သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အနာဂတ္ စစ္ပဲြေတြအတြက္ ျပင္ဆင္ထားဖို႔ ကန္ထိပ္တန္းဗိုလ္ခ်ဳပ္ႀကီး သတိေပး


WEST POINT အေမရိကန္ စစ္တကၠသိုလ္ ေက်ာင္းဆင္းပဲြ (၂၀၂၂ ခု၊ ေမလ ၂၁ ရက္)

[[ ZAWGYI / UNICODE ]]

အနာဂတ္စစ္ပဲြေတြအတြက္ ျပင္ဆင္ထားဖို႔ ကန္ထိပ္တန္းဗိုလ္ခ်ဳပ္ႀကီး သတိေပး

အနာဂတ္ စစ္ပြဲေတြဟာ ဒီကေန႔ေခတ္နဲ႔ သိပ္တူေတာ့မွာ မဟုတ္တဲ့အတြက္ အေမရိကန္စစ္သားေတြ အေနနဲ႔ အသင့္ျပင္ထားၾကဖို႔ အေမရိကန္ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ားရဲ႕ အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး Mark Milley က စေနေန႔ West Point စစ္တကၠသိုလ္ ဗိုလ္သင္တန္းဆင္းပြဲ အခန္းအနားမွာ တိုက္တြန္းလိုက္ပါတယ္။

ကမာၻမွာ အင္အားႀကီးႏိုင္ငံေတြက အေျပာင္းအလဲလုပ္ဖို႔ ႀကိဳးစားေနတာနဲ႔အမွ် ကမာၻႀကီး ပိုၿပီး မတည္မၿငိမ္ ျဖစ္လာေနတာေၾကာင့္ အေမရိကန္စစ္တပ္ အေနနဲ႔ အသင့္ျဖစ္ေနေအာင္လုပ္ဖို႔ တာဝန္ရွိတယ္လို႔လည္း ဗိုလ္သင္တန္းဆင္း ေက်ာင္းသားေတြကို မွာၾကားခဲ့တာပါ။ အင္အားႀကီးႏိုင္ငံေတြၾကား ႀကီးမားတဲ့ပဋိပကၡေတြ ျဖစ္ပြါးႏိုင္ေခ်က ေလ်ာ့မသြားပဲ တိုးလို႔သာ လာေနတယ္လို႔ ေျပာပါတယ္။ အရင္ႏွစ္ေပါင္း ၇၀ ေလာက္ ယွဥ္ႏိုင္တဲ့သူ မရွိဘဲ ရပ္တည္ခဲ့တဲ့ အေမရိကန္ဟာ အခုအခါ၊ စစ္ေရးစစ္ရာ၊ အာကာသ၊ ကြန္ျပဴတာဆိုင္ဘာ၊ ေရျပင္၊ ေဝဟင္နဲ႔ ေျမျပင္ အပါအဝင္ အဖက္ဖက္က စိန္ေခၚမႈေတြနဲ႔ ၾကံဳေနရတယ္လို႔လည္း ေျပာပါတယ္။

ဥေရာပမွာ ႐ုရွားရဲ႕ ရန္စတိုက္ခိုက္မႈေတြ၊ အာရွမွာ တ႐ုတ္ရဲ႕ စီးပြါးေရးနဲ႔ စစ္ေရးႀကီးထြားလာတာေတြ အျပင္ ေျမာက္ကိုရီးယားရဲ႕ ႏ်ဴကလီယားနဲ႔ မစ္ဇိုင္းဒံုး ၿခိမ္းေျခာက္မႈေတြနဲ႔ အေရွ႕အလယ္ပိုင္းနဲ႔ အာဖရိကမွာလည္း အၾကမ္းဖက္ဝါဒီေတြေၾကာင့္ မတည္မၿငိမ္ ျဖစ္ေနတာေတြဟာ အေမရိကန္အတြက္ စိန္ေခၚခ်က္ေတြ လို႔လည္း ေျပာပါတယ္။

ယူကရိန္းမွာ ႐ုရွားရဲ႕ က်ဴးေက်ာ္စစ္ဆင္ႏႊဲေနတဲ့အေပၚ စစ္တပ္အရာရွိေတြအျမင္နဲ႔ ေျပာရရင္ ေနာင္ျဖစ္ပြါးမယ့္ စစ္ပြဲေတြဟာ အေတာ္ရႈပ္ေထြးမွာ ျဖစ္ၿပီး ရွာေတြ႕ဖို႔ခက္တဲ့ရန္သူေတြ၊ ၿမိဳ႕ျပတိုက္ပြဲေတြအတြက္ အဆင့္ျမင့္ တာေဝးပစ္လက္နက္ေတြနဲ႔ ေနာက္ဆံုးေပၚ နည္းပညာေတြ လိုအပ္မွာ ျဖစ္ေၾကာင္းေျပာပါတယ္။

