သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံမွာ လူ႔ဂုဏ္သိကၡာနဲ႔ အသက္ရွင္သန္ခြင့္ကိုေလးစားဖို႔ ပုပ္ရဟန္းမင္းႀကီးတိုက္တြန္း


ပုပ္ရဟန္းႀကီး ဖရန္စစ္

[[ ZAWGYI / UNICODE ]]

ျမန္မာႏိုင္ငံမွာ လူ႔ဂုဏ္သိကၡာနဲ႔ အသက္ရွင္သန္ခြင့္ကိုေလးစားဖို႔ ပုပ္ရဟန္းမင္းႀကီးတိုက္တြန္း

ျမန္မာႏိုင္ငံမွာ ပဋိပကၡေတြအၾကား ျပည္သူေတြ အသက္အိုးအိမ္ ဆုံးရႈံးရတာနဲ႔ပတ္သက္ၿပီး ပုပ္ရဟန္းႀကီး ဖရန္စစ္က ျမန္မာႏိုင္ငံမွာ လူ႔ဂုဏ္သိကၡာနဲ႔ အသက္ရွင္ ရပ္တည္ခြင့္ကို ေလးစားဖို႔ တနဂၤေႏြေန႔ ဆုေတာင္းပြဲမွာ တိုက္တြန္း ေျပာဆိုလိုက္ပါတယ္။

ျမန္မာႏိုင္ငံက ဝမ္းနည္းစရာ သတင္းေတြကို သူ႔အေနနဲ႔ ေနာက္ထပ္ၾကားရျပန္တယ္လို႔ ေျပာဆိုပါတယ္။ ျမန္မာႏိုင္ငံမွာ ေနအိမ္ေတြမီးရႈိ႕ခံရၿပီး၊ အၾကမ္းဖက္တိုက္ခိုက္မႈေတြေၾကာင့္ လူအမ်ားအျပားဟာ အိုးအိမ္စြန႔္ခြါ ထြက္ေျပးၾကရၿပီး၊ သူတို႔အတြက္ အေျခခံလူသားခ်င္းစာနာမႈ အေထာက္အပံေတြလည္း မရွိဘူးျဖစ္ေနတယ္လို႔ ေရရႈခရစ္ေတာ္ လူဝင္စားျခင္းေန႔ ဆုေတာင္းပြဲအၿပီးမွာ ပုပ္ရဟန္းမင္းႀကီးက စိန႔္ပီတာရင္ျပင္ ဝတ္ျပဳဆုေတာင္းသူေတြကို ေျပာဆိုခဲ့ပါတယ္။

ျမန္မာႏိုင္ငံက ခရစ္ယာန္ဘုန္းေတာ္ႀကီးေတြရဲ႕ေတာင္းဆိုခ်က္ေတြမွာ သူလည္းအတူ ပူးေပါင္းပါဝင္ေၾကာင္းနဲ႔ ျမန္မာျပည္သူေတြကိုႏိုင္ငံတကာ အသိုင္းအဝိုင္းက ေမ့ေလ်ာ့မထားပါဘူးလို႔လည္း ပုပ္ရဟန္းမင္းႀကီးက ေျပာဆိုပါတယ္။

လူ႔ဂုဏ္သိကၡာနဲ႔ အသက္ရွင္ရပ္တည္ခြင့္ ဆိုတာကို ေလးစားၾကဖို႔ တိုက္တြန္းလိုက္ၿပီး စာသင္ေက်ာင္းေတြ၊ ေဆး႐ုံ ေဆးခန္းေတြနဲ႔ ဘာသာေရး အေဆာက္အဦးေတြကိုလည္း ေလးစားၾကဖို႔ ၊ မတိုက္ခိုက္ၾကဖို႔ကိုလည္း ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္က တိုက္တြန္းေျပာၾကားလိုက္ပါတယ္။

St.Peter ရင္ျပင္က ဆုေတာင္းပြဲကို တက္ေရာက္လာၾကာတဲ့ အီတလီႏိုင္ငံမွာရွိတဲ့ ျမန္မာအသိုင္းအဝိုင္းအတြက္ ပုပ္ရဟန္းမင္းႀကီးက အထူးတလည္ ေကာင္းခ်ီးေပးခဲ့ပါတယ္။

=====================

တိုက္႐ိုက္ လင့္ခ္

{{ UNICODE }}

မြန်မာနိုင်ငံမှာ လူ့ဂုဏ်သိက္ခာနဲ့ အသက်ရှင်သန်ခွင့်ကိုလေးစားဖို့ ပုပ်ရဟန်းမင်းကြီးတိုက်တွန်း

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေအကြား ပြည်သူတွေ အသက်အိုးအိမ် ဆုံးရှုံးရတာနဲ့ပတ်သက်ပြီး ပုပ်ရဟန်းကြီး ဖရန်စစ်က မြန်မာနိုင်ငံမှာ လူ့ဂုဏ်သိက္ခာနဲ့ အသက်ရှင် ရပ်တည်ခွင့်ကို လေးစားဖို့ တနင်္ဂနွေနေ့ ဆုတောင်းပွဲမှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက ဝမ်းနည်းစရာ သတင်းတွေကို သူ့အနေနဲ့ နောက်ထပ်ကြားရပြန်တယ်လို့ ပြောဆိုပါတယ်။ မြန်မာနိုင်ငံမှာ နေအိမ်တွေမီးရှို့ခံရပြီး၊ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူအများအပြားဟာ အိုးအိမ်စွန့်ခွါ ထွက်ပြေးကြရပြီး၊ သူတို့အတွက် အခြေခံလူသားချင်းစာနာမှု အထောက်အပံတွေလည်း မရှိဘူးဖြစ်နေတယ်လို့ ရေရှုခရစ်တော် လူဝင်စားခြင်းနေ့ ဆုတောင်းပွဲအပြီးမှာ ပုပ်ရဟန်းမင်းကြီးက စိန့်ပီတာရင်ပြင် ဝတ်ပြုဆုတောင်းသူတွေကို ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံက ခရစ်ယာန်ဘုန်းတော်ကြီးတွေရဲ့တောင်းဆိုချက်တွေမှာ သူလည်းအတူ ပူးပေါင်းပါဝင်ကြောင်းနဲ့ မြန်မာပြည်သူတွေကိုနိုင်ငံတကာ အသိုင်းအဝိုင်းက မေ့လျော့မထားပါဘူးလို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောဆိုပါတယ်။

လူ့ဂုဏ်သိက္ခာနဲ့ အသက်ရှင်ရပ်တည်ခွင့် ဆိုတာကို လေးစားကြဖို့ တိုက်တွန်းလိုက်ပြီး စာသင်ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေနဲ့ ဘာသာရေး အဆောက်အဦးတွေကိုလည်း လေးစားကြဖို့ ၊ မတိုက်ခိုက်ကြဖို့ကိုလည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

St.Peter ရင်ပြင်က ဆုတောင်းပွဲကို တက်ရောက်လာကြာတဲ့ အီတလီနိုင်ငံမှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းအတွက် ပုပ်ရဟန်းမင်းကြီးက အထူးတလည် ကောင်းချီးပေးခဲ့ပါတယ်။

XS
SM
MD
LG