သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္-အာဆီယံ ထိပ္သီးစည္းေဝးပြဲအေပၚ သုံးသပ္ခ်က္


အေမရိကန္-အာဆီယံ ထိပ္သီးစည္းေဝးပြဲမွာ ခုံအလြတ္ခ်ထားတဲ့ ျမန္မာႏုိင္ငံကုိယ္စားျပဳေနရာ။ (ေမ ၁၃၊ ၂၀၂၂)

အေမရိကန္ျပည္ေထာင္စု၊ ဝါရွင္တန္ ဒီစီၿမိဳ႕မွာ (၂) ရက္ၾကာက်င္းပခဲ့တဲ့ အေမရိကန္-အာဆီယံထိပ္သီးစည္းေဝးမွာ ျမန္မာ့ႏိုင္ငံအေရး ေဆြးေႏြးေျပာဆိုမႈေတြနဲ႔ ပတ္သက္လို႔ အျပဳသေဘာေဆာင္ ႀကိဳဆိုၾကတဲ့သူေတြရွိသလို စည္းေဝးပြဲကေန ျမန္မာစစ္ေကာင္စီအေပၚ တိက်ျပတ္သားတဲ့ အေရးယူမႈေတြ ခ်မွတ္ေဆာင္႐ြယ္မယ့္ အစီအစဥ္သစ္ေတြ ထြက္ေပၚမလာတဲ့အေပၚ အားမလိုအားမရ ျဖစ္သူေတြလည္း ရွိပါတယ္။ အေမရိကန္-အာဆီယံထိပ္သီး အစည္းအေဝးပြဲအေပၚ တုန႔္ျပန္ေျပာဆိုမႈေတြကို ကိုေဇာ္ဝင္းလႈိင္က စုစည္းတင္ျပေပးထားပါတယ္။

ဝါရွင္တန္ဒီစီၿမိဳ႕မွာ ေမလ (၁၂) ရက္ကေန (၁၃) ရက္ေန႔အထိ က်င္းပခဲ့တဲ့ အေမရိကန္-အာဆီယံထိပ္သီး စည္းေဝးပြဲအၿပီး ျမန္မာႏိုင္ငံအတြင္း၊ အၾကမ္းဖက္တိုက္ခိုက္မႈေတြ ခ်က္ျခင္းရပ္ဆိုင္းၿပီး၊ ႏိုင္ငံေရးအက်ဥ္းသားေတြ လႊတ္ေပးဖို႔ အခ်က္ (၂၇) ခ်က္ပါ ပူးတြဲေၾကညာခ်က္ကို ျမန္မာ့အေရးနဲ႔ပတ္သက္လို႔ ထည့္သြင္းေဖာ္ျပခဲ့ပါတယ္။

ျမန္မာစစ္ေကာင္စီဘက္ကေတာ့ ဒီပူးတြဲထုတ္ျပန္ခ်က္ပါ အပိုဒ္ ၂၆ မွာ ေဖာ္ျပထားတဲ့ ျမန္မာ့အေရးကိစၥဟာ အာဆီယံပဋိဥာဥ္ ခ်ိဳးေဖာက္ရာေရာက္တယ္ဆိုၿပီး ျပင္းျပင္းထန္ထန္ ကန႔္ကြက္ခဲ့ပါတယ္။

ဒါ့အျပင္ လက္ရွိႀကဳံေနရတဲ့ ျမန္မာႏိုင္ငံရဲ႕ အက်ပ္အတည္း အေျခအေနေတြအေပၚမွာလည္း အလြန္အမင္း စိုးရိမ္ေၾကာင္းနဲ႔ ဒီအက်ပ္အတည္းကို ၿငိမ္းခ်မ္းစြာ အေျဖထုတ္ႏိုင္ဖို႔ အာဆီယံ အထူးကိုယ္စားလွယ္ကတဆင့္၊ အာဆီယံရဲ႕ ႀကိဳးပမ္းေနမႈအေပၚမွာ ေထာက္ခံအားေပးတယ္လို႔လည္း အေမရိကန္နဲ႔ အာဆီယံေခါင္းေဆာင္ေတြရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပခဲ့ၾကပါတယ္။