အနာဂတ္ စစ္တပ္ကို ဦးေဆာင္မယ့္ သူေတြ အေနနဲ႔ စက္႐ုပ္သံခ်ပ္ကာကားေတြ၊ သေဘၤာေတြ ေလယာဥ္ေတြနဲ႔ ရင္ဆိုင္ရမွာ ျဖစ္သလို၊ AI ဉာဏ္ရည္တု၊ ေလာင္စာဆီတု၊ ၃ ဖက္ျမင္ပံုရိပ္ 3D နဲ႔ ထုတ္လုပ္မႈေတြ နဲ႔ လူသားအင္ဂ်င္နီယာေတြ အေပၚ အားထားၾကရမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

================================

{{ UNICODE }}

အနာဂတ်စစ်ပွဲတွေအတွက် ပြင်ဆင်ထားဖို့ ကန်ထိပ်တန်းဗိုလ်ချုပ်ကြီး သတိပေး

အနာဂတ် စစ်ပွဲတွေဟာ ဒီကနေ့ခေတ်နဲ့ သိပ်တူတော့မှာ မဟုတ်တဲ့အတွက် အမေရိကန်စစ်သားတွေ အနေနဲ့ အသင့်ပြင်ထားကြဖို့ အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Mark Milley က စနေနေ့ West Point စစ်တက္ကသိုလ် ဗိုလ်သင်တန်းဆင်းပွဲ အခန်းအနားမှာ တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာမှာ အင်အားကြီးနိုင်ငံတွေက အပြောင်းအလဲလုပ်ဖို့ ကြိုးစားနေတာနဲ့အမျှ ကမ္ဘာကြီး ပိုပြီး မတည်မငြိမ် ဖြစ်လာနေတာကြောင့် အမေရိကန်စစ်တပ် အနေနဲ့ အသင့်ဖြစ်နေအောင်လုပ်ဖို့ တာဝန်ရှိတယ်လို့လည်း ဗိုလ်သင်တန်းဆင်း ကျောင်းသားတွေကို မှာကြားခဲ့တာပါ။ အင်အားကြီးနိုင်ငံတွေကြား ကြီးမားတဲ့ပဋိပက္ခတွေ ဖြစ်ပွါးနိုင်ချေက လျော့မသွားပဲ တိုးလို့သာ လာနေတယ်လို့ ပြောပါတယ်။ အရင်နှစ်ပေါင်း ၇၀ လောက် ယှဉ်နိုင်တဲ့သူ မရှိဘဲ ရပ်တည်ခဲ့တဲ့ အမေရိကန်ဟာ အခုအခါ၊ စစ်ရေးစစ်ရာ၊ အာကာသ၊ ကွန်ပြူတာဆိုင်ဘာ၊ ရေပြင်၊ ဝေဟင်နဲ့ မြေပြင် အပါအဝင် အဖက်ဖက်က စိန်ခေါ်မှုတွေနဲ့ ကြုံနေရတယ်လို့လည်း ပြောပါတယ်။

ဥရောပမှာ ရုရှားရဲ့ ရန်စတိုက်ခိုက်မှုတွေ၊ အာရှမှာ တရုတ်ရဲ့ စီးပွါးရေးနဲ့ စစ်ရေးကြီးထွားလာတာတွေ အပြင် မြောက်ကိုရီးယားရဲ့ နျူကလီယားနဲ့ မစ်ဇိုင်းဒုံး ခြိမ်းခြောက်မှုတွေနဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမှာလည်း အကြမ်းဖက်ဝါဒီတွေကြောင့် မတည်မငြိမ် ဖြစ်နေတာတွေဟာ အမေရိကန်အတွက် စိန်ခေါ်ချက်တွေ လို့လည်း ပြောပါတယ်။

ယူကရိန်းမှာ ရုရှားရဲ့ ကျူးကျော်စစ်ဆင်နွှဲနေတဲ့အပေါ် စစ်တပ်အရာရှိတွေအမြင်နဲ့ ပြောရရင် နောင်ဖြစ်ပွါးမယ့် စစ်ပွဲတွေဟာ အတော်ရှုပ်ထွေးမှာ ဖြစ်ပြီး ရှာတွေ့ဖို့ခက်တဲ့ရန်သူတွေ၊ မြို့ပြတိုက်ပွဲတွေအတွက် အဆင့်မြင့် တာဝေးပစ်လက်နက်တွေနဲ့ နောက်ဆုံးပေါ် နည်းပညာတွေ လိုအပ်မှာ ဖြစ်ကြောင်းပြောပါတယ်။

အနာဂတ် စစ်တပ်ကို ဦးဆောင်မယ့် သူတွေ အနေနဲ့ စက်ရုပ်သံချပ်ကာကားတွေ၊ သင်္ဘောတွေ လေယာဉ်တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်သလို၊ AI ဉာဏ်ရည်တု၊ လောင်စာဆီတု၊ ၃ ဖက်မြင်ပုံရိပ် 3D နဲ့ ထုတ်လုပ်မှုတွေ နဲ့ လူသားအင်ဂျင်နီယာတွေ အပေါ် အားထားကြရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

XS
SM
MD
LG