သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ICRC အင္ဒိုပစၥဖိတ္ အႀကီးအကဲ စစ္ေကာင္စီနဲ႔သြားေရာက္ ေဆြးေႏြး


(သတင္းဓါတ္ပံု- ICRC Myanmar)

ႏိုင္ငံတကာၾကက္ေျခနီအဖြဲ႕ ICRC ရဲ႕ အာရွပစၥဖိတ္ေဒသဆိုင္ရာအႀကီးအကဲ Christine Cipolla ဟာျမန္မာႏိုင္ငံကို ဇြန္လ ၁၅ ရက္ေန႔ကေန ၁၈ ရက္ေန႔ အထိသြားေရာက္ခဲ့ၿပီးလူသားျခင္းစာနာမႈဆိုင္ရာအေရးေပၚအကူအညီေပးေရးကိစၥေတြအတြက္စစ္ေကာင္စီတာဝန္ရွိသူေတြနဲ႔ေဆြးေႏြးခဲ့ၾကာင္း တနလၤာ ေန႔မွာ ICRC ကေျပာဆိုလိုက္ပါတယ္။

Zawgyi/Unicode

ICRC အင္ဒို ပစၥဖိတ္ အႀကီးအကဲ စစ္ေကာင္စီနဲ႔သြားေရာက္ ေဆြးေႏြး

ႏုိင္ငံတကာၾကက္ေျခနီအဖဲြ႔ ICRC ရဲ႔ အာရွပစၥဖိတ္ေဒသဆုိင္ရာအႀကီးအကဲ Christine Cipolla ဟာျမန္မာႏုိင္ငံကုိ ဇြန္လ ၁၅ ရက္ေန႔ကေန ၁၈ ရက္ေန႔ အထိသြားေရာက္ခဲ့ၿပီးလူသားျခင္းစာနာမႈဆုိင္ရာအေရးေပၚအကူအညီေပးေရးကိစၥေတြအတြက္စစ္ေကာင္စီတာ၀န္ရွိသူေတြနဲ႔ေဆြးေႏြးခဲ့ၾကာင္း တနလၤာ ေန႔မွာ ICRC ကေၾကျငာခ်က္တေစာင္ထုတ္ျပန္လုိက္ပါတယ္။

ျမန္မာႏုိင္ငံအႏွံလက္ႏွက္ကုိင္ပဋိပကၡေတြပုိမုိျပင္းထန္လာၿပီး၊ အၾကမ္းဖက္ တုိက္ခုိက္မႈေတြနဲ႔ အရပ္သားေတြထိခုိက္မႈေတြတုိးလာေနတဲ့အေပၚစုိးရိမ္ ပူပန္ေၾကာင္းကုိလည္းေျပာဆုိခဲ့တယ္လုိ႔ ICRC ရဲ႔ေၾကျငာခ်က္မွာေဖၚျပ ထားပါတယ္။

အကူအညီေတြလုိအပ္ေနတဲ့ ေထာင္ေပါင္းမ်ားစြာေသာ သူေတြထံကုိသြား ေရာက္ႏုိင္ဖုိ႔ICRC အေနနဲ႔အခက္အခဲေတြႀကုံေနရၿပီး၊ အေရးေပၚလူသား ျခင္းစာနာမႈအကူအညီေတြလုိအပ္ေနတဲ့ ခ်င္း၊ ကယား၊ ကရင္ ျပည္နယ္ ေတြနဲ႔ မေကြတုိင္း၊ စစ္ကုိင္းတုိင္းေတြကုိ သြားေရာက္ႏုိင္ေရးကူညီေဆာင္ ရြက္ေပးဖုိ႔ကုိလည္း ေတာင္းဆုိခဲ့ပါတယ္။

