သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ရသူ ၁.၂ သန်းရှိ (UNHCR)


ထိုင်းမြန်မာ နယ်စပ်မှာ တွေ့ရတဲ့ နေရပ်စွန့်ခွာလာသူများ။ Photo: Steve Sandford
ထိုင်းမြန်မာ နယ်စပ်မှာ တွေ့ရတဲ့ နေရပ်စွန့်ခွာလာသူများ။ Photo: Steve Sandford

[[ ZAWGYI / UNICODE ]]

စစ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ရသူ ၁.၂ သန်းရှိ (UNHCR)

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊ အရေးယူအပြစ်ပေးမှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်ဟာ ၁၀ နှစ်ဆက်တိုက် တိုးလာနေပြီး၊ မှတ်တမ်းပြုစုချိန်ကစလို့ ၂၀၂၁ ခုနှစ်မှာ အမြင့်ဆုံးဖြစ်ခဲ့ကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။

“၂၀၂၁ ခုနှစ်ထဲ မှတ်တမ်းတွေအရ ၈၉ သန်းရှိပါတယ်။ ယူကရိန်းစစ်ပွဲ မတိုင်ခင်မှာ ကတည်းက ကိန်းဂဏန်းတွေ မြင့်မားနေပြီး အရင်နှစ်ထက် ပိုများခဲ့သလို၊ နှစ်အတော်ကြာကတည်းက ဒီလိုအခြေအနေနဲ့ ကြုံနေရတာပါ။” လို့ ကမ္ဘာတလွှား နေရပ်စွန့်ခွာရသူတွေ အခြေအနေနဲ့ ပတ်သက်လို့ ၂၀၂၁ ခုနှစ်အတွက် အစီရင်ခံစာ ကြာသပတေးနေ့က ထုတ်ပြန်ရာမှာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi ကပြောဆိုသွားတာပါ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလထဲ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာရသူ အရေအတွက် တိုးလာရာမှာ ၁.၂ သန်းလောက် ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။ ကြေကွဲစရာအခြေအနေနဲ့ ပဋိပက္ခတွေကို ဖြေရှင်းပြီး ရေရှည်အဖြေရှာနိုင်အောင် နိုင်ငံတကာ အသိုင်းအဝန်းက အတူတကွ မကြိုးပမ်းဘူး ဆိုရင်တော့ အခုလို အခြေအနေဆိုးနဲ့ ဆက်လက် ရင်ဆိုင်နေရလိမ့်ဦးမယ်လို့လည်း မဟာမင်းကြီးက သတိပေးခဲ့တာပါ။

ဒီနှစ်ဆန်းမှာ ယူကရိန်းကို ရုရှားရဲ့ ကျုးကျော်စစ်ကြောင့် ထွက်ပြေးရသူတွေ အပါအဝင် ကမ္ဘာတလွှား နေရပ်စွန့်ခွာရသူ သန်း ၁၀၀ ကျော် ရှိခဲ့ကြောင်း UNHCR အစီရင်ခံစာက ဖော်ပြပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့နှစ်ထဲမှာတင် ကမ္ဘာတလွှားမှာ နေရပ်စွန့်ခွာရသူ အရေအတွက်ဟာ စံချိန်တင် များပြားခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

===================

{{ UNICODE }}






XS
SM
MD
LG