သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပုဏၰားကၽြန္း စစ္ေကာင္စီနဲ႔ AA သူ႔လူကိုယ္႔လူ အျပန္အလွန္ဖမ္းဆီး


[[ ZAWGYI / UNICODE ]]

ပုဏၰားကၽြန္း စစ္ေကာင္စီနဲ႔ AA သူ႔လူကိုယ္႔လူ အျပန္အလွန္ဖမ္းဆီး

ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ပုဏၰားကြ်န္းၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့ ေသာၾကာေန႔ညေနပိုင္းက ပစ္ခတ္သံေတြ ထြက္ေပၚၿပီးေနာက္ ေဒသခံကို ျမန္မာစစ္တပ္က လိုက္လံဖမ္းေနတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ဒီကေန႔အထိ ပုဏၰားကြ်န္းၿမိဳ႕ေပၚက ဖမ္းဆီးခံထားရသူ ဆယ္ဦးထက္မနည္း ရွိေနၿပီး အဲဒီထဲကတစ္ခ်ိဳ႕ကို စစ္ေတြမွာရွိတဲ့ စစ္ေၾကာေရးမွာ စစ္ေဆးေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ လက္ရွိမွာလည္း ပုဏၰားကြ်န္းၿမိဳ႕မွာ စစ္တပ္က လံုၿခံဳေရးတိုးျမင့္စစ္ေဆးေနတာေၾကာင့္ ေဒသခံေတြ စိုးရိမ္ေနၾကတာပါ။ ဒီအၾကာင္း အျပည့္အစံုကိုေတာ့ ရန္ကုန္လာတဲ့သတင္းကို မသိဂႌထိုက္က တင္ျပထားပါမယ္။

ပုဏၰားကြ်န္းၿမိဳ႕ေပၚမွာ ၿပီးခဲ့တဲ့ ေသာၾကာေန႔က စစ္ေကာင္စီတပ္ဖြဲ႔ဝင္တဦးကို ရခိုင္လက္နက္ကိုင္ AAအဖြဲ႔က ဖမ္းေခၚသြားၿပီးတာေၾကာင့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက ပုဏၰားကြ်န္းေဒသခံေတြကို ဖမ္းဆီးစစ္ေဆးေနတာလည္း ျဖစ္ပါတယ္။ ဒီကေန႔ အထိ စစ္ေကာင္စီဖက္က ဖမ္းဆီးစစ္ေဆးေနရတဲ့ ေဒသခံ ဆယ္ဦးထက္မနည္းရွိေနၿပီး တစ္ခ်ိဳ႕ကို စစ္ေတြမွာရွိတဲ့ စစ္ေကာင္စီ စစ္ေၾကာေရးစခန္းကို ေခၚယူစစ္ေဆးေနတယ္လို႔ ကို္ယ္တိုင္ ထြက္ေျပးပုန္းေရွာင္ေနရတဲ့ ပုဏၰားကြ်န္းေဒသခံ တဦးက ေျပာပါတယ္။

“ သူတို႔ ကင္းခ်ထားတယ္ သြားလာေနတဲ့ သူေတြကို စစ္ေဆးေနတာေတြေတာ့ ရွိတယ္ ၊ ညဖက္ေတြဆိုလည္း ေတာက္ေလွ်ာက္ ဝင္ၿပီး စစ္ေဆးတာေတြရွိတယ္၊ အိမ္ေတြမွာေတာ့ အိမ္ေထာင္စု စာရင္းတို႔ မွတ္ပံုတင္တို႔ ဝင္ၿပီး စစ္တယ္လို႔ေျပာတယ္။ ဖမ္းခံရတာက ေလးဆယ္ေက်ာ္ေလာက္ရွိၿပီး အဲဒီမွာ ၃၀ေက်ာ္ေလာက္ကေတာ့ ျပန္လြတ္ပါၿပီ။ အသက္အားျဖင့္ ၆၀ ေက်ာ္ေတြ ၂၀ေက်ာ္အရြယ္ေတြလည္း ပါတယ္၊ စစ္ေတြကိုေတာ့ ငါးေယာက္ေခၚ သြားတယ္လို႔ ေျပာတယ္၊ က်ေနာ္ၾကားတာေတာ့ က်န္းမာေရး မေကာင္းလို႔ စစ္တပ္ ကုတင္ ၁၀၀ ေဆးရံုမွာ ၂ေယာက္ တင္ထားရတယ္လို႔ ၾကားပါတယ္။”

အဲဒီဖမ္းဆီးခံထားရသူေတြထဲမွာ အသက္ ၆၀ ေက်ာ္အရြယ္ ဦးေက်ာ္မင္း တဦးလည္း ပါဝင္ၿပီး ဒီကေန႔အထိ မိသားစုဝင္ေတြနဲ႔ အဆက္အသြယ္မရေသးသလို က်န္းမာေရးမေကာင္းတာေၾကာင့္ စိုးရိမ္ေနရတယ္လို႔ ဖမ္းဆီးခံရသူရဲ႕ မိသားစုဝင္တဦးကေျပာပါတယ္။

“ ေနအိမ္ကေန ၈နာရီေက်ာ္ေလာက္မွာ ဖမ္းဆီးခံရတာ၊သူတို႔က စံုစိမ္းစစ္းေဆး စရာရွိ တယ္ဆိုၿပီးေတာ့ ေခၚသြားတာ၊ အသက္ကေတာ့ ၆၂နွစ္ရွိၿပီ၊ က်ေနာ့္အေဖက ေသြးတိုးေရာ ဆီးခ်ိဳပါ ရွိတဲ့ အတြက္ အဲတာတခုေတာ့ စိုးရိမ္တယ္ အသက္ လည္းႀကီးေနၿပီဆိုေတာ့ေလ၊ အျမန္ဆံုး ျပန္လြတ္ေပးေစခ်င္ပါတယ္။ က်ေနာ္အဖနဲ႔ ဘာမွမသက္ဆိုင္ပါဘူး မလြတ္ႀကီး အဖမ္းခံရသလိုျဖစ္ေနတယ္။”

လက္ရွိ ပုဏၰားကြ်န္းၿမိဳ႕ေပၚမွာ စစ္ေကာင္စီတပ္ဖြဲ႔ဝင္ေတြ လံုၿခံဳေရးယူထားသလို တအိမ္ဝင္ တအိမ္ထြက္ စစ္ေဆးေနတာေတြေၾကာင့္ ေဒသခံတခ်ိဳ႕လည္း ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။ မေန႔က ညေနပိုင္းကလည္း ေဒသခံေတြကို မစိုးရိမ္ဖို႔ ရခိုင္လက္နက္ကိုင္ AAအဖြဲ႔က စစ္ေကာင္စီတပ္ဖြဲ႔ဝင္တဦးကို ဖမ္းဆီးသြားတာေၾကာင့္ သူတို႔အေနနဲ႔ အခုလို စစ္ေဆးေနရတာ ျဖစ္တယ္လို႔ၿမိဳ႕ေပၚရပ္ကြပ္ေတြမွာ မိုက္နဲ႔ ေၾကျငာသြားတယ္လို႔ ေဒသခံေတြက ေျပာဆိုၾကပါတယ္။

ဒါေပမယ့္လည္း အခုလို စစ္ေကာင္စီတပ္ဖြဲ႔ဝင္ေတြ လက္နက္အျပည့္အစံုနဲ႔ စစ္ေဆးေနတာေၾကာင့္ စုိးရိမ္ထိပ္လန္႔ ေနရတယ္လို႔ ပုဏၰားကြ်န္း ေဒသခံတဦးကေျပာပါတယ္။

“ ေနရထိုင္ရတာ အဆင္မေျပဘူးဗ်ာ စစ္ေျမျပင္တစ္ခုကို ေရာက္ေနသလို ခံစားေနရတယ္ က်ေနာ္တို႔က”

စစ္ေရးတင္းမာေနတဲ့ ရခိုင္ေျမာက္ပိုင္းမွာ ရခိုင္ေျမာက္ပိုင္းမွာ စစ္ေကာင္စီတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AAအဖြဲ႔တို႔ ထိပ္တိုက္ေတြ႔တာေတြ ရွိေနၿပီး နွစ္ဖက္ညွိႏွိုင္းလို ႔မရတဲ့ အေျခအေန ရွိေနတယ္လို႔ ရခိုင္လက္နက္ကိုင္ AAအဖြဲ႔ဖက္က ေျပာဆိုထားတာရွိပါတယ္။

လက္ရွိရခိုင္ျပည္နယ္မွာ စစ္ေကာင္စီဖက္က အင္းအားတိုးျမင့္တာေတြ လံုၿခံဳေရး တင္းၾကပ္ စစ္ေဆးတာေတြရွိေနၿပီး ရခိုင္လက္နက္ကိုင္ တပ္ဖြဲ႔ဝင္ေတြနဲ႔ ေဒသခံေတြကို ဖမ္းဆီးေနတာေတြလည္းရွိေနပါတယ္။ တဖက္မွာလည္း စစ္ေကာင္စီတပ္ဖြဲ႔ဝင္ေတြကို AA အဖြဲ႔က ဖမ္းဆီးတာေတြရွိေနတာပါ။

