သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေ႐ႊ႕ေျပာင္းလုပ္သားနဲ႔ စစ္ေဘးေရွာင္တို႔အတြက္ အြန္လိုင္းေဆးကုခန္း


New Myanmar Foundation

[[ ZAWGYI / UNICODE ]]

ေ႐ႊ႕ေျပာင္းလုပ္သားနဲ႔ စစ္ေဘးေရွာင္တို႔အတြက္ အြန္လိုင္းေဆးကုခန္း

ထိုင္းျမန္မာနယ္စပ္က ေ႐ႊေျပာင္းအလုပ္သမားေတြအျပင္ ႏိုင္ငံေရးစစ္ေရးအေျခအေနေၾကာင့္ထြက္ေျပးတိမ္းေရွာင္လာတဲ့ဒုကၡသည္ေတြအတြက္က်န္းမာေရးဆိုင္ရာအေထာက္အကူညီရရွိဖို႔အတြက္ New Myanmar Foundation ကေစတနာဝန္ထမ္းဆရာဝန္ေတြကိုသုံးၿပီး အြန္လိုင္းကေန ေဆးကုသေပးတဲ့ Tele Health ဆိုတဲ့အစီစဥ္ကို ဇြန္လက စတင္ခဲ့ပါတယ္။ ဒီသတင္းကိုဗြီအိုေအသတင္းေထာက္မေအးေအးမာကသတင္းေပးပို႔ထားပါတယ္။

ထိုင္းျမန္မာနယ္စပ္က ေ႐ႊေျပာင္းအလုပ္သမားေတြအျပင္ က်န္းမားေရးေစာင့္ေရွာက္မူနဲ႔ပတ္သက္လို႔လက္လွမ္းမမွီတဲ့ေနရာက ျမန္မာျပည္သူျပည္သားေတြ ျမန္မာႏိုင္ငံအတြင္းႏိုင္ငံေရးပဋိပကၡေတြေၾကာင့္ ထိုင္းျမန္မာနယ္စပ္ကိုထြက္ေျပးတိမ္းေရွာင္လာတဲ့ဒုကၡသည္ေတြအတြက္က်န္းမာေရးဆိုင္ရာအေထာက္အကူေတြရရွိဖို႔အတြက္ New Myanmar Foundation အြန္လိုင္းကေန ေဆးကုသမူေပးတဲ့ Tele Health အစီစဥ္ကို စတင္ခဲ့တာျဖစ္ေၾကာင္း Tele Health အစီအစဥ္ရဲတာဝန္ခံ မေငြရည္လြင္ကအခုလိုေျပာပါတယ္။

" ထိုင္းႏိုင္ငံထဲကိုေရာက္လာၾကတဲ့ သူေတြအရမ္းမ်ားတယ္ ေ႐ႊေျပာင္းအလုပ္သမားေတြကအရင္က တရားဝင္လာလို႔ရတယ္ အခုကေတာ့တရားဝင္လာလို႔မရၾကဘူး တရားမဝင္ေနတဲ့သူေတြအရမ္းမ်ားလာတယ္အဲဒီေတာ့ အျပင္ထြက္ဖို႔ခက္တာရယ္ ရဲဖမ္းခံရမယ္ဆိုတာေတြေၾကာင့္ ေငြေၾကးအဆင္မေျပတဲ့အတြက္က်န္းမာေရးအတြက္သူတို႔မွာအခက္အခဲျဖစ္တယ္ အဲဒီအတြက္ က်မတို႔က အဲဒါကိုတေတာင့္တေနရာကေန ေျဖရွင္းေပးဖို႔အတြက္က်မတို႔က Tele Health အစီစဥ္လုပ္တာေပါ့ေနာ္"

အခုဆိုရင္ ဒီအစီစဥ္ကိုေစတနာဝန္ထမ္းဆရာဝန္ ၂၆ဦးနဲ႔ ဇြန္လဆန္းကေန စတင္လုပ္ေဆာင္ခဲ့တာျဖစ္ေၾကာင္းကိုလည္းအခုလိုေျပာပါတယ္။

" ေ႐ႊေျပာင္းအလုပ္သမားေတြအတြက္နဲ႔ ျမန္မာျပည္ကထြက္လာတဲ့သူေတြအတြက္ေတာ့ မယ္ေတာ္ေဆးခန္းရွိပါတယ္ဒါေပမယ့္ ခက္အခဲက အဲဒီကိုသြားမယ့္လမ္းတေလ်ာက္မွာ ရဲကေစာင့္ေနတာေတြရွိေတာ့ လူေတြက သြားဖို႔ေၾကာက္ၾကတယ္ အဲဒါေၾကာင့္က်မတို႔က ဒီအစီစဥ္လုပ္တာေပါ့ေနာ္အခုက်မတို႔က ေဗာ္လန္တီယာလုပ္တယ္ ၿပီးေတာ့ကူညီေပးတဲ့ဆရာဝန္ေတြရွိတယ္ ဆရာဝန္ ၂၆ေယာက္ရွိတယ္ အဲဒီဆရာဝန္ေတြထဲမွာစပါယ္ရွယ္လစ္က ၁၂ေယာက္ပါတယ္ မနက္ ၆နာရီကေန ၁၂နာရီအတြင္းမွာတယ္လီဂရမ္ရဲ႕အပလီေကးရွင္းကို သုံးၿပီးလူနာကိုၾကည့္ေပးပါတယ္။"