ျမန္မာ့အေရးနဲ႔ပတ္သက္လို႔ အေမရိကန္ျပည္ေထာင္စုရဲ႕ ရပ္တည္ေဆာင္႐ြက္မႈေတြအေပၚ ေက်နပ္အားရမႈရွိတယ္လို႔ NUG - ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရရဲ႕ အာဆီယံဆိုင္ရာ အထူးသံအမတ္ႀကီး ဦးဘိုလွတင့္က ဗြီအိုေအကို ေျပာပါတယ္။

ဒီညီလာခံမွာ ထြက္ေပၚလာခ်က္ေတြမွာေတာ့ ႏွစ္ပိုင္းသံုးသပ္ ၾကည့္ရမွာ ျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စုဘက္ကေတာ့ က်ေနာ္တုိ႔ ျမန္မာႏုိင္ငံအေရးနဲ႔ ပတ္သက္လို႔ အၿမဲတမ္း ေထာက္ခံခဲ့တဲ့ ႏုိင္ငံတခုျဖစ္တာနဲ႔အညီ က်ေနာ္တို႔ ျမန္မာျပည္သူေတြရဲ ႔ ေႏြဦးေတာ္လွန္ေရးတခုလံုးကိုေသာ္လည္းေကာင္း၊ စစ္ေကာင္ဆန္႔က်င္ေရး အင္အားးစုေတြအားလံုးရဲ ႔ ေဆာင္ရြက္ခ်က္ေတြကို အသိအမွတ္ျပဳတဲ့အေနနဲ႔ ဆက္ၿပီးေတာ့ တည္တည္ၿငိမ္ၿငိမ္၊ ခိုင္ခိုင္မာမာ၊ ရိွတယ္ဆိုတာကို သက္ေသျပတဲ့ပြဲ ျဖစ္တယ္လို႔ သံုးသပ္ရမွာ ျဖစ္ပါတယ္။"

အာဆီယံအဖြဲ႕အေနနဲ႔ကေတာ့ ဖြဲ႔စည္းပုံအရ အဖြဲ႔ဝင္ႏိုင္ငံတႏိုင္ငံရဲ႕အေရးကိစၥေတြကို ျပတ္ျပတ္သားသား ေဝဖန္ေျပာဆိုတာမ်ိဳး ျဖစ္လာဖို႔ ခဲယဥ္းတယ္လို႔လည္း ဦးဘိုလွတင့္က သုံးသပ္ပါတယ္။

"ဒီညီလာခံေပၚမွာ ထြက္ေပၚလာခ်က္ေတြေပၚမွာေတာ့ ႏွစ္ပိုင္းသုံးသပ္လို႔ ၾကည့္ရမွာ ျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စုဘက္ကေတာ့ က်ေနာ္တို႔ ျမန္မာႏိုင္ငံအေရးနဲ႔ ပတ္သက္လို႔ အၿမဲတမ္း ေထာက္ခံခဲ့တဲ့ ႏိုင္ငံတခုျဖစ္တာနဲ႔အညီ ျမန္မာျပည္သူေတြရဲ႕ ေႏြဦးေတာ္လွန္ေရးတခုလုံးေပၚေသာ္လည္းေကာင္း၊ စစ္ေကာင္စီဆန႔္က်င္ေရး ေတာ္လွန္ေရးအင္အားစုအားလုံးရဲ႕ ေဆာင္႐ြက္ခ်က္ေတြကို အသိအမွတ္ျပဳတဲ့အေနနဲ႔ ဆက္ၿပီးေတာ့ တည္တည္ၿငိမ္ၿငိမ္၊ ခိုင္ခိုင္မာမာ ရွိတယ္ဆိုတာကို သက္ေသျပတဲ့ပြဲ ျဖစ္တယ္လို႔ သုံးသပ္ရမွာ ျဖစ္ပါတယ္။ "

Phil Robertson ဟာ HRW လူ႔အခြင့္အေရးေစာင့္ၾကည့္ေရးအဖြဲ႔ရဲ႕ အာရွေရးရာ လက္ေထာက္ၫြန္ၾကားေရးမႉးတဦး ျဖစ္ပါတယ္။ သူက ဒီထိပ္သီးစည္းေဝးပြဲကေန ျမန္မာ့အေရးနဲ႔ ပတ္သက္လို႔ တိုးတက္မႈရွိလာေစမယ့္ ဆုံးျဖတ္ခ်က္မ်ိဳး မခ်ႏိုင္ခဲ့ဘူးလို႔ ေျပာပါတယ္။

