သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီတုပ်ကွေးအတွက် ကြိုတင်ပြင်ဆင်မူ


FILE PHOTO: A child receives a vaccination as part of the start of the seasonal flu vaccination campaign as a preventive measure due to the outbreak of coronavirus disease (COVID-19), in Santiago, Chile March 16, 2020. REUTERS/Ivan Alvarado/File Photo
FILE PHOTO: A child receives a vaccination as part of the start of the seasonal flu vaccination campaign as a preventive measure due to the outbreak of coronavirus disease (COVID-19), in Santiago, Chile March 16, 2020. REUTERS/Ivan Alvarado/File Photo

မိုးတွင်းကာလမှာ အဖြစ်များလေ့ရှိတဲ့ ရာသီတုပ်ကွေးဟာ တချို့လူတွေမှာ ပြင်းထန်နိုင်တာမို့ ကြိုတင် ကာကွယ်နိုင်ရေး ပြင်ဆင်ကြဖို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုတိုက်တွန်းနေပါတယ်။

ဇွန်လမှာ စဖြစ်ပြီး၊ ဇူလိုင်မှာ အဖြစ်အများဆုံး ဖြစ်လေ့ရှိတဲ့ ရာသီတုပ်ကွေးကို ကြိုတင်ကာကွယ်ဖို့ ရာသီတုပ်ကွေး ကာကွယ်ဆေးကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ရန်ကုန်လိုမြို့ကြီးတွေက ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတချို့မှာ အခကြေးငွေပေးပြီး ထိုးနိုင်ပါတယ်။ အထူးသဖြင့် ကျောင်းတွေပြန်ဖွင့်ပြီး လူစုလူဝေးနဲ့ ထိတွေ့မူတွေ ပြန်ဖြစ်လာချိန်မှာ၊ နှာစေးချောင်းဆိုးတာကတဆင့် ကူးစက်တဲ့ ဒီတုပ်ကွေး စဖြစ်လာနိုင်လို့ပါ။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အရင်ကတော့ ရာသီတုပ်ကွေး ကာကွယ်ဆေးကို ကူးစက်ခံရလွယ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အခမဲ့ထိုးပေးပြီး၊ သူတို့ကတဆင့် ကိုယ်ခံအားနည်းတဲ့ လူနာတွေကို အလွယ်ကူးစက်မခံရရေးကို ရည်ရွယ်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ရာသီတုပ်ကွေး ကာကွယ်ဆေးက တစ်နှစ်သာခံပြီး၊ နှစ်စဉ်ထိုးပေးရတာမို့၊ တနိုင်ငံလုံးက လူတွေကို အခမဲ့ထိုးပေးဖို့က မြန်မာနိုင်ငံမှာ အခက်အခဲ ရှိနေပါသေးတယ်။ တခြားနိုင်ငံတွေမှာတော့ ပုဂ္ဂလိက ဆေးရုံကဝန်ထမ်းတွေနဲ့ စက်ရုံအလုပ်ရုံ ဝန်ထမ်းတွေအတွက် သက်ဆိုင်ရာ ဆေးရုံနဲ့အလုပ်ပိုင်ရှင်တွေက ကိုယ့်ဟာကိုယ် တာဝန်ယူပြီး အစုလိုက်အပြုံလိုက် အခမဲ့ထိုးပေးလေ့ ရှိပါတယ်။ အကြောင်းက ဒီလုပ်သားတွေ ရာသီတုပ်ကွေးဖြစ်ပြီး အလုပ်မဆင်းနိုင်လျှင် လုပ်ငန်းပျက်ကာ ဆုံးရှုံးနိုင်တာထက်၊ ဒီ ကာကွယ်ဆေးစရိတ်က အများကြီး ပိုသက်သာ အကျိုးရှိနေတာကို ကြိုတွက်ချက်မိကြလို့ပါ။

ရာသီတုပ်ကွေးကာကွယ်ဆေးကို မြန်မာနိုင်ငံရှိ ရန်ကုန်လို မြို့ကြီးက ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတချို့မှာ လူအနည်းငယ် စထိုးလာကြပေမဲ့၊ နယ်တွေဘက်မှာပါတော့ ကျယ်ကျယ်ပြန်ပြန့်နဲ့ ထိုးနိုင်တာမျိုး မရှိသေးပါဘူး။ လူတစ်ဦးလျှင် ကျပ်ငွေ နှစ်သောင်းခွဲကနေ လေးသောင်းဝန်းကျင်အတွင်း ကုန်ကျနိုင်တဲ့၊ ဒီကာကွယ်ဆေးကို လူတိုင်း ထိုးနိုင်ဖို့ ကုန်ကျစရိတ် မတတ်နိုင်လျှင်တောင်၊ အန္တရာယ်ရှိနိုင်သူတွေကို ဦးစားပေး ထိုးပေးသင့်ပါတယ်။ အခုလို ဦးစားပေး ထိုးပေးသင့်သူတွေကတော့ (၅) နှစ်အောက်ကလေးတွေ (၆ လအရွယ်က စထိုးနိုင်)၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ အသက် (၆၀-၆၅) နှစ်အထက် လူကြီးတွေ၊ ရောဂါခံရှိသူတွေ (နှလုံး ဆီးချို သွေးတိုး၊ ကင်ဆာ)၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူအများနဲ့ဆက်ဆံရတဲ့ ဝန်ထမ်းမျိုးတွေ ဖြစ်ပါတယ်။