ဒါ့အျပင္ ရခုိင္ျ့့ပည္နယ္အတြင္းလက္ႏွက္ကုိပဋိပကၡေတြအျပင္းအထန္ မျဖစ္ ေတာ့တာ၁ႏွစ္ခဲြေက်ာ္ၾကာခဲ့ၿပီးကုိဗစ္ကာကြယ္ေဆးထုိးလုပ္ငန္းေတြခြင့္ျပဳႏုိင္တဲ့အခ်ိန္မွာ၂၀၁၉ ခုႏွစ္ကတည္းကပိတ္ပင္ထားတဲ့ လူသားျခင္းစာနာမႈ အကူအညီေပးေရးလုပ္ငန္းေတြျပန္လည္ စတင္ခြင့္ျပဳသင့္တယ္လုိ႔လည္းဆုိ ပါတယ္။ ICRC ရဲ႔ အာရွပစၥဖိတ္ ေဒသဆုိင္ ရာအႀကီးအကဲဟာ ကာကြယ္ ေရး၀န္ႀကီး ဌာန၊ ျပည္ထဲေရး ၀န္ႀကီးဌာန၊ က်န္းမာေရး၀န္ႀကီးဌာန အပါအ၀င္ အာဏာသိမ္းစစ္ေကာင္စီရဲ႔ တာ၀န္ရွိသူ ေတြနဲ႔ေတြ႔ဆုံေဆြးေႏြးခဲ့ေၾကာင္း ႏုိင္ငံတကာၾကက္ေျခနီအဖဲြ႔ ICRC ရဲ႔ေၾကျငာခ်က္မွာေဖၚျပထားပါတယ္။

##

တိုက္႐ိုက္ လင့္ခ္

Unicode

ICRC အင်ဒို ပစ္စဖိတ် အကြီးအကဲ စစ်ကောင်စီနဲ့သွားရောက် ဆွေးနွေး

နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC ရဲ့ အာရှပစ္စဖိတ်ဒေသဆိုင်ရာအကြီးအကဲ Christine Cipolla ဟာမြန်မာနိုင်ငံကို ဇွန်လ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့ အထိသွားရောက်ခဲ့ပြီးလူသားခြင်းစာနာမှုဆိုင်ရာအရေးပေါ်အကူအညီပေးရေးကိစ္စတွေအတွက်စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ဆွေးနွေးခဲ့ကြာင်း တနင်္လာ နေ့မှာ ICRC ကကြေငြာချက်တစောင်ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံအနှံလက်နှက်ကိုင်ပဋိပက္ခတွေပိုမိုပြင်းထန်လာပြီး၊ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ အရပ်သားတွေထိခိုက်မှုတွေတိုးလာနေတဲ့အပေါ်စိုးရိမ် ပူပန်ကြောင်းကိုလည်းပြောဆိုခဲ့တယ်လို့ ICRC ရဲ့ကြေငြာချက်မှာဖေါ်ပြ ထားပါတယ်။

အကူအညီတွေလိုအပ်နေတဲ့ ထောင်ပေါင်းများစွာသော သူတွေထံကိုသွား ရောက်နိုင်ဖို့ICRC အနေနဲ့အခက်အခဲတွေကြုံနေရပြီး၊ အရေးပေါ်လူသား ခြင်းစာနာမှုအကူအညီတွေလိုအပ်နေတဲ့ ချင်း၊ ကယား၊ ကရင် ပြည်နယ် တွေနဲ့ မကွေတိုင်း၊ စစ်ကိုင်းတိုင်းတွေကို သွားရောက်နိုင်ရေးကူညီဆောင် ရွက်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ြ့ပည်နယ်အတွင်းလက်နှက်ကိုပဋိပက္ခတွေအပြင်းအထန် မဖြစ် တော့တာ၁နှစ်ခွဲကျော်ကြာခဲ့ပြီးကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းတွေခွင့်ပြုနိုင်တဲ့အချိန်မှာ၂၀၁၉ ခုနှစ်ကတည်းကပိတ်ပင်ထားတဲ့ လူသားခြင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းတွေပြန်လည် စတင်ခွင့်ပြုသင့်တယ်လို့လည်းဆို ပါတယ်။ ICRC ရဲ့ အာရှပစ္စဖိတ် ဒေသဆိုင် ရာအကြီးအကဲဟာ ကာကွယ် ရေးဝန်ကြီး ဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် အာဏာသိမ်းစစ်ကောင်စီရဲ့ တာဝန်ရှိသူ တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC ရဲ့ကြေငြာချက်မှာဖေါ်ပြထားပါတယ်။

XS
SM
MD
LG