သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွန္ဟိုင္းၿမိဳ႕မွာ ကိုဗစ္ကန္႔သတ္ခ်က္တခ်ဳိ႕ ေလွ်ာ့ခ်


[[ ZAWGYI / UNICODE ]]

ရွန္ဟိုင္းၿမိဳ႕မွာ ကိုဗစ္ကန္႔သတ္ခ်က္တခ်ဳိ႕ ေလွ်ာ့ခ်

တ႐ုတ္ႏိုင္ငံ ရွန္ဟိုင္း ၿမိဳ႕မွာ Covid-19 ကပ္ေဘးေရာဂါေၾကာင့္ သီတင္းပတ္ေတြနဲ႔ခ်ီ lockdown ခ်ခဲ႔ရာကေန စေနေန႔မွာေတာ့ သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းေတြ ျပန္လည္ လည္ပတ္ေရး အစီအစဥ္ေတြကို သတိထား ေဆာင္ရြက္ေနခ်ိန္မွာပဲ ေဘဂ်င္းၿမိဳ႕ေတာ္မွာေတာ့ ဗိုင္းရပ္စ္ ကူးစက္မႈ တားဆီးကာကြယ္ေရးကို ၁ လၾကာ အစီအစဥ္အတိုင္း ဆက္လုပ္ေနပါတယ္။

တ႐ုတ္ရဲ႕ လူဦးေရ အထူထပ္ဆံုး ရွန္ဟိုင္းမွာ အသြားအလာ တားျမစ္မႈကို ဧၿပီလ အေစာပိုင္းမွာ စတင္ခဲ႔တာေၾကာင့္ စီးပြားေရးကို အႀကီးအက်ယ္ ထိခိုက္ခဲ႔ရၿပီးေနာက္ တ႐ုတ္ရဲ႕ Covid လံုး၀ ကင္းရွင္းေရး မူဝါဒ ဆက္လက္ ကိုင္ဆြဲ ေဆာင္ရြက္မႈ အေပၚ ေဆြးေႏြးျငင္းခံုစရာ ျဖစ္လာသို ေနာက္ထပ္ အသြားအလာ တားျမစ္ကန္႔သတ္မႈေတြနဲ႔ အဟန္႔အတားေတြကိုလည္း စိုးရိမ္လာေနၾကပါတယ္။

ကူးစက္မႈ အမ်ားဆံုး အခ်ိန္က သာင္းခ်ီ ကူးစက္မႈ ျဖစ္ခဲ႔တဲ႔ စီးပြားေရး အခ်က္အခ်ာ ရွန္ဟိုင္းနဲ႔ မတူဘဲ ေဘဂ်င္းၿမိဳ႕ေတာ္မွာေတာ့ တၿမိဳ႕လံုးကို အသြားအလာ ကန္႔သတ္မႈ Lockdown ဆက္လက္ ခ်မွတ္ထားၿပီး ေန႔စဥ္ ကူးစက္မႈ အသစ္ ဒါဇင္နဲ႔ခ်ီ ရွိေနပါတယ္။ ေဘဂ်င္းၿမိဳ႕ေတာ္မွာ Covid ကပ္ေဘးဆိုင္ရာ တားျမစ္ကန္႔သတ္ခ်က္ ဆက္လက္ ရွိေနခ်ိန္မွာ ရွန္ဟိုင္းၿမိဳ႕မွာေတာ့ တနဂၤေႏြေန႔မွာ ေျမေအာက္ရထားလိုင္း ၄ လိုင္းျပန္လည္ ေျပးဆြဲဖို႔ ျပင္ဆင္ထားတာနဲ႔ အတူ ေျမေအာက္ရထား ဘူတာရံုေတြနဲ႔ ရထားေတြကို ၀န္ထမ္းေတြက ပိုးသတ္ သန္႔စင္ခဲ႔ၾကပါတယ္။