“အေမရိကန္-အာဆီယံ ထိပ္သီးစည္းေဝးပြဲကေန ျမန္မာ့အေရးနဲ႔ ပတ္သက္လို႔ တိုးတက္မႈရွိေအာင္ လုပ္ႏိုင္ခဲ့တယ္လို႔ က်ေနာ္ မထင္ပါဘူး။ အာဆီယံအေျခခံမူေဘာင္ (၅) ခ်က္ကလည္း အခုခ်ိန္ထိ ဆက္ရွိေနပါေသးတယ္။ ဒါေတြကို တကယ္ အေကာင္ထည္ေဖာ္မယ္၊ မေဖာ္ဘူးဆိုတာလဲ မသိရေသးဘူး။ ျမန္မာစစ္တပ္ဘက္ကလည္း ဒါကို အေကာင္အထည္ေဖာ္ဖို႔ စိတ္မဝင္စားဘူး။ အာဆီယံအေနနဲ႔ ဒီ မူေဘာင္ (၅) ခ်က္ကို ဆက္ၿပီး လုပ္ေဆာင္ဖို႔နဲ႔ အာဆီယံအထူးကိုယ္စားလွယ္ရဲ႕ အခန္းက႑ ဆက္ၿပီး ရွိေနေရးတို႔အတြက္ ဒီ ထိပ္သီးစည္းေဝးပြဲမွာ အေမရိကန္က အာဆီယံကို ထပ္မံ ေထာက္ခံေပးလိုက္ပါတယ္။ ဒါေပမယ့္ ခက္တာက ဒါေတြ လုပ္ေဆာင္လာဖို႔အတြက္ ဖိအားေပး လုပ္ေဆာင္တဲ့အခ်က္ေတာ့ မေတြ႕ရပါဘူး။”

အထူးသျဖင့္ေတာ့ အာဆီယံနဲ႔ စစ္ေကာင္စီ အႀကီးအကဲအၾကား ေသဘာတူညီမႈ ရ႐ိွထားတဲ့ အာဆီယံ မူေဘာင္ (၅) ခ်က္ကို စစ္ေကာင္စီဘက္က လိုက္နာေဆာင္႐ြက္ဖို႔ ပ်က္ကြက္ေနတယ္ဆိုတဲ့အခ်က္ကို သူက ေထာက္ျပ ေျပာဆိုပါတယ္။

“ဒီအာဆီယံ အေျခခံမူေဘာင္ (၅) ခ်က္ အေကာင္အထည္ေဖာ္ႏိုင္ျခင္း မရွိတာကလည္း ျမန္မာစစ္တပ္ဘက္က လက္ေတြ႔လုပ္ေဆာင္လိုတဲ့ ဆႏၵမရွိတဲ့အတြက္ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္လို၊ စစ္တပ္က မႀကိဳက္တဲ့သူေတြ ဒီ အစည္းေဝးေတြမွာ တက္ခြင့္မရေအာင္လည္း စစ္ေကာင္စီဘက္က အဖြဲ႔တြင္းမွာ သူတို႔ရရွိထားတဲ့ ဗီတိုအာဏာသုံးၿပီး ကန႔္ကြက္ေနတာမ်ိဳး ရွိပါတယ္။ ဒါေၾကာင့္ အခုခ်ိန္မွာ အဲဒီ အေျခခံမူေဘာင္ (၅) ခ်က္ကို အေျခခံက်က် ျပန္လည္ သုံးသပ္ၾကည့္ဖို႔ လိုေနၿပီလို႔ က်ေနာ္ ထင္ပါတယ္။ ၿပီးေတာ့ အာဆီယံထဲမွာ ထိပ္ကေန ဦးေဆာင္လုပ္ေဆာင္ေနတဲ့ ႏိုင္ငံေတြက စစ္တပ္ကို ဖိအားေပးၾကဖို႔ လိုပါတယ္။ အဲဒီလိုမွ မဟုတ္ရင္ေတာ့ အာဆီယံဟာ လက္ေတြ႔မွာ ဘာမွ တိုးတက္ ေျပာင္းလဲမႈရွိေအာင္ မလုပ္ေဆာင္တဲ့ အဖြဲ႕အျဖစ္နဲ႔ အရင္တုန္းကအတိုင္းဘဲ ဆက္ရွိေနပါလိမ့္မယ္။”