အခုဆိုရင္ ဒီအစီစဥ္စတင္ခ်ိန္ကစၿပိးႏွစ္ပတ္အတြင္းမွာ လူနာေပါင္း ၄၀နီးပါးကို က်န္းမာေရးဆိုင္ရာအႀကံေပးတာကုသေပးတာေတြ လုပ္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း ေဆး႐ုံပို႔ရမယ့္လူနာေတြဆိုရင္လည္း မယ္ေတာ္ေဆးခန္းကိုလြဲွေျပာင္းေပးတာေတြလုပ္သြားမွာျဖစ္ေၾကာင္းကိုလည္းေျပာျပပါတယ္။

New Myanmar Foundation ကို ၂၀၀၈ခုႏွစ္ကေန စတင္တည္ေထာင္ခဲ့ၿပီး အစိုးရမဟုတ္တဲ့ NGO အဖြဲ႕အစည္းတခုျဖစ္ပါတယ္ ဒီေဖာင္ေဒးရွင္းက တည္ေထာင္ၿပီး၂ႏွစ္အတြင္းက အဓိကလုပ္ေဆာင္တာကေတာ့ ျမန္မာျပည္မွာနာဂစ္မုန္တိုင္းျဖစ္ၿပီးတဲ့ အခ်ိန္မွာလူသားခ်င္းစာနာတဲ့ အကူညီေတြေပးဖို႔နဲ႔ နာဂစ္မုန္တိုင္းေၾကာင့္ မိဘေတြဆုံးရႈံးသြားတဲ့မိဘမဲ့ကေလးေတြအတြက္ ပညာေရးဆိုင္ရာကိစေတြကူညီႏိုင္ဖို႔ရည္႐ြယ္ၿပီးဖြဲ႕စည္းခဲ့တာျဖစ္ပါတယ္၂၀၂၁ခုႏွစ့္ ျမန္မာႏိုင္ငံမွာစစ္တပ္ အာဏာသိမ္းၿပိးတဲ့အခ်ိန္မွာေတာ့ထိုင္းျမန္မာနယ္စပ္မွာ ႏိုင္ငံေရးေၾကာင့္တိမ္းေရွာင္လာသူေတြအတြက္ Telehealth အစီစဥ္အျပင္ အေျခခံစက္ခ်ဳပ္သင္တန္းနဲ႔ ရိကၡာေထာက္ပံ့ေရးလုပ္ငန္းေတြကို လုပ္ေဆာင္လာခဲ့တာ ျဖစ္ပါတယ္ရွင္။

==========================

{{ UNICODE }}

ရွှေ့ပြောင်းလုပ်သားနဲ့ စစ်ဘေးရှောင်တို့အတွက် အွန်လိုင်းဆေးကုခန်း

ထိုင်းမြန်မာနယ်စပ်က ရွှေပြောင်းအလုပ်သမားတွေအပြင် နိုင်ငံရေးစစ်ရေးအခြေအနေကြောင့်ထွက်ပြေးတိမ်းရှောင်လာတဲ့ဒုက္ခသည်တွေအတွက်ကျန်းမာရေးဆိုင်ရာအထောက်အကူညီရရှိဖို့အတွက် New Myanmar Foundation ကစေတနာဝန်ထမ်းဆရာဝန်တွေကိုသုံးပြီး အွန်လိုင်းကနေ ဆေးကုသပေးတဲ့ Tele Health ဆိုတဲ့အစီစဉ်ကို ဇွန်လက စတင်ခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်က ရွှေပြောင်းအလုပ်သမားတွေအပြင် ကျန်းမားရေးစောင့်ရှောက်မူနဲ့ပတ်သက်လို့လက်လှမ်းမမှီတဲ့နေရာက မြန်မာပြည်သူပြည်သားတွေ မြန်မာနိုင်ငံအတွင်းနိုင်ငံရေးပဋိပက္ခတွေကြောင့် ထိုင်းမြန်မာနယ်စပ်ကိုထွက်ပြေးတိမ်းရှောင်လာတဲ့ဒုက္ခသည်တွေအတွက်ကျန်းမာရေးဆိုင်ရာအထောက်အကူတွေရရှိဖို့အတွက် New Myanmar Foundation အွန်လိုင်းကနေ ဆေးကုသမူပေးတဲ့ Tele Health အစီစဉ်ကို စတင်ခဲ့တာဖြစ်ကြောင်း Tele Health အစီအစဉ်ရဲတာဝန်ခံ မငွေရည်လွင်ကအခုလိုပြောပါတယ်။

" ထိုင်းနိုင်ငံထဲကိုရောက်လာကြတဲ့ သူတွေအရမ်းများတယ် ရွှေပြောင်းအလုပ်သမားတွေကအရင်က တရားဝင်လာလို့ရတယ် အခုကတော့တရားဝင်လာလို့မရကြဘူး တရားမဝင်နေတဲ့သူတွေအရမ်းများလာတယ်အဲဒီတော့ အပြင်ထွက်ဖို့ခက်တာရယ် ရဲဖမ်းခံရမယ်ဆိုတာတွေကြောင့် ငွေကြေးအဆင်မပြေတဲ့အတွက်ကျန်းမာရေးအတွက်သူတို့မှာအခက်အခဲဖြစ်တယ် အဲဒီအတွက် ကျမတို့က အဲဒါကိုတတောင့်တနေရာကနေ ဖြေရှင်းပေးဖို့အတွက်ကျမတို့က Tele Health အစီစဉ်လုပ်တာပေါ့နော်"

အခုဆိုရင် ဒီအစီစဉ်ကိုစေတနာဝန်ထမ်းဆရာဝန် ၂၆ဦးနဲ့ ဇွန်လဆန်းကနေ စတင်လုပ်ဆောင်ခဲ့တာဖြစ်ကြောင်းကိုလည်းအခုလိုပြောပါတယ်။

" ရွှေပြောင်းအလုပ်သမားတွေအတွက်နဲ့ မြန်မာပြည်ကထွက်လာတဲ့သူတွေအတွက်တော့ မယ်တော်ဆေးခန်းရှိပါတယ်ဒါပေမယ့် ခက်အခဲက အဲဒီကိုသွားမယ့်လမ်းတလျောက်မှာ ရဲကစောင့်နေတာတွေရှိတော့ လူတွေက သွားဖို့ကြောက်ကြတယ် အဲဒါကြောင့်ကျမတို့က ဒီအစီစဉ်လုပ်တာပေါ့နော်အခုကျမတို့က ဗော်လန်တီယာလုပ်တယ် ပြီးတော့ကူညီပေးတဲ့ဆရာဝန်တွေရှိတယ် ဆရာဝန် ၂၆ယောက်ရှိတယ် အဲဒီဆရာဝန်တွေထဲမှာစပါယ်ရှယ်လစ်က ၁၂ယောက်ပါတယ် မနက် ၆နာရီကနေ ၁၂နာရီအတွင်းမှာတယ်လီဂရမ်ရဲ့အပလီကေးရှင်းကို သုံးပြီးလူနာကိုကြည့်ပေးပါတယ်။"

အခုဆိုရင် ဒီအစီစဉ်စတင်ချိန်ကစပြိးနှစ်ပတ်အတွင်းမှာ လူနာပေါင်း ၄၀နီးပါးကို ကျန်းမာရေးဆိုင်ရာအကြံပေးတာကုသပေးတာတွေ လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဆေးရုံပို့ရမယ့်လူနာတွေဆိုရင်လည်း မယ်တော်ဆေးခန်းကိုလွဲှပြောင်းပေးတာတွေလုပ်သွားမှာဖြစ်ကြောင်းကိုလည်းပြောပြပါတယ်။

New Myanmar Foundation ကို ၂၀၀၈ခုနှစ်ကနေ စတင်တည်ထောင်ခဲ့ပြီး အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတခုဖြစ်ပါတယ် ဒီဖောင်ဒေးရှင်းက တည်ထောင်ပြီး၂နှစ်အတွင်းက အဓိကလုပ်ဆောင်တာကတော့ မြန်မာပြည်မှာနာဂစ်မုန်တိုင်းဖြစ်ပြီးတဲ့ အချိန်မှာလူသားချင်းစာနာတဲ့ အကူညီတွေပေးဖို့နဲ့ နာဂစ်မုန်တိုင်းကြောင့် မိဘတွေဆုံးရှုံးသွားတဲ့မိဘမဲ့ကလေးတွေအတွက် ပညာရေးဆိုင်ရာကိစတွေကူညီနိုင်ဖို့ရည်ရွယ်ပြီးဖွဲ့စည်းခဲ့တာဖြစ်ပါတယ်၂၀၂၁ခုနှစ့် မြန်မာနိုင်ငံမှာစစ်တပ် အာဏာသိမ်းပြိးတဲ့အချိန်မှာတော့ထိုင်းမြန်မာနယ်စပ်မှာ နိုင်ငံရေးကြောင့်တိမ်းရှောင်လာသူတွေအတွက် Telehealth အစီစဉ်အပြင် အခြေခံစက်ချုပ်သင်တန်းနဲ့ ရိက္ခာထောက်ပံ့ရေးလုပ်ငန်းတွေကို လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG