သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကို အမေရိကန် ချောင်ပိတ်ဖို့ကြိုးပမ်းလျှင် ထိပ်တိုက်တွေ့မည် (တရုတ်ကာကွယ်ရေးဝန်ကြီး)


တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Wei Fenghe (Singapore, June 12, 2022)
တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Wei Fenghe (Singapore, June 12, 2022)

[[ ZAWGYI / UNICODE ]]

တရုတ်ကို အမေရိကန် ချောင်ပိတ်ဖို့ကြိုးပမ်းလျှင် ထိပ်တိုက်တွေ့မည် (တရုတ်ကာကွယ်ရေးဝန်ကြီး)

အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်ကို ချောင်ပိတ်မိအောင် လုပ်ဆောင်နေပြီး တရုတ်ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေတာကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားရတာဖြစ်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Wei Fenghe က တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု အနေနဲ့ တရုတ်ပြည်အပေါ် မဟုတ်မှန် စွပ်စွဲပြောဆိုတာတွေနဲ့ တရုတ်ပြည်ကို အထီးကျန်အောင် ဝိုင်းပတ်ပိတ်ဆို့တာတွေ မလုပ်ဖို့၊ ဒါ့အပြင် ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်တာတွေ မလုပ်ဖို့ တရုတ်အနေနဲ့ တောင်းဆိုတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးက စင်္ကာပူနိုင်ငံမှာပြုလုပ်တဲ့ ရှန်ဂရီလာ ဆွေးနွေးပွဲရဲ့ နောက်ဆုံးနေ့မှာပြောဆိုခဲ့ပါတယ်။ ဒါတွေကိုအမေရိကန်ဘက်က လိုက်နာလုပ်ဆောင်နိုင်ခြင်း မရှိရင် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်လာမှာ မဟုတ်ဘူးလို့လည်း တရုတ်ကာကွယ်ရေးဝန်ကြီးက ပြောဆိုပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က မဟာမိတ်နိုင်ငံတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့၊ သူတို့နဲ့အတူ ရပ်တည်သွားမယ်လို့ စနေနေ့တုန်းက ပြောဆိုခဲ့ပြီးနောက် တရုတ်ကာကွယ်ရေးဝန်ကြီးက အခုလို တုန့်ပြန်ပြောဆိုလိုက်တာပါ။

တရုတ်အနေနဲ့ သူရဲ့ပိုင်နက် နယ်မြေ သတ်မှတ်ချက်တွေအတွက် ပိုပြီးအတင်းအကြပ် အပြင်းအထန် လုပ်ဆောင်လာနေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ တရုတ်ပြည်တပြည်ထဲမူ One China Policy အရ၊ Taiwan Relation Act ထိုင်ဝမ်နဲ့ဆက်ဆံရေး အက်ဥပဒေအတိုင်း လုပ်ဆောင်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီး Lloyd Austin ကပြောဆိုပါတယ်။ အဲဒီ အက်ဥပဒေထဲမှာ ထိုင်ဝမ်အနေနဲ့ လုံလောက်တဲ့ ခုခံကာကွယ်ရေး စွမ်းရည်ရှိဖို့ ကူညီထောက်ပံ့သွားမယ် ဆိုတဲ့အချက် ပါရှိတယ်လို့လည်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

======================

{{ UNICODE }}






XS
SM
MD
LG