က သူရဲ႕ဖြံ႕ၿဖိဳးမႈ မေပးဖို႔လိုတယ္။ ဖြံ႕ၿဖိဳးမႈရဲ႕ထြက္ေပါက္က ဘယ္မွာရွိေနတာလဲဆိုေတာ့ ခုနက စီးပြားေရးမွာရွိေနတယ္။ စီးပြားေရးက အခြန္ေငြတိုး႐ုံတင္မကဘူး သူ႔ကို အသိအမွတ္ျပဳေနတာ ျဖစ္တယ္။ သူ႔ကို႐ိုက္မခ်ိဳးႏိုင္ဘူးဆိုရင္ က်ေနာ္တို႔က ျပည္တြင္းစစ္တာရွည္ေတာ့မယ့္ အေျခအေနရွိတယ္။"

ျမန္မာ့ေရနံနဲ႔ သဘာဝဓာတ္ေငြ႕လုပ္ငန္းနဲ႔ အက်ိဳးတူပူးေပါင္းေနတဲ့ ျပည္ပ စြမ္းအင္ကုမၸဏီေတြလည္း စစ္ေကာင္စီနဲ႔ ဆက္ၿပီးလက္မတြဲဖို႔ လူ႔အခြင့္အေရးလႈပ္ရွားသူေတြရဲ႕ ဖိအားေပးတာကို ခံေနရပါတယ္။ ေနာက္ဆုံးမွာေတာ့ မေလးရွားက Petronas ကုမၸဏီနဲ႔ ထိုင္းအစိုးရပိုင္ PTTEP ကုမၸဏီက ရဲတံခြန္သဘာဝဓာတ္ေငြ႕လုပ္ငန္းကေန ဧၿပီလ ၂၉ရက္မွာ ႏႈတ္ထြက္ခဲ့ပါတယ္။ ေမလ ၂ရက္ေန႔မွာေတာ့ ဂ်ပန္ကုမၸဏီျဖစ္တဲ့ ENEOS က ရဲတံခြန္စီမံကိန္းကေန ေနာက္ဆုံးထြက္ခြာသြားတဲ့ ကုမၸဏီ ျဖစ္လာပါတယ္။

အေမရိကန္- အာဆီယံ ထိပ္သီးေတြ႕ဆုံပြဲက ေဒသတြင္းမွာ ပိုဆိုးလာတဲ့ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရး ကိစၥေတြကိုဦးတည္ၿပီး ေဆြးေႏြးတာမရွိဘူး ဆိုရင္ေတာ့ အာဏာရွင္ေတြက ပိုၿပီး အားေကာင္းလာလိမ့္မယ္လို႔ Human Rights Watch က သမၼတဂ်ိဳးဘိုင္ဒင္ကို ဒီေန႔ေပးပို႔တဲ့စာထဲမွာ ေရးသားထားပါတယ္။

အေမရိကန္- အာဆီယံထိပ္သီး အစည္းအေဝးကို စစ္ေကာင္စီဘက္က တက္ေရာက္ခြင့္ မရခဲ့ပါဘူး။ ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ကေတာ့ ဒီထိပ္သီးေဆြးေႏြးပြဲကာလအတြင္ အေမရိကန္ အာဆီယံ​ အႀကီးတန္းအရာရွိတခ်ိဳ႕နဲ႔ေတြ႕ဆုံဖို႔ ဝါရွင္တန္ဒီစီကိုေရာက္ေနပါတယ္။ သူအေနနဲ႔ အေမရိကန္အစိုးရအဖြဲ႕က တာဝန္ရွိသူေတြအျပင္ အာဆီယံက ႏိုင္ငံျခားေရးဝန္ႀကီးတခ်ိဳ႕နဲ႔လည္း သီးသန႔္ေတြ႕ဆုံသြားဖို႔ ရွိပါတယ္။ စကၤာပူ ႏိုင္ငံျခားေရးဝန္ႀကီး Dr. Vivian Balakrishnan ကေတာ့ ဒီေတြ႕ဆုံပြဲမွာ အေမရိကန္နဲ႔ ေဒသတြင္း စီးပြားေရးပူးေပါင္း ေဆာင္႐ြက္မႈ အလားအလာေတြနဲ႔ ျမန္မာျပည္တြင္း ျပႆနာေတြအျပင္ ႏိုင္ငံတကာနဲ႔ ေဒသတြင္း အေရးကိစၥေတြကိုလည္း ေဆြးေႏြးခဲ့တယ္လို႔ သူ႔ရဲ႕ Facebook လူမႈကြန္ရက္ကေန ေရးသားခဲ့ပါတယ္။

============================

{{ UNICODE }}

MOGE ကိုပိတ်ဆို့ဖို့ သမ္မတဘိုင်ဒင်ကို အရပ်ဘက်အဖွဲ့တွေတောင်းဆို

စစ်ကောင်စီကို ငွေရှာပေးနေတဲ့ မြန့်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်း MOGE ကို စီးပွားရေးပိတ်ဆို့ပေးဖို့ မြန်မာအရေးတတ်ကြွလှုပ်ရှားသူတွေနဲ့ အရပ်ဘက်အဖွဲ့တချို့က သမ္မတ Joe Biden ကို တောင်းဆိုပါတယ်။ ဝါရှင်တန်ဒီစီမှာ ၂ရက်ကြာကျင်းပနေတဲ့ အာဆီယံ- အမေရိကန် ထိပ်သီးတွေ့ဆုံပွဲမှာ မြန်မာ့အရေးကိစ္စကိုပါ အလေးထားပြီး ထည့်သွင်းဆွေးနွေးဖို့၊ စစ်ကောင်စီကို စီးပွားရေးဒဏ်ခတ် အရေးယူတာတွေထပ်လုပ်ဖို့အတွက် ရည်ရွယ် လုပ်ဆောင်တာလို့ ဦးဆောင်လှုပ်ရှားနေတဲ့ Blood Money အဖွဲ့က ပြောပါတယ်။ ဗွီအိုအေ သတင်းထောက်က ပေးပို့ထားပါတယ်။

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို စီးပွားရေးအရ အရေးယူ၊ ဒဏ်ခတ်ပိတ်ဆို့ပေးဖို့ သမ္မတဂျိုးဘိုင်ဒင်ဆီကို တောင်းဆိုတဲ့ လှုပ်ရှားမှုတခုကို သွေးစွန်းငွေအဖွဲ့က ဦးဆောင်ပြီး နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေက ဒီနေ့မေလ ၁၂ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ MOGE ဟာ စစ်ကောင်စီဝင်ငွေရနေတဲ့ နောက်ဆုံးကျန်နေတဲ့ ကြီးမားတဲ့ ဝင်ငွေလမ်းကြောင်းပြီး မကြာခင်လည်း Total စွမ်းအင်ကုမ္ပဏီဆီကလည်း အမေရိကန်ဒေါ်လာ သန်း ၂၅၀ လောက် ခြောက်လအတွင်းမှာ ထပ်ရဖို့ရှိတဲ့အတွက် ဒါကို အဓိကထားပြီး တောင်းဆိုရတာလို့ သွေးစွန်းငွေအဖွဲ့က Howard က ဗွီအိုအေကို ပြောပါတယ်။

" ဆိုတော့ ဒီပိုက်ဆံတွေကို ကျနော်တို့ ဖြတ်တောက်ဖို့လိုတယ်၊ စစ်တပ်ကို ဆက်ပြီးအသက်မဆက်ဖို့ လိုတယ်ပေါ့နော်။ စစ်တပ်ကိုလည်း ပြည်သူလူထုက လုံးဝလက်မခံနေတဲ့ အနေအထားမှာ ခုခံစစ်ကိုလည်း သူတို့ဖိနှိပ်နေရတယ်ပေါ့ ဆိုတော့ သူတို့မှာအရမ်း ပိုက်ဆံလိုတယ်။ ကျနော်တို့ ဒီကမ်ပိန်းအနေနဲ့က သူတို့လိုနေတဲ့ ပိုက်ဆံတွေကို ဖြတ်တောက်ဖို့လိုတယ်ပေါ့နော်။ အဲဒါကြောင့်မို့ ကျနော်တို့က MOGE ကို အဓိက ဦးတည်ပြီးတော့မှ အရေးယူပိတ်ဆို့မှု ပြုလုပ်ရေး ဒါကိုတောင်းဆိုတာဖြစ်တယ်ပေါ့။"

ဒီထိပ်သီးတွေ့ဆုံပွဲအတွက် အကြိုလှုပ်ရှားမှုအနေနဲ့ကတော့ ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့အစည်း ၆၀၀ ကျော်နဲ့ မြန်မာနိုင်ငံသား ၂၂၀,၀၀၀ ကျော်က လက်မှတ်ရေးထိုးပြီး သမ္မတဂျိုးဘိုင်ဒင်ကို အိတ်ဖွင့်ပေးစာကို ပြီးခဲ့တဲ့ရက်ပိုင်းက ပေးပို့ခဲ့ပါတယ်။ MOGE ကို ဒဏ်ခတ်အရေးယူတာဟာ အမေရိကန်ရဲ့ မူဝါဒနဲ့လည်း ကိုက်ညီလိမ့်မယ်လို့ ဒီစာထဲမှာရေးသားထားတာပါ။ အဓိကတော့ ထိုင်းနဲ့ တောင်ကိုရီးယားတို့နဲ့ ပူးတွဲလုပ်ဆောင်ပြီး MOGE ဆီလာမယ့် ငွေတွေကို ထိန်းထားပေးဖို့၊ ဒုတိယအနေနဲ့ Treasury Department ကနေ MOGE ကို တွန်းအားတွေပေးဖို့၊ ပြီးတော့ နိုင်ငံခြားငွေ ဝင်ရောက်လာမယ့်Myanmar Foreign Trade Bank ကိုလည်း ပိတ်ဆို့အရေးယူပေးဖို့ စတဲ့ အချက်သုံးချက်ကို တောင်းဆိုခဲ့တယ်လို့ သူကပြောပါတယ်။

