သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန္ဓေသားဖျက်ချခွင့် ကန်တရားရုံးချုပ် ဆုံးဖြတ်ချက်အပေါ် နိုင်ငံတကာတုံ့ပြန်


United States Supreme Court overturns the landmark Roe v Wade abortion decision
United States Supreme Court overturns the landmark Roe v Wade abortion decision

[[ ZAWGYI / UNICODE ]]

သန္ဓေသားဖျက်ချခွင့် ကန်တရားရုံးချုပ် ဆုံးဖြတ်ချက်အပေါ် နိုင်ငံတကာတုံ့ပြန်

အမေရိကန်မှာ ကိုယ်ဝန်ဖျက်ချခွင့် တရားဝင်ခွင့်ပြုထားတာကို ပြည်ထောင်စုတရားရုံးချုပ်က သောကြာနေ့မှာ ဖျက်သိမ်းလိုက်တာကြောင့် အမျိုးသမီးများ အခွင့်အရေးအရေးနဲ့ ကျားမ တန်းတူညီခွင့်ကို အကြီးအကျယ် ရိုက်ချိုးလိုက်သလို ဖြစ်သွားစေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet က ပြောကြားလိုက်ပါတယ်။

ဘေးကင်းလုံခြုံပြီး တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်က နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေမှာလည်း အခိုင်အမာ ပါဝင်နေပြီး၊ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေက သူတို့ကိုယ်ခန္ဓာ ၊ သူတို့ဘဝအတွက် ကိုယ်ပိုင်ရွေးချယ် ဆုံးဖြတ်နိုင်ခွင့် ရှိကြောင်း Bachelet က ထုတ်ပြန်တဲ့ ကြေညာချက်ထဲ ဖေါ်ပြထားပါတယ်။ ကိုယ်ဝန်ဖျက်ချခွင့်ကိစ္စမှာ အရင်တုန်းက တင်းကြပ်ခဲ့တဲ့ နိုင်ငံပေါင်း(၅၀)ကျော်ဟာ ပြီးခဲ့တဲ့(၂၅)နှစ်အတွင်း သူတို့ဥပဒေကို ဖြေလျော့ ပေးခဲ့ကြောင်းလည်း သူက ထောက်ပြပါတယ်။

အမေရိကန်တရားရုံးချုပ် ဆုံးဖြတ်ချက်အပေါ် ကက်သလစ် ခရစ်ယာန်ကျောင်းတော် ဗာတီကန်ကတော့ ချီးကျုးလိုက်ပါတယ်။ လူ့အသက်တွေဟာ လူမှုအသိုက်အဝန်းအတွက် ကြီးမားတဲ့ အကျိုးဆက်တွေ ရှိတာကြောင့်၊ ကာကွယ်ဖို့ လိုအပ်ပြီး လူတဦးချင်းရဲ့ အခွင့်အရေးနဲ့ မလုံလောက်ဘူးလို့လည်း ဗာတီကန်ကျောင်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။


ကနေဒါဝန်ကြီးချုပ် Justin Trudeau ကတော့ အမေရိကန် တရားရုံးချုပ် ဆုံးဖြတ်ချက်အပေါ် ထိတ်လန့်တုန်လှုပ်မိကြောင်းဝေဖန်လိုက်သလို၊ တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် ဆုံးရှုံးသွားရတဲ့ သန်းပေါင်းများစွာသော အမေရိကန် အမျိုးသမီးတွေအတွက် စိတ်မကောင်းဖြစ်ရကြောင်း ပြောပါတယ်။

အလားတူ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကလည်း ၊ ဒါဟာ ခေတ်နောက်ပြန်သွားတဲ့ ခြေလှမ်းကြီး ဖြစ်ကြောင်း၊ အမျိုးသမီးတွေ အနေနဲ့ ကိုယ်ပိုင်ရွေးချယ်ပိုင်ခွင့် ရှိရမယ်လို့ သူယုံကြည်ကြောင်း၊ ဗြိတိန်မှာတော့ ကိုယ်ဝန်ဖျက်ချပိုင်ခွင့် ဥပဒေ ဆက်ရှိနေကြောင်း ပြောပါတယ်။

ပြင်သစ်သမ္မတ Emmanuel Macron ကလည်း တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်ကို ကာကွယ်ရမှာဖြစ်တယ်လို့ ပြောပြီး၊ အမေရိကန်အမျိုးသမီးထုနဲ့အတူ ရပ်တည်နေကြောင်းလည်း ပြောပါတယ်။

ဒီအတောတွင်း အီတလီ ဗာတီကန်နန်းတော် သာနာပြုတက္ကသိုလ်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ လူသားအဖြစ် အသက်ရှင်သန်ခွင့်ရဖို့ဆိုတဲ့ကိစ္စမှာ လူတဦးချင်းစီရဲ့အခွင့်အရေးအတွက် ကန့်သတ်ဘောင်ခတ်ထားဖို့ မသင့်ကြောင်း၊ အသက်ရှင်သန်ခွင့်က ပိုအရေးကြီးကြောင်း ထောက်ပြထားပါတယ်

တိုက်ရိုက် လင့်ခ်

================

{{ UNICODE }}










XS
SM
MD
LG