သယ္ယူပို႔ေဆာင္ေရး ၀န္ေဆာင္မႈေတြကို အခ်ိန္အကန္႔အသတ္နဲ႔ ျပန္စမွာျဖစ္ေပမဲ့ ရွန္ဟိုင္း ေဒသခံေတြ အေနနဲ႔ တေနရာကေန တေနရာ သြားလာႏိုင္မွာ ျဖစ္သလို ရထားဘူတာေတြနဲ႔ ေလဆိပ္ေတြၾကား သြားလာႏိုင္ၾကမွာ ျဖစ္ပါတယ္။ ဒါ႔အျပင္ ခရီးသည္တင္ ဘတ္စကားလမ္းေၾကာင္း ၂၀၀ ေက်ာ္ကိုလည္း ျပန္လည္ ဖြင့္လွစ္မွာ ျဖစ္ပါတယ္။

==================

{{ UNICODE }}

ရှန်ဟိုင်းမြို့မှာ ကိုဗစ်ကန့်သတ်ချက်တချို့ လျှော့ချ

တရုတ်နိုင်ငံ ရှန်ဟိုင်း မြို့မှာ Covid-19 ကပ်ဘေးရောဂါကြောင့် သီတင်းပတ်တွေနဲ့ချီ lockdown ချခဲ့ရာကနေ စနေနေ့မှာတော့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ ပြန်လည် လည်ပတ်ရေး အစီအစဉ်တွေကို သတိထား ဆောင်ရွက်နေချိန်မှာပဲ ဘေဂျင်းမြို့တော်မှာတော့ ဗိုင်းရပ်စ် ကူးစက်မှု တားဆီးကာကွယ်ရေးကို ၁ လကြာ အစီအစဉ်အတိုင်း ဆက်လုပ်နေပါတယ်။

တရုတ်ရဲ့ လူဦးရေ အထူထပ်ဆုံး ရှန်ဟိုင်းမှာ အသွားအလာ တားမြစ်မှုကို ဧပြီလ အစောပိုင်းမှာ စတင်ခဲ့တာကြောင့် စီးပွားရေးကို အကြီးအကျယ် ထိခိုက်ခဲ့ရပြီးနောက် တရုတ်ရဲ့ Covid လုံး၀ ကင်းရှင်းရေး မူဝါဒ ဆက်လက် ကိုင်ဆွဲ ဆောင်ရွက်မှု အပေါ် ဆွေးနွေးငြင်းခုံစရာ ဖြစ်လာသို နောက်ထပ် အသွားအလာ တားမြစ်ကန့်သတ်မှုတွေနဲ့ အဟန့်အတားတွေကိုလည်း စိုးရိမ်လာနေကြပါတယ်။

ကူးစက်မှု အများဆုံး အချိန်က သာင်းချီ ကူးစက်မှု ဖြစ်ခဲ့တဲ့ စီးပွားရေး အချက်အချာ ရှန်ဟိုင်းနဲ့ မတူဘဲ ဘေဂျင်းမြို့တော်မှာတော့ တမြို့လုံးကို အသွားအလာ ကန့်သတ်မှု Lockdown ဆက်လက် ချမှတ်ထားပြီး နေ့စဉ် ကူးစက်မှု အသစ် ဒါဇင်နဲ့ချီ ရှိနေပါတယ်။ ဘေဂျင်းမြို့တော်မှာ Covid ကပ်ဘေးဆိုင်ရာ တားမြစ်ကန့်သတ်ချက် ဆက်လက် ရှိနေချိန်မှာ ရှန်ဟိုင်းမြို့မှာတော့ တနင်္ဂနွေနေ့မှာ မြေအောက်ရထားလိုင်း ၄ လိုင်းပြန်လည် ပြေးဆွဲဖို့ ပြင်ဆင်ထားတာနဲ့ အတူ မြေအောက်ရထား ဘူတာရုံတွေနဲ့ ရထားတွေကို ဝန်ထမ်းတွေက ပိုးသတ် သန့်စင်ခဲ့ကြပါတယ်။

သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုတွေကို အချိန်အကန့်အသတ်နဲ့ ပြန်စမှာဖြစ်ပေမဲ့ ရှန်ဟိုင်း ဒေသခံတွေ အနေနဲ့ တနေရာကနေ တနေရာ သွားလာနိုင်မှာ ဖြစ်သလို ရထားဘူတာတွေနဲ့ လေဆိပ်တွေကြား သွားလာနိုင်ကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသည်တင် ဘတ်စကားလမ်းကြောင်း ၂၀၀ ကျော်ကိုလည်း ပြန်လည် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG