သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တမန္ေတာ္ မိုဟာမက္ကို ေစာ္ကားတယ္ဆိုတဲ့ အိႏၵိယအမတ္ ၂ ဦးကို ရႈတ္ခ်ဖို႔ ဘဂၤလားမွာ ဆႏၵျပ


BANGLADESH-INDIA-RELIGION-ISLAM-PROTEST

[[ ZAWGYI / UNICODE ]]

တမန္ေတာ္ မိုဟာမက္ကို ေစာ္ကားတယ္ဆိုတဲ့ အိႏၵိယအမတ္ ၂ ဦးကို ရႈတ္ခ်ဖို႔ ဘဂၤလားမွာဆႏၵျပ

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ေထာင္နဲ႔ခ်ီတဲ့ မြတ္ဆလင္ေတြ ၾကာသာပေတးေန႔က ၿမိဳ႕ေတာ္ ဒက္ကာမွာ ခ်ီတက္ ဆႏၵျပၾကၿပီး တမန္ေတာ္ မိုဟာမက္အေပၚ ေစာ္ကားေျပာဆိုခဲ့တယ္လို႔ စြပ္စြဲခံထားရတဲ့ အိႏၵိယ အာဏာရပါတီ တာဝန္ရွိသူႏွစ္ဦးကို ဘဂၤလားေဒ့ရွ္နဲ႔ အိႏၵိယႏွစ္ႏိုင္ငံ အစိုးရေတြက တရားဝင္ ျပစ္တင္ရႈံ႕ခ်ေပးဖို႔ ေတာင္းဆိုၾကပါတယ္။

ဆႏၵျပသူေတြဟာ ဘဂၤလားေဒ့ရွ္ရဲ႕အဓိက ဗလီႀကီးျဖစ္တဲ့ Baitul Mukarram ကေန စတင္ထြက္ခြါၾကၿပီး အိႏၵိယသံ႐ုံးကို ဦးတည္သြားၾကပါတယ္။ ဒါေပမယ့္လည္း လမ္းမွာ ရဲေတြက ပိတ္ဆို႔ထားဆီးခဲ့ပါတယ္။ ဆႏၵျပသူေတြက မြတ္ဆလင္အမ်ားစုရွိတဲ့ ဘဂၤလားေဒ့ရွ္အေနနဲ႔ အိႏၵိယထုတ္ကုန္ေတြကို သပိတ္ေမွာက္ဖို႔နဲ႔ အိႏၵိယနဲ႔ အဆက္အသြယ္ျဖတ္ဖို႔ ေတာင္းဆိုၾကပါတယ္။ ဒါ့အျပင္ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာဆီနာအေနနဲ႔ တရားဝင္ ျပစ္တင္ရႈံ႕ခ်ဖို႔ ဆႏၵျပသူေတြက ေတာင္းဆိုပါတယ္။

ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာကေတာ့ အိႏၵိယနဲ႔ေကာင္းမြန္တဲ့ ဆက္ဆံေရးကို ထိန္းသိမ္းထားၿပီး၊ ဒီကိစၥဟာ အိႏၵိယရဲ႕ျပည္တြင္းေရးသာ ျဖစ္တယ္လို႔ သတင္းနဲ႔ျပန္ၾကားေရးဝန္ႀကီး Hassan Mahumud က သတင္းေထာက္ေတြကို ေျပာဆိုခဲ့တယ္လို႔ အိႏၵိယသတင္းဌာန တခုက ေဖၚျပပါတယ္။

လက္ရွိအိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီရဲ႕ပါတီျဖစ္တဲ့ ဗဟာရာတီရာ ပါတီက တာဝန္ရွိသူႏွစ္ဦးက တမန္ေတာ္ မိုဟာမက္နဲ႔ပတ္သက္ၿပီး ေစာ္ကား ေျပာဆိုခဲ့တယ္ဆိုကာ အခုလို မေၾကမနပ္ ျဖစ္ေနၾကတာပါ။ အဲဒီ စြပ္စြဲခံရသူႏွစ္ဦးကို ပါတီက ထုတ္ပယ္တာ၊ တာဝန္ကရပ္ဆိုင္းတာ စတဲ့ အပစ္ေပးအေရးယူမႈေတြ လုပ္ခဲ့ပါတယ္။

အခုလိုေျပာဆိုခဲ့တယ္ဆိုကာ မြတ္ဆလင္ႏိုင္ငံေတြျဖစ္တဲ့ ပါကစၥတန္၊ အာဖဂန္နစၥ တန္ႏိုင္ငံေတြအျပင္ အာရပ္ႏိုင္ငံ ၅ ႏိုင္ငံကလည္းရႈံ႕ခ် ခဲ့ၾကပါတယ္။

===============================

{{ UNICODE }}

တမန်တော် မိုဟာမက်ကို စော်ကားတယ်ဆိုတဲ့ အိန္ဒိယအမတ် ၂ ဦးကို ရှုတ်ချဖို့ ဘင်္ဂလားမှာဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထောင်နဲ့ချီတဲ့ မွတ်ဆလင်တွေ ကြာသာပတေးနေ့က မြို့တော် ဒက်ကာမှာ ချီတက် ဆန္ဒပြကြပြီး တမန်တော် မိုဟာမက်အပေါ် စော်ကားပြောဆိုခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အိန္ဒိယ အာဏာရပါတီ တာဝန်ရှိသူနှစ်ဦးကို ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနှစ်နိုင်ငံ အစိုးရတွေက တရားဝင် ပြစ်တင်ရှုံ့ချပေးဖို့ တောင်းဆိုကြပါတယ်။

ဆန္ဒပြသူတွေဟာ ဘင်္ဂလားဒေ့ရှ်ရဲ့အဓိက ဗလီကြီးဖြစ်တဲ့ Baitul Mukarram ကနေ စတင်ထွက်ခွါကြပြီး အိန္ဒိယသံရုံးကို ဦးတည်သွားကြပါတယ်။ ဒါပေမယ့်လည်း လမ်းမှာ ရဲတွေက ပိတ်ဆို့ထားဆီးခဲ့ပါတယ်။ ဆန္ဒပြသူတွေက မွတ်ဆလင်အများစုရှိတဲ့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ အိန္ဒိယထုတ်ကုန်တွေကို သပိတ်မှောက်ဖို့နဲ့ အိန္ဒိယနဲ့ အဆက်အသွယ်ဖြတ်ဖို့ တောင်းဆိုကြပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာအနေနဲ့ တရားဝင် ပြစ်တင်ရှုံ့ချဖို့ ဆန္ဒပြသူတွေက တောင်းဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာကတော့ အိန္ဒိယနဲ့ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး၊ ဒီကိစ္စဟာ အိန္ဒိယရဲ့ပြည်တွင်းရေးသာ ဖြစ်တယ်လို့ သတင်းနဲ့ပြန်ကြားရေးဝန်ကြီး Hassan Mahumud က သတင်းထောက်တွေကို ပြောဆိုခဲ့တယ်လို့ အိန္ဒိယသတင်းဌာန တခုက ဖေါ်ပြပါတယ်။

လက်ရှိအိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ပါတီဖြစ်တဲ့ ဗဟာရာတီရာ ပါတီက တာဝန်ရှိသူနှစ်ဦးက တမန်တော် မိုဟာမက်နဲ့ပတ်သက်ပြီး စော်ကား ပြောဆိုခဲ့တယ်ဆိုကာ အခုလို မကြေမနပ် ဖြစ်နေကြတာပါ။ အဲဒီ စွပ်စွဲခံရသူနှစ်ဦးကို ပါတီက ထုတ်ပယ်တာ၊ တာဝန်ကရပ်ဆိုင်းတာ စတဲ့ အပစ်ပေးအရေးယူမှုတွေ လုပ်ခဲ့ပါတယ်။

အခုလိုပြောဆိုခဲ့တယ်ဆိုကာ မွတ်ဆလင်နိုင်ငံတွေဖြစ်တဲ့ ပါကစ္စတန်၊ အာဖဂန်နစ္စ တန်နိုင်ငံတွေအပြင် အာရပ်နိုင်ငံ ၅ နိုင်ငံကလည်းရှုံ့ချ ခဲ့ကြပါတယ်။

XS
SM
MD
LG