သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖမ္းဆီးခံ ၿဗိတိန္ႏိုင္ငံသား ၅ ဦး တာလီဘန္ျပန္လႊတ္


သတင္းေထာက္ေတြကို လက္နက္နဲ႔ ရန္ရွာေနတဲ့ တာလီဘန္ တပ္သားတဦး (မွတ္တမ္း ဓါတ္ပုံ)

[[ ZAWGYI / UNICODE ]]

ဖမ္းဆီးခံ ၿဗိတိန္ႏိုင္ငံသား ၅ ဦး တာလီဘန္ျပန္လႊတ္

အာဖဂန္နစၥတန္မွာ ၆ လၾကာ ဖမ္းဆီးထားတဲ့ ၿဗိတိန္ႏိုင္ငံသား (၅)ကို တာလီဘန္ေတြက ျပန္လႊတ္ေပးလိုက္ေၾကာင္း တာလီဘန္ တာဝန္ရွိသူေတြက အတည္ျပဳပါတယ္။ သူတို႔ႏိုင္ငံသား (၅)ဦး ျပန္လည္လြတ္ေျမာက္လာၿပီလို႔ ယူေကက ေၾကညာခဲ့အၿပီး မၾကာခင္မွာပဲ တာလီဘန္တို႔ဖက္က အတည္ျပဳခဲ့တာပါ။

အဲဒီ ၿဗိတိန္ႏိုင္ငံသားေတြဟာ အာဖဂန္ ဥပေဒေတြနဲ႔ ဓေလ့ထုံးစံေတြကို ခ်ဳိးေဖါက္ခဲ့တာေၾကာင့္ ဖမ္းဆီးခံခဲ့ရတာလို႔ တာလီဘန္အစိုးရရဲ႕ ေျပာခြင့္ရပုဂၢိဳလ္ Zabihullah Mujahid က သူ႔တြစ္တာမွာ ေရးပါတယ္။ ၿဗိတိန္နဲ႔ တာလီဘန္ေတြၾကား ေဆြးေႏြးညႇိႏႈိင္းမႈ အႀကိမ္ႀကိမ္ လုပ္ခဲ့ၾကၿပီးေနာက္ ၿဗိတိန္ႏိုင္ငံသား (၅)ကို တနဂၤေႏြေန႔က ျပန္လည္ လႊဲေျပာင္းေပးလိုက္ၿပီလို႔လည္း Mujahid ကဆိုပါတယ္။

ၿဗိတိန္ႏိုင္ငံသားေတြ အာဖဂန္ ယဥ္ေက်းမႈ ၊ ဥပေဒေနဲ႔ ဓေလ့ထုံးစံေတြကို ခ်ဳိးေဖါက္ခဲ့တာအတြက္ သူတို႔ မိသားစုေတြကိုယ္စား ေတာင္းပန္လိုေၾကာင္းနဲ႔ ေနာင္မွာ ဒီလို မျဖစ္ေစဖို႔ အာမခံေၾကာင္း၊ ဒီျဖစ္ရပ္အတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္း ျဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး Elizabeth Truss က သူ႔တြစ္တာ စာမ်က္ႏွာမွာ ေရးပါတယ္။

အခု ျပန္လြတ္လာသူ (၅)ဦးရဲ႕အမည္စာရင္းကို တာလီဘန္ေတြဖက္ကေရာ၊ ၿဗိတိန္အစိုးရကပါ ထုတ္ျပန္ျခင္း မရွိေသးပါဘူး။ ၿဗိတိန္နဲ႔ ဂ်ာမန္ ႏွစ္ႏိုင္ငံသားခံယူထားတ့ဲ Peter Jouvenal ကို တာလီဘန္ေတြ ဖမ္းထားေၾကာင္း ၿပီးခဲ့တဲ့ ေဖေဖၚဝါရီလထဲမွာ မိသားစုေတြက သတင္းထုတ္ျပန္ခဲ့ဖူးပါတယ္။ သူဟာ BBC သတင္းဌာနအတြက္ အလြတ္ ဓါတ္ပုံသတင္းေထာက္တဦးအျဖစ္ လုပ္ကိုင္ေနသူ ျဖစ္ပါတယ္။

===============

{{ UNICODE }}

ဖမ်းဆီးခံ ဗြိတိန်နိုင်ငံသား ၅ ဦး တာလီဘန်ပြန်လွှတ်

အာဖဂန်နစ္စတန်မှာ ၆ လကြာ ဖမ်းဆီးထားတဲ့ ဗြိတိန်နိုင်ငံသား (၅)ကို တာလီဘန်တွေက ပြန်လွှတ်ပေးလိုက်ကြောင်း တာလီဘန် တာဝန်ရှိသူတွေက အတည်ပြုပါတယ်။ သူတို့နိုင်ငံသား (၅)ဦး ပြန်လည်လွတ်မြောက်လာပြီလို့ ယူကေက ကြေညာခဲ့အပြီး မကြာခင်မှာပဲ တာလီဘန်တို့ဖက်က အတည်ပြုခဲ့တာပါ။

အဲဒီ ဗြိတိန်နိုင်ငံသားတွေဟာ အာဖဂန် ဥပဒေတွေနဲ့ ဓလေ့ထုံးစံတွေကို ချိုးဖေါက်ခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတာလို့ တာလီဘန်အစိုးရရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Zabihullah Mujahid က သူ့တွစ်တာမှာ ရေးပါတယ်။ ဗြိတိန်နဲ့ တာလီဘန်တွေကြား ဆွေးနွေးညှိနှိုင်းမှု အကြိမ်ကြိမ် လုပ်ခဲ့ကြပြီးနောက် ဗြိတိန်နိုင်ငံသား (၅)ကို တနင်္ဂနွေနေ့က ပြန်လည် လွှဲပြောင်းပေးလိုက်ပြီလို့လည်း Mujahid ကဆိုပါတယ်။

ဗြိတိန်နိုင်ငံသားတွေ အာဖဂန် ယဉ်ကျေးမှု ၊ ဥပဒေနေဲ့ ဓလေ့ထုံးစံတွေကို ချိုးဖေါက်ခဲ့တာအတွက် သူတို့ မိသားစုတွေကိုယ်စား တောင်းပန်လိုကြောင်းနဲ့ နောင်မှာ ဒီလို မဖြစ်စေဖို့ အာမခံကြောင်း၊ ဒီဖြစ်ရပ်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Elizabeth Truss က သူ့တွစ်တာ စာမျက်နှာမှာ ရေးပါတယ်။

အခု ပြန်လွတ်လာသူ (၅)ဦးရဲ့အမည်စာရင်းကို တာလီဘန်တွေဖက်ကရော၊ ဗြိတိန်အစိုးရကပါ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ဗြိတိန်နဲ့ ဂျာမန် နှစ်နိုင်ငံသားခံယူထားတဲ့ Peter Jouvenal ကို တာလီဘန်တွေ ဖမ်းထားကြောင်း ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလထဲမှာ မိသားစုတွေက သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။ သူဟာ BBC သတင်းဌာနအတွက် အလွတ် ဓါတ်ပုံသတင်းထောက်တဦးအဖြစ် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

XS
SM
MD
LG