စစ္ေကာင္စီဖက္က ရခိုင္ျပည္သူေတြနဲ႔ AA အဖြဲ႔ဝင္ေတြကို ဖမ္းဆီးေနတာေတြေၾကာင့္ AAအဖြဲ႔အေနနဲ႔ စစ္ေကာင္စီ တပ္သားေတြကို ဖမ္းဆီးရတာျဖစ္ၿပီး ဖမ္းဆီးထားတဲ့ AA တပ္ဖြဲ႔ဝင္ေတြနဲ႔ ျပည္သူေတြကို လႊတ္ေပးမွ ဖမ္းဆီးထားတဲ့ စစ္ေကာင္စီတပ္သားေတြကို ျပန္လြတ္ေပးမယ္လို႔လည္း ၿပီးခဲ့တဲ့ ရက္ပိုင္းက သတင္းစာရွင္းလင္းပြဲမွာ ရခိုင္လက္နက္ကိုင္ AAအဖြ႔ဲ ေျပာခြင့္ရ ခိုင္သုခက ေျပာဆို ထားတာလည္းျဖစ္ပါတယ္။

===================

တိုက္႐ိုက္ လင့္ခ္

{{ UNICODE }}

ပုဏ္ဏားကျွန်း စစ်ကောင်စီနဲ့ AA သူ့လူကိုယ့်လူ အပြန်အလှန်ဖမ်းဆီး

ရခိုင်ပြည်နယ်မြောက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့ သောကြာနေ့ညနေပိုင်းက ပစ်ခတ်သံတွေ ထွက်ပေါ်ပြီးနောက် ဒေသခံကို မြန်မာစစ်တပ်က လိုက်လံဖမ်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့အထိ ပုဏ္ဏားကျွန်းမြို့ပေါ်က ဖမ်းဆီးခံထားရသူ ဆယ်ဦးထက်မနည်း ရှိနေပြီး အဲဒီထဲကတစ်ချို့ကို စစ်တွေမှာရှိတဲ့ စစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာလည်း ပုဏ္ဏားကျွန်းမြို့မှာ စစ်တပ်က လုံခြုံရေးတိုးမြင့်စစ်ဆေးနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတာပါ။ ဒီအကြာင်း အပြည့်အစုံကိုတော့ ရန်ကုန်လာတဲ့သတင်းကို မသိင်္ဂီထိုက်က တင်ပြထားပါမယ်။

ပုဏ္ဏားကျွန်းမြို့ပေါ်မှာ ပြီးခဲ့တဲ့ သောကြာနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကို ရခိုင်လက်နက်ကိုင် AAအဖွဲ့က ဖမ်းခေါ်သွားပြီးတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပုဏ္ဏားကျွန်းဒေသခံတွေကို ဖမ်းဆီးစစ်ဆေးနေတာလည်း ဖြစ်ပါတယ်။ ဒီကနေ့ အထိ စစ်ကောင်စီဖက်က ဖမ်းဆီးစစ်ဆေးနေရတဲ့ ဒေသခံ ဆယ်ဦးထက်မနည်းရှိနေပြီး တစ်ချို့ကို စစ်တွေမှာရှိတဲ့ စစ်ကောင်စီ စစ်ကြောရေးစခန်းကို ခေါ်ယူစစ်ဆေးနေတယ်လို့ ကိုယ်တိုင် ထွက်ပြေးပုန်းရှောင်နေရတဲ့ ပုဏ္ဏားကျွန်းဒေသခံ တဦးက ပြောပါတယ်။

“ သူတို့ ကင်းချထားတယ် သွားလာနေတဲ့ သူတွေကို စစ်ဆေးနေတာတွေတော့ ရှိတယ် ၊ ညဖက်တွေဆိုလည်း တောက်လျှောက် ဝင်ပြီး စစ်ဆေးတာတွေရှိတယ်၊ အိမ်တွေမှာတော့ အိမ်ထောင်စု စာရင်းတို့ မှတ်ပုံတင်တို့ ဝင်ပြီး စစ်တယ်လို့ပြောတယ်။ ဖမ်းခံရတာက လေးဆယ်ကျော်လောက်ရှိပြီး အဲဒီမှာ ၃၀ကျော်လောက်ကတော့ ပြန်လွတ်ပါပြီ။ အသက်အားဖြင့် ၆၀ ကျော်တွေ ၂၀ကျော်အရွယ်တွေလည်း ပါတယ်၊ စစ်တွေကိုတော့ ငါးယောက်ခေါ် သွားတယ်လို့ ပြောတယ်၊ ကျနော်ကြားတာတော့ ကျန်းမာရေး မကောင်းလို့ စစ်တပ် ကုတင် ၁၀၀ ဆေးရုံမှာ ၂ယောက် တင်ထားရတယ်လို့ ကြားပါတယ်။”

