သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေသဒဏ္ခ်မွတ္တဲ႔ စစ္ေကာင္စီလုပ္ရပ္ ႏိုင္ငံတကာရာဇဝတ္မႈ ေျမာက္ႏိုင္ (IIMM)


phyo and Jimmy

တရားမွ်တစြာ တရားစီရင္ႏိုင္ဖို႔လိုအပ္တဲ့ အေျခခံအခ်က္ေတြနဲ႔ မကိုက္ညီပဲ ေသဒဏ္ေပးတာမ်ိဳး ဒါမွမဟုတ္ ဖမ္းဆီး ခ်ဳပ္ေႏွာင္ထားတာမ်ိဳးက လူသားထုေပၚက်ဴးလြန္တဲ့ရာဇဝတ္မႈ ဒါမွဟုတ္ စစ္ရာဇဝတ္မႈ ၊ တခုထက္မကေသာ ျပစ္မႈကို ေျမာက္ေစမွာျဖစ္တယ္လို႔ IIMM တနလၤာေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ ေျပာၾကားလိုက္ပါတယ္။

Zawgyi/ Unicode

ေသဒဏ္ခ်မွတ္တဲ႔ စစ္ေကာင္စီလုပ္ရပ္ ႏိုင္ငံတကာရာဇဝတ္မႈ ေျမာက္ႏိုင္ (IIMM)

မွ်တစြာ တရားစီရင္ႏိုင္ဖို႔လိုအပ္တဲ့ အေျခခံအခ်က္ေတြနဲ႔ မကိုက္ညီပဲ ေသဒဏ္ေပးတာမ်ဳိး ဒါမွမဟုတ္ ဖမ္းဆီး ခ်ဳပ္ေႏွာင္ထားတာမ်ဳိးက လူသားထုေပၚက်ဴးလြန္တဲ့ရာဇဝတ္မႈ ဒါမွဟုတ္ စစ္ရာဇဝတ္မႈေတြကို က်ဴးလြန္ရာေရာက္ေစတယ္လို႔ IIMM ေခၚ ကုလသမဂၢရဲ့ ျမန္မာႏိုင္ငံဆို္င္ရာ လြတ္လပ္တဲ့ စံုစမ္းစစ္ေဆးေရးယႏၱရားအဖြဲ႔က တနလၤာေန႔မွာ ေၾကညာခ်က္ထုတ္ျပန္ ေျပာၾကားလိုက္ပါတယ္။

ထင္ရွားတဲ့ ႏိုင္ငံေရးသမားေတြျဖစ္တဲ့ ၈၈ မ်ဳိးဆက္ေခါင္းေဆာင္ ဦးဂ်င္မီနဲ႔ NLD လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္ခဲ့သူ ဦးၿဖဳိးေဇယ်ာေသာ္တို႔ အပါအဝင္ လူ(၄)ဦးကို ၿပီးခဲ့တဲ့ သီတင္းပတ္ေတြထဲ စစ္ခုံ႐ုံးက ေသဒဏ္အမိန္႔ဆုံးျဖတ္ခဲ့ၿပီးေနာက္ IIMM အဖြဲ႔က အနီးကပ္ ေစာင့္ၾကည့္ေနေၾကာင္း ေၾကညာခ်က္က ဆိုပါတယ္။

အဆိုပါႏိုင္ငံေရးအက်ဥ္းသား (၄)ဦးကို အမ်ားေရွ႕ေမွာက္ စစ္ေဆးၾကာနာမႈ မလုပ္ပဲ စစ္ခုံ႐ုံးကေန ေသဒဏ္ၾကဳိးမိန္႔ ခ်မွတ္လိုက္တဲ့အေၾကာင္း ဇြန္လ(၃)ရက္ေန႔မွာ ျမန္မာစစ္တပ္က ေၾကညာခဲ့တယ္လို႔ IIMM က ေျပာပါတယ္။

စစ္ေကာင္စီရဲ႕ အဲဒီလုပ္ရပ္ဟာ ႏိုင္ငံတကာမွာ ျပဌာန္းထားတဲ့ ဥပေဒေတြကို ခ်ဳိးေဖါက္ရာ ေရာက္ေနသလို၊ ျပစ္မႈက်ဴးလြန္ခဲ့တယ္ဆိုၿပီး စြပ္စဲြခံထားရတဲ့ လူပုဂၢိဳလ္ေတြရဲ႕ အေျခခံရပိုင္ခြင့္ေတြကို ေျပာင္ေျပာင္တင္းတင္း ခ်ဳိးေဖါက္ေနတာ ျဖစ္တယ္လို႔ ေထာက္ျပ ထားပါတယ္။

အဓိကအက်ဆုံး အေျခခံ အခြင့္အေရးကေတာ့ - ဒီလိုမ်ဳိးအမႈကို အမ်ားျပည္သူ ေရွ႕ေမွာက္ စစ္ေဆးၾကားနာရမွာ ျဖစ္ေၾကာင္း၊ အာဏာပိုင္ေတြက ႏိုင္ငံေတာ္လုံျခဳံေရး ဒါမွမဟုတ္ အျခားအေၾကာင္းေတြေၾကာင့္ သူတို႔ကို ေသဒဏ္ေပးရတာပါဆိုရင္ေတာင္ ခိုင္မာလုံေလာက္တဲ့ အေၾကာင္းျပခ်က္မ်ဳိး မရွိပဲနဲ႔ ေသဒဏ္ေပးလို႔ မရေၾကာင္း IIMM ေၾကညာခ်က္က ဆိုပါတယ္။ အဲဒီလိုမွ မဟုတ္ရင္ တရားမွ်တမႈ မရွိတဲ့ စီရင္မႈသာျဖစ္တယ္လို႔ ေျပာပါတယ္။