အလုံးစုံ စီးပွားရေးပိတ်ဆို့မှုကပဲ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းနိုင်လိမ့်မယ်လို့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတဦးဖြစ်တဲ့ ဦးနန္ဒာစစ်အောင်က ပြောပါတယ်။

" စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းဖို့ဆိုရင် ကျနော်တို့က သူရဲ့ဖွံ့ဖြိုးမှု မပေးဖို့လိုတယ်။ ဖွံ့ဖြိုးမှုရဲ့ထွက်ပေါက်က ဘယ်မှာရှိနေတာလဲဆိုတော့ ခုနက စီးပွားရေးမှာရှိနေတယ်။ စီးပွားရေးက အခွန်ငွေတိုးရုံတင်မကဘူး သူ့ကို အသိအမှတ်ပြုနေတာ ဖြစ်တယ်။ သူ့ကိုရိုက်မချိုးနိုင်ဘူးဆိုရင် ကျနော်တို့က ပြည်တွင်းစစ်တာရှည်တော့မယ့် အခြေအနေရှိတယ်။"

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့ အကျိုးတူပူးပေါင်းနေတဲ့ ပြည်ပ စွမ်းအင်ကုမ္ပဏီတွေလည်း စစ်ကောင်စီနဲ့ ဆက်ပြီးလက်မတွဲဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေရဲ့ ဖိအားပေးတာကို ခံနေရပါတယ်။ နောက်ဆုံးမှာတော့ မလေးရှားက Petronas ကုမ္ပဏီနဲ့ ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီက ရဲတံခွန်သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ ဧပြီလ ၂၉ရက်မှာ နှုတ်ထွက်ခဲ့ပါတယ်။ မေလ ၂ရက်နေ့မှာတော့ ဂျပန်ကုမ္ပဏီဖြစ်တဲ့ ENEOS က ရဲတံခွန်စီမံကိန်းကနေ နောက်ဆုံးထွက်ခွာသွားတဲ့ ကုမ္ပဏီ ဖြစ်လာပါတယ်။

အမေရိကန်- အာဆီယံ ထိပ်သီးတွေ့ဆုံပွဲက ဒေသတွင်းမှာ ပိုဆိုးလာတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိစ္စတွေကိုဦးတည်ပြီး ဆွေးနွေးတာမရှိဘူး ဆိုရင်တော့ အာဏာရှင်တွေက ပိုပြီး အားကောင်းလာလိမ့်မယ်လို့ Human Rights Watch က သမ္မတဂျိုးဘိုင်ဒင်ကို ဒီနေ့ပေးပို့တဲ့စာထဲမှာ ရေးသားထားပါတယ်။

အမေရိကန်- အာဆီယံထိပ်သီး အစည်းအဝေးကို စစ်ကောင်စီဘက်က တက်ရောက်ခွင့် မရခဲ့ပါဘူး။ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ ဒီထိပ်သီးဆွေးနွေးပွဲကာလအတွင် အမေရိကန် အာဆီယံ​ အကြီးတန်းအရာရှိတချို့နဲ့တွေ့ဆုံဖို့ ဝါရှင်တန်ဒီစီကိုရောက်နေပါတယ်။ သူအနေနဲ့ အမေရိကန်အစိုးရအဖွဲ့က တာဝန်ရှိသူတွေအပြင် အာဆီယံက နိုင်ငံခြားရေးဝန်ကြီးတချို့နဲ့လည်း သီးသန့်တွေ့ဆုံသွားဖို့ ရှိပါတယ်။ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီး Dr. Vivian Balakrishnan ကတော့ ဒီတွေ့ဆုံပွဲမှာ အမေရိကန်နဲ့ ဒေသတွင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အလားအလာတွေနဲ့ မြန်မာပြည်တွင်း ပြဿနာတွေအပြင် နိုင်ငံတကာနဲ့ ဒေသတွင်း အရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သူ့ရဲ့ Facebook လူမှုကွန်ရက်ကနေ ရေးသားခဲ့ပါတယ်။

XS
SM
MD
LG