တခြားကာကွယ်နည်းတွေကတော့ ကိုဗစ်နဲ့ အတူတူပါ။ ရာသီတုပ်ကွေးက ကိုဗစ်-19 လိုပဲ နှာချေ ချောင်းဆိုးတာကတဆင့် ကူးစက်တာကြောင့်၊ ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) တပ်တာ၊ လက်ကို မကြာခဏဆေးတာ၊ လူစုလူဝေး တတ်နိုင်သမျှ ရှောင်တာ၊ ချောင်းဆိုးချိန် တံတောင်ဆစ် (သို့မဟုတ်) လက်ကိုင်ပုဝါနဲ့ အုပ်ဆိုးတာတွေနဲ့ ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် အခြေခံကျန်းမာရေးကောင်းဖို့ အာဟာရပြည့်ဝအောင် အစားမှန်မှန်စားတာ၊ အိပ်ရေးဝအောင် အိပ်စက်အနားယူတာ၊ ပုံမှန်အားကစား လေ့ကျင့်ခန်းလုပ်တာ စတာတွေနဲ့ ကိုယ်ခံအားကောင်းအောင် နေတာတွေကလည်း ကာကွယ်ရေးအတွက် အထောက်အကူပြုပါတယ်။

အခုလို ကာကွယ်နေတဲ့ကြားက ရာသီတုပ်ကွေး ဖြစ်လာလျှင် ကြိုသိနိုင်တဲ့ လက္ခဏာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကိုဗစ်နဲ့ဆင်ပြီး မှားနိုင်တာတွေတော့ ရှိပါတယ်။ ကိုဗစ်မှာရော ရာသီတုပ်ကွေးမှာပါ အဓိက လက္ခဏာတွေက - နှာစေးတာ၊ ချောင်းဆိုးတာ၊ ဖျားတာ၊ တကိုယ်လုံး ကိုက်ခဲတာတွေ ဖြစ်နေလို့ပါ။ တချို့ ရာသီတုပ်ကွေး လူနာတွေမှာ ချမ်းတာလည်း ဖြစ်နိုင်ပါတယ်။ ကိုဗစ်နဲ့ ခွဲခြားသိနိုင်ဖို့ အထောက်အကူပြုနိုင်တဲ့ လက္ခဏာတစ်ခုကတော့ ဘယ်ရောဂါ ဖြစ်ထားခဲ့သူနဲ့ အစောပိုင်းမှာ အထိအတွေ့ ရှိခဲ့တဲ့ နောက်ခံအကြောင်းရင်းပါ။ လက်ရှိမှာ နေ့စဉ်နီးပါး အဖြစ်များနေတဲ့ သွေးလွန်တုပ်ကွေးကတော့ ရာသီတုပ်ကွေးလက္ခဏာနဲ့ ကွာခြားမူတချို့ ရှိရာမှာ၊ ချောင်းဆိုး နှာစေးတာအပြင်၊ ပိုပြီး ကိုယ်လက်ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ နောက် သီးသန့်ထူးခြားတဲ့ အော့အန်တာ၊ ဗိုက်နာတာ၊ အရည်ပြား အပိန့်နဲ့ အနီစက်တွေထွက်တာ၊ နှာခေါင်းသွေးလျှံတာ၊ အလွန်အကျွံအိပ်ချင်မှိန်းတာ စတာတွေ ဖြစ်လေ့ရှိပါတယ်။

ရာသီတုပ်ကွေး ပြုစုကုသမူကလည်း ကိုဗစ်လိုပဲ၊ တခြား ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတွေကို ကုသပုံနဲ့ ယျေဘူယျအားဖြင့် တူပါတယ်။ ရေများများသောက်၊ များများအိပ်စက်အနားယူ၊ ကောင်းကောင်းစားတာအပြင်၊ ဖြစ်လာတဲ့ လက္ခဏာတွေအလိုက် သက်သာအောင် ကုသတာ (Symptomatic Treatment) ပါ။ ဥပမာ ဖျားနာလျှင် ပါရာစီတမော၊ နှာစေးလျှင် နှာစေးပျောက်ဆေး (Antihistamine)၊ ချောင်းဆိုးလျှင် ချောင်းဆိုးပျောက်ဆေး စတာတွေ သောက်သင့်ပါတယ်။ ပုံမှန်အားဖြင့်တော့ ရက်ပိုင်းအနည်းငယ် (၂-၃ ရက်) အတွင်း အဖျားကျ စသက်သာလာလေ့ ရှိပါတယ်။ ဒါပေမဲ့ ရက်ရှည် အဖျားဆက်ကြီးနေပြီး၊ ရက်အတော်ကြာ မသက်သာလျှင်တော့ ဆေးရုံ၊ ဆေးခန်းတွေကို အမြန်ပြသင့်ပါတယ်။ အကြောင်းက ဘက်တီးရီယားပိုး ဆက်ဝင်လာပြီး၊ အဆုပ်အအေးမိတာမျိုး နောက်ဆက်တွဲဖြစ်ကာ၊ ကိုယ်ခံအားနည်းသူတွေမှာ (အသက်ကြီးသူ၊ ငယ်လွန်းသူ၊ ရောဂါအခံရှိသူ) အသက်အန္တရာယ် ရှိနိုင်လို့ပါ။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစားဌာနမှူး၊ ပါမောက္ခဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်းထားပါတယ်။

=== Unicode ===








XS
SM
MD
LG