သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေအးအယူအဆနဲ႔ ထိပ္တိုက္ေတြေရး ဆန္႔က်င္ဖို႔ တ႐ုတ္သမၼတ တိုက္တြန္း


BRICS စီးပြားေရးထိပ္သီးအစည္းအေ၀းဖြင့္ပဲြမွာ ဗီြဒီယိုကတဆင့္ အမွာစကားေျပာၾကားေနတဲ့ တရုတ္သမၼတ ရွီက်င္းဖ်င္ (ဇြန္ ၂၂၊ ၂၀၂၂) (cnsphoto via Reuters)

[[ZAWGYI / UNICODE ]]

စစ္ေအးအယူအဆနဲ႔ ထိပ္တိုက္ေတြေရး ဆန္႔က်င္ဖို႔ တ႐ုတ္သမၼတ တိုက္တြန္း

စစ္ေအးတုိက္ပဲြ အယူအဆေတြနဲ႔၊ အုပ္စုလုိက္ ထိပ္တုိက္ေတြ႔တာေတြကုိ စြန္႔လႊတ္ရမွာျဖစ္ၿပီး၊ ပိတ္ဆုိ႔အေရးယူမႈကုိ အလဲြသုံးစားလုပ္ၿပီး၊ တဘက္သတ္ ပိတ္ဆုိ႔အေရးယူတာေတြကုိ ဆန္႔က်င္သြားရမယ္လုိ႔ ၅ ႏုိင္ငံပါ၀င္တဲ့ BRICS အြန္လုိင္း ထိပ္သီးအစည္းအေ၀းဖြင့္ပဲြမွာ တရုတ္သမၼတ ရွီက်င္းဖ်င္က ေျပာဆုိလုိက္ပါတယ္။

ဘရာဇီး၊ ရုရွား၊ အိႏၵိယ၊ တရုတ္နဲ႔ေတာင္အာဖရိက ႏုိင္ငံေတြပါ၀င္တဲ့ BRICS ထိပ္သီး အစည္းအေ၀းမွာ အေမရိကန္နဲ႔ အီးယူက ရုရွားအေပၚ ပိတ္ဆုိ႔အေရးယူတာကုိ ရည္ရြယ္ၿပီး တရုတ္သမၼတကေျပာဆုိခဲ့ပါတယ္။

BRICS စီးပြားေရးအုပ္စုဟာ အေမရိကန္ ဦးေဆာင္တဲ့ လြတ္လပ္တဲ့ ကမၻာ့အခင္းအက်င္း ပုံစံအတုိင္း လုိက္ပါရပ္တည္တာ မဟုတ္ပဲ သီးျခားပုံစံနဲ႔ ရပ္တည္တဲ့ အဖဲြ႔ျဖစ္ပါတယ္။

ရုရွားက ယူကရိန္းကုိ က်ဴးေက်ာ္တဲ့အေပၚ ကန္႔ကြက္ရႈံခ်ဖုိ႔ ကုလသမဂၢထဲ မဲခဲြဆုံးျဖတ္ရာမွာ ဘရာဇီးတႏုိင္ငံပဲ ေထာက္ခံမဲေပးခဲ့ပါတယ္။ တရုတ္၊ အိႏၵိယနဲ႔ ေတာင္အာဖရိက ႏုိင္ငံေတြက မဲမေပးပဲ ေနခဲ့ပါတယ္။

က်ေနာ္တုိ႔အေနနဲ႔ ႏုိင္ငံတကာအသုိင္းအ၀ုိင္းမွာ တဖက္သတ္အႏုိင္ရတဲ့ zero-sum game ကုိ လက္မခံပဲ၊ အင္အားၿပိဳင္ဆုိင္မႈနဲ႔ ဗုိလ္က် လႊမ္းမုိးမႈကုိ ဆန္႔က်င္သြားရမယ္လုိ႔ တရုတ္သမၼတ ရွီက်င္းဖ်င္က ေျပာဆုိခဲ့ပါတယ္။

============

{{ UNICODE }}

စစ်အေးအယူအဆနဲ့ ထိပ်တိုက်တွေရေး ဆန့်ကျင်ဖို့ တရုတ်သမ္မတ တိုက်တွန်း

စစ်အေးတိုက်ပွဲ အယူအဆတွေနဲ့၊ အုပ်စုလိုက် ထိပ်တိုက်တွေ့တာတွေကို စွန့်လွှတ်ရမှာဖြစ်ပြီး၊ ပိတ်ဆို့အရေးယူမှုကို အလွဲသုံးစားလုပ်ပြီး၊ တဘက်သတ် ပိတ်ဆို့အရေးယူတာတွေကို ဆန့်ကျင်သွားရမယ်လို့ ၅ နိုင်ငံပါဝင်တဲ့ BRICS အွန်လိုင်း ထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာ တရုတ်သမ္မတ ရှီကျင်းဖျင်က ပြောဆိုလိုက်ပါတယ်။

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့တောင်အာဖရိက နိုင်ငံတွေပါဝင်တဲ့ BRICS ထိပ်သီး အစည်းအဝေးမှာ အမေရိကန်နဲ့ အီးယူက ရုရှားအပေါ် ပိတ်ဆို့အရေးယူတာကို ရည်ရွယ်ပြီး တရုတ်သမ္မတကပြောဆိုခဲ့ပါတယ်။

BRICS စီးပွားရေးအုပ်စုဟာ အမေရိကန် ဦးဆောင်တဲ့ လွတ်လပ်တဲ့ ကမ္ဘာ့အခင်းအကျင်း ပုံစံအတိုင်း လိုက်ပါရပ်တည်တာ မဟုတ်ပဲ သီးခြားပုံစံနဲ့ ရပ်တည်တဲ့ အဖွဲ့ဖြစ်ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့အပေါ် ကန့်ကွက်ရှုံချဖို့ ကုလသမဂ္ဂထဲ မဲခွဲဆုံးဖြတ်ရာမှာ ဘရာဇီးတနိုင်ငံပဲ ထောက်ခံမဲပေးခဲ့ပါတယ်။ တရုတ်၊ အိန္ဒိယနဲ့ တောင်အာဖရိက နိုင်ငံတွေက မဲမပေးပဲ နေခဲ့ပါတယ်။

ကျနော်တို့အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ တဖက်သတ်အနိုင်ရတဲ့ zero-sum game ကို လက်မခံပဲ၊ အင်အားပြိုင်ဆိုင်မှုနဲ့ ဗိုလ်ကျ လွှမ်းမိုးမှုကို ဆန့်ကျင်သွားရမယ်လို့ တရုတ်သမ္မတ ရှီကျင်းဖျင်က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG