သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းဘက်က ဝင်တိုက်တဲ့ ဗြိတိန်နဲ့ မော်ရိုကို နိုင်ငံသားတွေကို Donetsk တရားရုံး သေဒဏ်ပေး


Donetsk ဒွန်းညက်ဒေသ တိုက်ပွဲ
Donetsk ဒွန်းညက်ဒေသ တိုက်ပွဲ

[[ ZAWGYI / UNICODE ]]

ယူကရိန်းဘက်က ဝင်တိုက်တဲ့ ဗြိတိန်နဲ့ မော်ရိုကို နိုင်ငံသားတွေကို Donetsk တရားရုံးသေဒဏ်ပေး

ရုရှားနဲ့စစ်ပွဲမှာ ယူကရိန်းတပ်တွေဖက်က ဝင်တိုက်ပေးခဲ့သူတွေအဖြစ် ဗြိတိန်နိုင်ငံသား ၂ ဦးနဲ့ မော်ရိုကိုနိုင်ငံသား ၁ ဦးတို့ကို သေဒဏ်စီရင်ချက် ချမှတ်လိုက်ကြောင်း ယူကရိန်းအရှေ့ပိုင်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေက ပြောလိုက်ပါတယ်။ နိုင်ငံခြားသား အမျိုးသား ၃ ယောက်ဟာ ယူကရိန်းတပ်တွေဖက်ကနေ ကြေးစားအဖြစ် တိုက်ခိုက်ပေးခဲ့တာကြောင့် အပြစ်ရှိကြောင်းနဲ့ သာမာန်စစ်သုံ့ပမ်းတွေလို ခံစားခွင့် မရှိကြောင်း ယူကရိန်းအရှေ့ပိုင်း Donetsk ဒေသ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

ယူကရိန်းကခွဲထွက်ပြီး Donetsk ပြည်သူ့သမ္မတနိုင်ငံအဖြစ် ကြေညာထားတဲ့ ဒေသက တရားရုံးကိုတော့ နိုင်ငံတကာက အသိအမှတ်ပြု မထားပါဘူး။ ဗြိတိန်နိုင်ငံက Shaun Pinner မော်ရိုကိုက Saaudun Brahim တို့နဲ့အတူ သေဒဏ်စီရင်ချက် ချခံခဲ့ရတဲ့ Aiden Aslin ကတော့ မျှတမှုမရှိတဲ့ ဆုံးဖြတ်ချက်အဖြစ် ပြောခဲ့ပါတယ်။

“စုံစမ်းစစ်ဆေးမှုမှာ ကူညီခဲ့သလို၊ လက်နက်ချ အဖမ်းခံခဲ့တာကြောင့် မျှမျှတတနဲ့ စီရင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာပါ။” လို့ ကြာသပတေးနေ့ တရားခွင်မှာ သတင်းထောက်တွေကို ပြောဆိုလိုက်တာပါ။

ဗြိတိန်နိုင်ငံက Pinner နဲ့ Aslin တို့ ၂ ဦးကတော့ Mariupol ဆိပ်ကမ်းမြို့မှာ ဧပြီလလယ်က ရုရှားလိုလားတဲ့ တပ်ဖွဲ့တွေထံ လက်နက်ချခဲ့တာဖြစ်ပြီး၊ မော်ရိုကိုနိုင်ငံက Brahim ကတော့ အရှေ့ပိုင်း Volnovakha မြို့မှာ မတ်လလယ်လောက်က လက်နက်ချခဲ့တာပါ။ သေဒဏ်စီရင်ချက်အတွက် အယူခံဝင်ဖို့ ၁ လ အချိန်ရပြီး၊ ပြစ်ဒဏ်စီရင်ခံရမယ်ဆိုရင်တော့ သေနတ်ပစ်တပ်ဖွဲ့က ကွပ်မျက်တာခံရမှာ ဖြစ်ပါတယ်။

ယူကရိန်းတပ်တွေကို ကူညီနေတယ်လို့ စွပ်စွဲခံထားရသူ နောက်တဦးဖြစ်တဲ့ ဗြိတိန်နိုင်ငံက Andrew Hill ဟာလည်း တရားခွင်မှာ အမှုရင်ဆိုင်နေရတာပါ။ ဗြိတိန်နိုင်ငံခြားရေးဌာနကတော့ စစ်သုံ့ပမ်းတွေကို နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ပြစ်ဒဏ်စီရင်တဲ့ လုပ်ရပ်အဖြစ် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ တိုက်ခိုက်ရေးသမားတွေအဖြစ် လွတ်ငြိမ်းခွင့် ရှိရမှာဖြစ်ပြီး၊ စစ်ပွဲမှာ ပါဝင်တာကြောင့် အရေးယူတာမျိုး မလုပ်သင့်ဘူးလို့လည်း ဗြိတိန်နိုင်ငံခြားရေးဌာနက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

===================

{{ UNICODE }}







XS
SM
MD
LG