စစ္ေကာင္စီရဲ႕ ၾကဳိးမိန္႔ေသဒဏ္ စီရင္မႈကို IIMM အဖြဲ႔က ဆက္လက္ေစာင့္ၾကည့္သြားမွာျဖစ္ၿပီး အမႈနဲ႔ဆိုင္တဲ့ အေထာက္အထား ေတြကို ရႏိုင္သမွ်စုေဆာင္းကာ - မွ်တစြာ တရားစီရင္ေရးမွာ ရွိရမယ့္ အေျခခံအခ်က္ေတြကို ခ်ဳိးေဖါက္ခဲ့သလားဆိုတာကို အတည္ျပဳႏိုင္ေအာင္ လုပ္ေဆာင္သြားမယ္လို႔ ေၾကညာခ်က္မွာ ေဖၚျပပါတယ္။

###

တိုက္႐ိုက္ လင့္ခ္

သေဒဏ်ချမှတ်တဲ့ စစ်ကောင်စီလုပ်ရပ် နိုင်ငံတကာရာဇဝတ်မှု မြောက်နိုင် (IIMM)

မျှတစွာ တရားစီရင်နိုင်ဖို့လိုအပ်တဲ့ အခြေခံအချက်တွေနဲ့ မကိုက်ညီပဲ သေဒဏ်ပေးတာမျိုး ဒါမှမဟုတ် ဖမ်းဆီး ချုပ်နှောင်ထားတာမျိုးက လူသားထုပေါ်ကျူးလွန်တဲ့ရာဇဝတ်မှု ဒါမှဟုတ် စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ရာရောက်စေတယ်လို့ IIMM ခေါ် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့က တနင်္လာနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

ထင်ရှားတဲ့ နိုင်ငံရေးသမားတွေဖြစ်တဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးဂျင်မီနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူ ဦးဖြိုးဇေယျာ သော်တို့ အပါအဝင် လူ(၄)ဦးကို ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲ စစ်ခုံရုံးက သေဒဏ်အမိန့်ဆုံးဖြတ်ခဲ့ပြီးနောက် IIMM အဖွဲ့က အနီးကပ် စောင့်ကြည့်နေကြောင်း ကြေညာချက်က ဆိုပါတယ်။

အဆိုပါနိုင်ငံရေးအကျဉ်းသား (၄)ဦးကို အများရှေ့မှောက် စစ်ဆေးကြာနာမှု မလုပ်ပဲ စစ်ခုံရုံးကနေ သေဒဏ်ကြိုးမိန့် ချမှတ်လိုက်တဲ့အကြောင်း ဇွန်လ(၃)ရက်နေ့မှာ မြန်မာစစ်တပ်က ကြေညာခဲ့တယ်လို့ IIMM က ပြောပါတယ်။

စစ်ကောင်စီရဲ့ အဲဒီလုပ်ရပ်ဟာ နိုင်ငံတကာမှာ ပြဌာန်းထားတဲ့ ဥပဒေတွေကို ချိုးဖေါက်ရာ ရောက်နေသလို၊ ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ လူပုဂ္ဂိုလ်တွေရဲ့ အခြေခံရပိုင်ခွင့်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖေါက်နေတာ ဖြစ်တယ်လို့ ထောက်ပြ ထားပါတယ်။

အဓိကအကျဆုံး အခြေခံ အခွင့်အရေးကတော့ - ဒီလိုမျိုးအမှုကို အများပြည်သူ ရှေ့မှောက် စစ်ဆေးကြားနာရမှာ ဖြစ်ကြောင်း၊ အာဏာပိုင်တွေက နိုင်ငံတော်လုံခြုံရေး ဒါမှမဟုတ် အခြားအကြောင်းတွေကြောင့် သူတို့ကို သေဒဏ်ပေးရတာပါဆိုရင်တောင် ခိုင်မာလုံလောက်တဲ့ အကြောင်းပြချက်မျိုး မရှိပဲနဲ့ သေဒဏ်ပေးလို့ မရကြောင်း IIMM ကြေညာချက်က ဆိုပါတယ်။ အဲဒီလိုမှ မဟုတ်ရင် တရားမျှတမှု မရှိတဲ့ စီရင်မှုသာဖြစ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ကြိုးမိန့်သေဒဏ် စီရင်မှုကို IIMM အဖွဲ့က ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး အမှုနဲ့ဆိုင်တဲ့ အထောက်အထား တွေကို ရနိုင်သမျှစုဆောင်းကာ - မျှတစွာ တရားစီရင်ရေးမှာ ရှိရမယ့် အခြေခံအချက်တွေကို ချိုးဖေါက်ခဲ့သလားဆိုတာကို အတည်ပြုနိုင်အောင် လုပ်ဆောင်သွားမယ်လို့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

XS
SM
MD
LG