လက္ရွိအေနအထားကေန တိုးတက္မႈရိွၿပီး ေျပာင္းလဲမႈေတြ ျဖစ္ေပၚလာဖို႔အတြက္ စစ္ေကာင္စီကို အထိနာေစမယ့္ စီးပြားေရးအရ ဒဏ္ခတ္အေရးယူမႈေတြ လုပ္ေဆာင္ဖို႔ လိုအပ္တယ္လို႔ Phil Robertson က အႀကံျပဳပါတယ္။

“ျမန္မာႏိုင္ငံထဲမွာ ရင္းႏွီးျမဳပ္ႏွံထားတဲ့ ကုမၸဏီေတြအေနနဲ႔ ဘယ္လိုက႑မ်ိဳးမွာ ရင္းႏွီးျမဳပ္ႏွံထားၾကတယ္ဆိုတာကို သက္ဆိုင္ရာ ႏိုင္ငံအသီးသီးမွာ ျပန္သုံးသပ္တာ၊ ေနာက္ ဦးပိုင္ကုမၸဏီလို စစ္တပ္ပိုင္ စီးပြားေရးလုပ္ငန္းေတြကို ဒဏ္ခတ္အေရးယူတာလို စစ္တပ္ကို စီးပြားေရးအရ အထိနာေစမယ့္ကိစၥေတြကို လုပ္ေဆာင္ၾကဖို႔ လိုပါတယ္။”

NUG - ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရရဲ႕ အာဆီယံဆိုင္ရာသံအမတ္ႀကီး ဦးဘိုလွတင့္ကေတာ့ အာဆီယံအဖြဲ႔အတြင္း ျမန္မာ့အေရးကို ေထာက္ခံအားေပးၾကတဲ့ ႏိုင္ငံေတြနဲ႔အတူလက္တြဲ လုပ္ေဆာင္႐ြက္သြားမယ္လို႔ ေျပာပါတယ္။

"ဒီထိပ္သီးေဆြးေႏြးပြဲမွာ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္လို႔ သူတို႔တတ္ႏိုင္သမွ် အစည္းအေဝး ေဆြးေႏြးပြဲေတြမွာ ထည့္သြင္းေဆြးေႏြးတာေတြ၊ က်န္တဲ့ ေဆာင္႐ြက္မႈေတြအားလုံးကို က်ေနာ္တို႔က အားရေက်နပ္မႈ ရွိပါတယ္။ ဆက္ၿပီးေတာ့လဲ က်ေနာ္တို႔ နီးနီးကပ္ကပ္နဲ႔ ညႇိႏႈိင္းတိုင္ပင္ ေဆာင္႐ြက္သြားၾကဖို႔ ရွိပါတယ္။ "

(၂) ရက္ၾကာ က်င္းပခဲ့တဲ့ ဒီထိပ္သီးအစည္းအေဝးမွာ ျမန္မာစစ္ေကာင္စီ အႀကီးအကဲကို ဖိတ္ၾကားျခင္းမျပဳခဲ့ဘဲ ျမန္မာႏိုင္ငံကိုယ္စားျပဳ ေနရာမွာ ခုံအလြတ္ကိုသာ ခ်ထားခဲ့ပါတယ္။

ထိပ္သီးစည္းေဝးပြဲ ကာလအတြင္းမွာလဲ NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ကို အေမရိကန္အစိုးရက ဖိတ္ၾကားၿပီး ဒုတိယႏိုင္ငံျခားေရးႀကီး Wendy Sherman အပါအဝင္ အစိုးရအရွိေတြ၊ လႊတ္ေတာ္ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဆုံခြင့္ေပးခဲ့ပါတယ္။ ျမန္မာစစ္ေကာင္စီကေတာ့ အေမရိကန္အစိုးရရဲ႕ အခုလို ရပ္တည္လုပ္ေဆာင္ခ်က္ေတြအေပၚ ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ပါတယ္။

မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီးကလည္း NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ကို ဝါရွင္တန္ ဒီစီၿမိဳ႕မွာ ေမလ ၁၄ ရက္ေန႔က ေတြ႔ဆုံခဲ့ၿပီး ျမန္မာ့အေရး ေျဖရွင္းေဆာင္႐ြက္ရာမွာ NUG ကို ထိစပ္ေဆာင္႐ြက္ဖို႔ ကေမာၻဒီးယား ႏိုင္ငံျခားေရးျခားေရး ဝန္ႀကီးလည္းျဖစ္တဲ့ အာဆီယံ အထူးကိုယ္စားလွယ္ Prak Sakhunn ကို တိုက္တြန္းထားပါတယ္။

=== Unicode ===

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီမြို့မှာ (၂) ရက်ကြာကျင်းပခဲ့တဲ့ အမေရိကန်-အာဆီယံထိပ်သီးစည်းဝေးမှာ မြန်မာ့နိုင်ငံအရေး ဆွေးနွေးပြောဆိုမှုတွေနဲ့ ပတ်သက်လို့ အပြုသဘောဆောင် ကြိုဆိုကြတဲ့သူတွေရှိသလို စည်းဝေးပွဲကနေ မြန်မာစစ်ကောင်စီအပေါ် တိကျပြတ်သားတဲ့ အရေးယူမှုတွေ ချမှတ်ဆောင်ရွယ်မယ့် အစီအစဉ်သစ်တွေ ထွက်ပေါ်မလာတဲ့အပေါ် အားမလိုအားမရ ဖြစ်သူတွေလည်း ရှိပါတယ်။ အမေရိကန်-အာဆီယံထိပ်သီး အစည်းအဝေးပွဲအပေါ် တုန့်ပြန်ပြောဆိုမှုတွေကို ကိုဇော်ဝင်းလှိုင်က စုစည်းတင်ပြပေးထားပါတယ်။

ဝါရှင်တန်ဒီစီမြို့မှာ မေလ (၁၂) ရက်ကနေ (၁၃) ရက်နေ့အထိ ကျင်းပခဲ့တဲ့ အမေရိကန်-အာဆီယံထိပ်သီး စည်းဝေးပွဲအပြီး မြန်မာနိုင်ငံအတွင်း၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ခြင်းရပ်ဆိုင်းပြီး၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အချက် (၂၇) ချက်ပါ ပူးတွဲကြေညာချက်ကို မြန်မာ့အရေးနဲ့ပတ်သက်လို့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

မြန်မာစစ်ကောင်စီဘက်ကတော့ ဒီပူးတွဲထုတ်ပြန်ချက်ပါ အပိုဒ် ၂၆ မှာ ဖော်ပြထားတဲ့ မြန်မာ့အရေးကိစ္စဟာ အာဆီယံပဋိဉာဉ် ချိုးဖောက်ရာရောက်တယ်ဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိကြုံနေရတဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်း အခြေအနေတွေအပေါ်မှာလည်း အလွန်အမင်း စိုးရိမ်ကြောင်းနဲ့ ဒီအကျပ်အတည်းကို ငြိမ်းချမ်းစွာ အဖြေထုတ်နိုင်ဖို့ အာဆီယံ အထူးကိုယ်စားလှယ်ကတဆင့်၊ အာဆီယံရဲ့ ကြိုးပမ်းနေမှုအပေါ်မှာ ထောက်ခံအားပေးတယ်လို့လည်း အမေရိကန်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ကြပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ရပ်တည်ဆောင်ရွက်မှုတွေအပေါ် ကျေနပ်အားရမှုရှိတယ်လို့ NUG - ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အာဆီယံဆိုင်ရာ အထူးသံအမတ်ကြီး ဦးဘိုလှတင့်က ဗွီအိုအေကို ပြောပါတယ်။

ဒီညီလာခံမှာ ထွက်ပေါ်လာချက်တွေမှာတော့ နှစ်ပိုင်းသုံးသပ် ကြည့်ရမှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဘက်ကတော့ ကျနော်တို့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အမြဲတမ်း ထောက်ခံခဲ့တဲ့ နိုင်ငံတခုဖြစ်တာနဲ့အညီ ကျနော်တို့ မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးတခုလုံးကိုသော်လည်းကောင်း၊ စစ်ကောင်ဆန့်ကျင်ရေး အင်အားးစုတွေအားလုံးရဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဆက်ပြီးတော့ တည်တည်ငြိမ်ငြိမ်၊ ခိုင်ခိုင်မာမာ၊ ရှိတယ်ဆိုတာကို သက်သေပြတဲ့ပွဲ ဖြစ်တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။"