အဲဒီဖမ်းဆီးခံထားရသူတွေထဲမှာ အသက် ၆၀ ကျော်အရွယ် ဦးကျော်မင်း တဦးလည်း ပါဝင်ပြီး ဒီကနေ့အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသေးသလို ကျန်းမာရေးမကောင်းတာကြောင့် စိုးရိမ်နေရတယ်လို့ ဖမ်းဆီးခံရသူရဲ့ မိသားစုဝင်တဦးကပြောပါတယ်။

“ နေအိမ်ကနေ ၈နာရီကျော်လောက်မှာ ဖမ်းဆီးခံရတာ၊သူတို့က စုံစိမ်းစစ်းဆေး စရာရှိ တယ်ဆိုပြီးတော့ ခေါ်သွားတာ၊ အသက်ကတော့ ၆၂နှစ်ရှိပြီ၊ ကျနော့်အဖေက သွေးတိုးရော ဆီးချိုပါ ရှိတဲ့ အတွက် အဲတာတခုတော့ စိုးရိမ်တယ် အသက် လည်းကြီးနေပြီဆိုတော့လေ၊ အမြန်ဆုံး ပြန်လွတ်ပေးစေချင်ပါတယ်။ ကျနော်အဖနဲ့ ဘာမှမသက်ဆိုင်ပါဘူး မလွတ်ကြီး အဖမ်းခံရသလိုဖြစ်နေတယ်။”

လက်ရှိ ပုဏ္ဏားကျွန်းမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လုံခြုံရေးယူထားသလို တအိမ်ဝင် တအိမ်ထွက် စစ်ဆေးနေတာတွေကြောင့် ဒေသခံတချို့လည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ မနေ့က ညနေပိုင်းကလည်း ဒေသခံတွေကို မစိုးရိမ်ဖို့ ရခိုင်လက်နက်ကိုင် AAအဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကို ဖမ်းဆီးသွားတာကြောင့် သူတို့အနေနဲ့ အခုလို စစ်ဆေးနေရတာ ဖြစ်တယ်လို့မြို့ပေါ်ရပ်ကွပ်တွေမှာ မိုက်နဲ့ ကြေငြာသွားတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ဒါပေမယ့်လည်း အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်အပြည့်အစုံနဲ့ စစ်ဆေးနေတာကြောင့် စိုးရိမ်ထိပ်လန့် နေရတယ်လို့ ပုဏ္ဏားကျွန်း ဒေသခံတဦးကပြောပါတယ်။

“ နေရထိုင်ရတာ အဆင်မပြေဘူးဗျာ စစ်မြေပြင်တစ်ခုကို ရောက်နေသလို ခံစားနေရတယ် ကျနော်တို့က”

စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းမှာ ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ ထိပ်တိုက်တွေ့တာတွေ ရှိနေပြီး နှစ်ဖက်ညှိနှိုင်းလို့မရတဲ့ အခြေအနေ ရှိနေတယ်လို့ ရခိုင်လက်နက်ကိုင် AAအဖွဲ့ဖက်က ပြောဆိုထားတာရှိပါတယ်။

လက်ရှိရခိုင်ပြည်နယ်မှာ စစ်ကောင်စီဖက်က အင်းအားတိုးမြင့်တာတွေ လုံခြုံရေး တင်းကြပ် စစ်ဆေးတာတွေရှိနေပြီး ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေကို ဖမ်းဆီးနေတာတွေလည်းရှိနေပါတယ်။ တဖက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို AA အဖွဲ့က ဖမ်းဆီးတာတွေရှိနေတာပါ။

စစ်ကောင်စီဖက်က ရခိုင်ပြည်သူတွေနဲ့ AA အဖွဲ့ဝင်တွေကို ဖမ်းဆီးနေတာတွေကြောင့် AAအဖွဲ့အနေနဲ့ စစ်ကောင်စီ တပ်သားတွေကို ဖမ်းဆီးရတာဖြစ်ပြီး ဖမ်းဆီးထားတဲ့ AA တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူတွေကို လွှတ်ပေးမှ ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြန်လွတ်ပေးမယ်လို့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းစာရှင်းလင်းပွဲမှာ ရခိုင်လက်နက်ကိုင် AAအဖွ့ဲ ပြောခွင့်ရ ခိုင်သုခက ပြောဆို ထားတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG