သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဒၚလာသန္း ၆၀၀ ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးေတြ ျမန္မာ ဖ်က္ဆီး


Smoke rises from a burning pile of seized illegal drugs during a destruction ceremony to mark the United Nations' "International Day against Drug Abuse and Illicit Trafficking" in Yangon, Myanmar, June 26, 2022.

[[ ZAWGYI / UNICODE ]]

ေဒၚလာသန္း ၆၀၀ ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးေတြ ျမန္မာ ဖ်က္ဆီး

အျပည္ျပည္ဆုိင္ရာ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးေန႔ အထိမ္းအမွတ္အျဖစ္ ေဒၚလာ သန္း ၆၄၀ ေက်ာ္ တန္ဖိုးရွိ တရားမ၀င္ မူးယစ္ေဆးဝါးေတြကို တနဂၤေႏြေန႔က မီးရႈိ႕ ဖ်က္စီးခဲ႔ေၾကာင္း ျမန္မာ အာဏာပိုင္တို႔က ေျပာဆိုပါတယ္။ ေဒသတြင္းမွာေတာ့ မက္သာဖက္တမင္း ထုတ္ုလပ္မႈက စံခ်ိန္တင္ အဆင့္ကို ေရာက္ရွိလာေနေၾကာင္း ကုလသမဂၢက သတိေပးထားပါတယ္။

ဘိန္းျဖဴ၊ ေဆးေျခာက္၊ မက္သာဖက္တမင္း၊ ကက္တမင္း တို႔လို သိမ္းဆည္း ရမိတဲ႔ မူးယစ္ေဆးဝါးေတြနဲ႔ အတူ စိတ္ႂကြေဆးျပား ထုတ္လုပ္တာမွာ သံုးတဲ႔ သိမ္းဆည္းရမိတဲ႔ ဓာတု ပစၥည္းေတြကိုပါ ရန္ကုန္တိုင္း လိႈင္သာယာ ၿမိဳ႕နယ္မွာ ဖ်က္စီးခဲ႔ပါတယ္။ မႏၲေလးနဲ႔ ေတာင္ႀကီး ၿမိဳ႕တို႔မွာလည္း အလားတူ မူးယစ္ ေဆးဝါး မီးရိႈ႕ ဖ်က္စီးမႈေတြ လုပ္ခဲ႔ပါတယ္။

ျမန္မာႏိုင္ငံဟာ မူးယစ္ေဆးဝါး အမ်ားဆံုး ထုတ္လုပ္တဲ႔ ႏိုင္ငံတခု ျဖစ္ၿပီး အမ်ားစုကေတာ့ စစ္တပ္ ထိန္းခ်ဳပ္မႈ အျပင္က နယ္စပ္ ေဒသေတြမွာ ထုတ္လုပ္တာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ ဘိန္းစိုက္ပ်ိဳး ထုတ္လုပ္မႈ က်ဆင္းသြားတာကို ေတြ႕ရေပမယ့္လည္း ဓာတု မူးယစ္ေဆးဝါး ထုတ္လုပ္မႈ တိုးလာတာနဲ႔ ရင္ဆိုင္ေနရေၾကာင္း မူးယစ္ ေဆးဝါးနဲ႔ စိတ္ကို ေျပာင္းလဲေစေသာ ေဆးဝါးမ်ား အႏၲရာယ္ တားဆီးကာကြယ္ေရး ဗဟို အဖြဲ႔ရဲ႕ ဥကၠဌ ျပည္ထဲေရး ၀န္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္က အခမ္းအနားတြင္းမွာ ဖတ္ၾကားသြားပါတယ္။