အာဆီယံအဖွဲ့အနေနဲ့ကတော့ ဖွဲ့စည်းပုံအရ အဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့အရေးကိစ္စတွေကို ပြတ်ပြတ်သားသား ဝေဖန်ပြောဆိုတာမျိုး ဖြစ်လာဖို့ ခဲယဉ်းတယ်လို့လည်း ဦးဘိုလှတင့်က သုံးသပ်ပါတယ်။

"ဒီညီလာခံပေါ်မှာ ထွက်ပေါ်လာချက်တွေပေါ်မှာတော့ နှစ်ပိုင်းသုံးသပ်လို့ ကြည့်ရမှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဘက်ကတော့ ကျနော်တို့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အမြဲတမ်း ထောက်ခံခဲ့တဲ့ နိုင်ငံတခုဖြစ်တာနဲ့အညီ မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးတခုလုံးပေါ်သော်လည်းကောင်း၊ စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုအားလုံးရဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ဆက်ပြီးတော့ တည်တည်ငြိမ်ငြိမ်၊ ခိုင်ခိုင်မာမာ ရှိတယ်ဆိုတာကို သက်သေပြတဲ့ပွဲ ဖြစ်တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ "

Phil Robertson ဟာ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှရေးရာ လက်ထောက်ညွန်ကြားရေးမှူးတဦး ဖြစ်ပါတယ်။ သူက ဒီထိပ်သီးစည်းဝေးပွဲကနေ မြန်မာ့အရေးနဲ့ ပတ်သက်လို့ တိုးတက်မှုရှိလာစေမယ့် ဆုံးဖြတ်ချက်မျိုး မချနိုင်ခဲ့ဘူးလို့ ပြောပါတယ်။

“အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲကနေ မြန်မာ့အရေးနဲ့ ပတ်သက်လို့ တိုးတက်မှုရှိအောင် လုပ်နိုင်ခဲ့တယ်လို့ ကျနော် မထင်ပါဘူး။ အာဆီယံအခြေခံမူဘောင် (၅) ချက်ကလည်း အခုချိန်ထိ ဆက်ရှိနေပါသေးတယ်။ ဒါတွေကို တကယ် အကောင်ထည်ဖော်မယ်၊ မဖော်ဘူးဆိုတာလဲ မသိရသေးဘူး။ မြန်မာစစ်တပ်ဘက်ကလည်း ဒါကို အကောင်အထည်ဖော်ဖို့ စိတ်မဝင်စားဘူး။ အာဆီယံအနေနဲ့ ဒီ မူဘောင် (၅) ချက်ကို ဆက်ပြီး လုပ်ဆောင်ဖို့နဲ့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍ ဆက်ပြီး ရှိနေရေးတို့အတွက် ဒီ ထိပ်သီးစည်းဝေးပွဲမှာ အမေရိကန်က အာဆီယံကို ထပ်မံ ထောက်ခံပေးလိုက်ပါတယ်။ ဒါပေမယ့် ခက်တာက ဒါတွေ လုပ်ဆောင်လာဖို့အတွက် ဖိအားပေး လုပ်ဆောင်တဲ့အချက်တော့ မတွေ့ရပါဘူး။”

အထူးသဖြင့်တော့ အာဆီယံနဲ့ စစ်ကောင်စီ အကြီးအကဲအကြား သေဘာတူညီမှု ရရှိထားတဲ့ အာဆီယံ မူဘောင် (၅) ချက်ကို စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်နေတယ်ဆိုတဲ့အချက်ကို သူက ထောက်ပြ ပြောဆိုပါတယ်။

