သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေဇုံတောတွင်း ပျောက်ဆုံးနေတဲ့ ဗြိတိန်သတင်းထောက် ရုပ်အလောင်း ရှာဖွေတွေ့ရှိ


ဗြိတိသျှ သတင်းထောက် Dom Phillips နဲ့ ဘရာဇီး ဌာနေတိုင်းရင်းသားရေးရာ ကျွမ်းကျင်သူ Bruno Pereira
ဗြိတိသျှ သတင်းထောက် Dom Phillips နဲ့ ဘရာဇီး ဌာနေတိုင်းရင်းသားရေးရာ ကျွမ်းကျင်သူ Bruno Pereira

Zawgyi/Unicode

အမေဇုံတောတွင်း ပျောက်ဆုံးနေတဲ့ ဗြိတိန်သတင်းထောက် ရုပ်အလောင်း ရှာဖွေတွေ့ရှိ

ဘရာဇီးနိုင်ငံရဲ့ အမေဇုန် အမြဲစိမ်းသစ်တောထဲ တပတ်ကျော်ကြာ ပျောက်ဆုံးနေတဲ့ ဗြိတိန် သတင်းထောက် Dom Phillips နဲ့ ဘရာဇီး ဌာနေတိုင်းရင်းသားရေးရာ ကျွမ်းကျင်သူ Bruno Pereira တို့ရဲ့ ရုပ်အလောင်းတွေကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ သတင်းထောက် Phillips ရဲ့ဇနီးကို ကိုးကားပြီး G1 သတင်းဌာနက တနင်္လာနေ့မှာ ရေးပါတယ်။

ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့က အမေဇုန်တောထဲက ချောင်းလက်တက် တခုနားမှာ သူတို့ရဲ့ပစ္စည်းတချို့ကို ရှာဖွေ တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဘရာဇီးရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ အဲဒီပစ္စည်းတွေထဲမှာ ဌာနေတိုင်းရင်းသားအရေး ကျွမ်းကျင်သူ Pereira ရဲ့ကျန်းမာရေးအာမခံ ကဒ်ပြားနဲ့ သတင်းထောက်ရဲ့ အဝတ်အိတ်နဲ့ သူတို့ နှစ်ဦးစလုံးရဲ့ ဖိနတ်တွေလည်း ပါဝင်တာပါ။

သူတို့ ရုပ်အလောင်းတွေ တွေ့တယ်ဆိုတာကို အာဏာပိုင်တွေဖက်က အတည်ပြုချက် မပေးသေးဘူးလို့ G1 သတင်းက ရေးပါတယ်။ သတင်းထောက် Phillips နဲ့ ဌာနေတိုင်းရင်းသားအရေး ကျွမ်းကျင်သူ Pereira တို့ဟာ ဇွန်လ(၅)ရက်နေ့က မြစ်ကြောင်းတလျှောက် စုန်ဆင်းသွားတာကို တွေ့ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ Phillips ဟာ The Guardian နဲ့ The Washington Post တို့မှာ အလွတ် သတင်းထောက်အဖြစ် လုပ်ကိုင်နေသူပါ။

သူတို့ နှစ်ဦးဟာ ပီရူးနဲ့ ကိုလံဘီယာနယ်စပ်နား ဝေးလံခေါင်းဖျားတဲ့ ဒေသမှာရှိတဲ့ တောတွင်းလူသားနဲ့ ပတ်သက်ပြီး သတင်းရယူဖို့ အဲဒီခရီးကို ထွက်သွားကြတာ ဖြစ်ပါတယ်။ ဒီတောအုပ်ကြီးထဲမှာ တရားမဝင် သစ်ခိုးထုတ်မှု ၊ သတ္တု တူးဖေါ်မှုနဲ့ တရားမဝင် အမဲလိုက်တာတွေ ရှိသလို၊ မူးယစ်မှောင်ခိုဂိုဏ်းတွေ လှုပ်ရှားနေတဲ့ ဒေသလည်း ဖြစ်ပါတယ်။ သူတို့ နှစ်ဦးပျောက်ဆုံးနေတဲ့ သတင်းက ဟိုးလေးတကျော် ဖြစ်သွားတာကြောင့် သူတို့ကိုရှာဖွေဖို့ ဘရာဇီးသမ္မတ Jair Bolsonaro က တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

##

တိုက်ရိုက် လင့်ခ်






XS
SM
MD
LG