အေရွ႕ေတာင္ အာရွ ေဒသတ၀န္းမွာ ၿပီးခဲ႔တဲ႔ ၂၀၂၁ ခုႏွစ္ အတြင္း မက္သာဖက္တမင္း ၁၇၂ တန္ နီးပါးကို အာဏာပိုင္တို႔ ဖမ္းမိခဲ႔ၿပီး ဒီပမာဏဟာ ဆိုရင္ လြန္ခဲ႔တဲ႔ ဆယ္စုႏွစ္ တခုေက်ာ္ကနဲ႔ ယွဥ္ရင္ ၇ ဆ ျဖစ္ေၾကာင္း ၿပီးခဲ႔တဲ႔ လ အတြင္းမွာဘဲ ကုလသမဂၢက ေျပာဆိုထားပါတယ္။ ထုတ္လုပ္မႈ တိုးလာတာေၾကာင့္ ထိုင္းနဲ႔ မေလးရွားမွာ စိတ္ႂကြေဆးျပား လက္လီ ေမွာင္ခို ေစ်းႏႈန္းက အနိမ့္ဆံုးကို ေရာက္ရွိခဲ႔ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

{{ UNICODE }}

ဒေါ်လာသန်း ၆၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ မြန်မာ ဖျက်ဆီး

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဒေါ်လာ သန်း ၆၄၀ ကျော် တန်ဖိုးရှိ တရားမဝင် မူးယစ်ဆေးဝါးတွေကို တနင်္ဂနွေနေ့က မီးရှို့ ဖျက်စီးခဲ့ကြောင်း မြန်မာ အာဏာပိုင်တို့က ပြောဆိုပါတယ်။ ဒေသတွင်းမှာတော့ မက်သာဖက်တမင်း ထုတ်ုလပ်မှုက စံချိန်တင် အဆင့်ကို ရောက်ရှိလာနေကြောင်း ကုလသမဂ္ဂက သတိပေးထားပါတယ်။

ဘိန်းဖြူ၊ ဆေးခြောက်၊ မက်သာဖက်တမင်း၊ ကက်တမင်း တို့လို သိမ်းဆည်း ရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ အတူ စိတ်ကြွဆေးပြား ထုတ်လုပ်တာမှာ သုံးတဲ့ သိမ်းဆည်းရမိတဲ့ ဓာတု ပစ္စည်းတွေကိုပါ ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ်မှာ ဖျက်စီးခဲ့ပါတယ်။ မန္တလေးနဲ့ တောင်ကြီး မြို့တို့မှာလည်း အလားတူ မူးယစ် ဆေးဝါး မီးရှို့ ဖျက်စီးမှုတွေ လုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါး အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံတခု ဖြစ်ပြီး အများစုကတော့ စစ်တပ် ထိန်းချုပ်မှု အပြင်က နယ်စပ် ဒေသတွေမှာ ထုတ်လုပ်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ကျဆင်းသွားတာကို တွေ့ရပေမယ့်လည်း ဓာတု မူးယစ်ဆေးဝါး ထုတ်လုပ်မှု တိုးလာတာနဲ့ ရင်ဆိုင်နေရကြောင်း မူးယစ် ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟို အဖွဲ့ရဲ့ ဥက္ကဌ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်က အခမ်းအနားတွင်းမှာ ဖတ်ကြားသွားပါတယ်။

အရှေ့တောင် အာရှ ဒေသတဝန်းမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အတွင်း မက်သာဖက်တမင်း ၁၇၂ တန် နီးပါးကို အာဏာပိုင်တို့ ဖမ်းမိခဲ့ပြီး ဒီပမာဏဟာ ဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော်ကနဲ့ ယှဉ်ရင် ၇ ဆ ဖြစ်ကြောင်း ပြီးခဲ့တဲ့ လ အတွင်းမှာဘဲ ကုလသမဂ္ဂက ပြောဆိုထားပါတယ်။ ထုတ်လုပ်မှု တိုးလာတာကြောင့် ထိုင်းနဲ့ မလေးရှားမှာ စိတ်ကြွဆေးပြား လက်လီ မှောင်ခို ဈေးနှုန်းက အနိမ့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။

XS
SM
MD
LG