“ဒီအာဆီယံ အခြေခံမူဘောင် (၅) ချက် အကောင်အထည်ဖော်နိုင်ခြင်း မရှိတာကလည်း မြန်မာစစ်တပ်ဘက်က လက်တွေ့လုပ်ဆောင်လိုတဲ့ ဆန္ဒမရှိတဲ့အတွက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်လို၊ စစ်တပ်က မကြိုက်တဲ့သူတွေ ဒီ အစည်းဝေးတွေမှာ တက်ခွင့်မရအောင်လည်း စစ်ကောင်စီဘက်က အဖွဲ့တွင်းမှာ သူတို့ရရှိထားတဲ့ ဗီတိုအာဏာသုံးပြီး ကန့်ကွက်နေတာမျိုး ရှိပါတယ်။ ဒါကြောင့် အခုချိန်မှာ အဲဒီ အခြေခံမူဘောင် (၅) ချက်ကို အခြေခံကျကျ ပြန်လည် သုံးသပ်ကြည့်ဖို့ လိုနေပြီလို့ ကျနော် ထင်ပါတယ်။ ပြီးတော့ အာဆီယံထဲမှာ ထိပ်ကနေ ဦးဆောင်လုပ်ဆောင်နေတဲ့ နိုင်ငံတွေက စစ်တပ်ကို ဖိအားပေးကြဖို့ လိုပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ အာဆီယံဟာ လက်တွေ့မှာ ဘာမှ တိုးတက် ပြောင်းလဲမှုရှိအောင် မလုပ်ဆောင်တဲ့ အဖွဲ့အဖြစ်နဲ့ အရင်တုန်းကအတိုင်းဘဲ ဆက်ရှိနေပါလိမ့်မယ်။”

လက်ရှိအနေအထားကနေ တိုးတက်မှုရှိပြီး ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာဖို့အတွက် စစ်ကောင်စီကို အထိနာစေမယ့် စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ Phil Robertson က အကြံပြုပါတယ်။

“မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြုပ်နှံထားတဲ့ ကုမ္ပဏီတွေအနေနဲ့ ဘယ်လိုကဏ္ဍမျိုးမှာ ရင်းနှီးမြုပ်နှံထားကြတယ်ဆိုတာကို သက်ဆိုင်ရာ နိုင်ငံအသီးသီးမှာ ပြန်သုံးသပ်တာ၊ နောက် ဦးပိုင်ကုမ္ပဏီလို စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူတာလို စစ်တပ်ကို စီးပွားရေးအရ အထိနာစေမယ့်ကိစ္စတွေကို လုပ်ဆောင်ကြဖို့ လိုပါတယ်။”

NUG - ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အာဆီယံဆိုင်ရာသံအမတ်ကြီး ဦးဘိုလှတင့်ကတော့ အာဆီယံအဖွဲ့အတွင်း မြန်မာ့အရေးကို ထောက်ခံအားပေးကြတဲ့ နိုင်ငံတွေနဲ့အတူလက်တွဲ လုပ်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

"ဒီထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက

သူတို့တတ်နိုင်သမျှ အစည်းအဝေး ဆွေးနွေးပွဲတွေမှာ ထည့်သွင်းဆွေးနွေးတာတွေ၊ ကျန်တဲ့ ဆောင်ရွက်မှုတွေအားလုံးကို ကျနော်တို့က အားရကျေနပ်မှု ရှိပါတယ်။ ဆက်ပြီးတော့လဲ ကျနော်တို့ နီးနီးကပ်ကပ်နဲ့ ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သွားကြဖို့ ရှိပါတယ်။ "

(၂) ရက်ကြာ ကျင်းပခဲ့တဲ့ ဒီထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ကောင်စီ အကြီးအကဲကို ဖိတ်ကြားခြင်းမပြုခဲ့ဘဲ မြန်မာနိုင်ငံကိုယ်စားပြု နေရာမှာ ခုံအလွတ်ကိုသာ ချထားခဲ့ပါတယ်။

ထိပ်သီးစည်းဝေးပွဲ ကာလအတွင်းမှာလဲ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို အမေရိကန်အစိုးရက ဖိတ်ကြားပြီး ဒုတိယနိုင်ငံခြားရေးကြီး Wendy Sherman အပါအဝင် အစိုးရအရှိတွေ၊ လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။ မြန်မာစစ်ကောင်စီကတော့ အမေရိကန်အစိုးရရဲ့ အခုလို ရပ်တည်လုပ်ဆောင်ချက်တွေအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဝါရှင်တန် ဒီစီမြို့မှာ မေလ ၁၄ ရက်နေ့က တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ဖြေရှင်းဆောင်ရွက်ရာမှာ NUG ကို ထိစပ်ဆောင်ရွက်ဖို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ အာဆီယံ အထူးကိုယ်စားလှယ် Prak Sakhunn ကို တိုက်တွန်းထားပါတယ်။

XS
SM
MD
LG