သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္း အလယ္ပိုင္းၿမိဳ႕က ေစ်း၀ယ္စင္တာ ႐ုရွား ဒံုးက်ည္ေတြ ထိမွန္


Russia's attack on Ukraine continues, in Kremenchuk

[[ ZAWGYI / UNICODE ]]

ယူကရိန္း အလယ္ပိုင္းၿမိဳ႕က ေစ်း၀ယ္စင္တာ ႐ုရွား ဒံုးက်ည္ေတြ ထိမွန္

ယူကရိန္းႏိုင္ငံ အလယ္ပိုင္းက Kremenchuk ၿမိဳ႕က ေစ်း၀ယ္စင္တာ တခုကို ႐ုရွားဘက္က ပစ္ခတ္တဲ႔ ဒံုးက်ည္ေတြ တနလာၤေန႔က ထိမွန္ခဲ႔ပါတယ္။ ထိခိုက္ ေသဆံုးမႈ အေရအတြက္ကို မွန္းဆလို႔ မရႏိုင္ဘူးလို႔လည္း ယူကရိန္း သမၼတ Volodymyr Zelenskyy က ေျပာပါတယ္။

တိုက္ခိုက္ခံရခ်ိန္မွာ ေစ်း၀ယ္စင္တာ အတြင္း အရပ္သား ၁,၀၀၀ ေက်ာ္ ရွိေနေၾကာင္းနဲ႔ ေစ်း၀ယ္စင္တာလည္း မီးေလာင္သြားေၾကာင္း သမၼတ Zelenskyy က ေျပာပါတယ္။ ကနဦး အစီရင္ခံခ်က္ေတြ အရေတာ့ ၂ ဦး ေသဆံုးၿပီး ၂၀ ဒဏ္ရာ ရထားပါတယ္။ ၿမိဳ႕ေတာ္ Kyiv ရဲ႕ အေရွ႕ေတာင္ဘက္ ကီလိုမီတာ ၃၀၀ ေလာက္ အကြာက Kremenchuk ၿမိဳ႕ရဲ႕ ေစ်း၀ယ္စင္တာဟာ ႐ုရွား စစ္တပ္ အတြက္ အႏၲရာယ္ မရွိသလို မဟာဗ်ဴဟာေျမာက္ ေနရာလည္း မဟုတ္ေၾကာင္း ယူကရိန္း ေခါင္းေဆာင္က ေျပာဆိုၿပီး တိုက္ခိုက္မႈကို ရႈတ္ခ်ပါတယ္။

ယူကရိန္းႏိုင္ငံတြင္းက လူစည္ကားတဲ႔ ေစ်း၀ယ္ စင္တာကို ထိမွန္တဲ႔ ဒီကေန႔ ႐ုရွားရဲ႕ ဒံုးက်ည္နဲ႔ တိုက္ခိုက္မႈ၊ ရက္စက္ၾကမ္းၾကဳတ္မႈေတြထဲက တခုေၾကာင့္ ကမ ၻာမွာ ထိတ္လန္႔တုန္လႈပ္ရေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရး ၀န္ႀကီး Antony Blinken က တြစ္တာ လူမႈကြန္ရက္မွာ ေရးသားပါတယ္။ တခ်ိန္တည္းမွာဘဲ စပိန္ႏိုင္ငံ Madrid မွာ NATO ထိပ္သီး ညီလာခံကို အဂၤါေန႔မွာ စတင္ဖို႔ ရွိေနခ်ိန္မွာဘဲ NATO အဖြဲ႔ အႀကီးအကဲ Jens Stoltenberg က NATO အဖြဲ႔ႀကီး အေနနဲ႔ အသင့္တပ္လွန္႔ထားမယ့္ တပ္ဖြဲ႔အေရအတြက္ကို ၄၀,၀၀၀ ကေန ၃၀၀,၀၀၀ ေက်ာ္ထိ ၇ ဆ တိုးျမႇင့္မယ့္ အေၾကာင္း ေၾကညာခဲ႔ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

{{ UNICODE }}

ယူကရိန်း အလယ်ပိုင်းမြို့က ဈေးဝယ်စင်တာ ရုရှား ဒုံးကျည်တွေ ထိမှန်

ယူကရိန်းနိုင်ငံ အလယ်ပိုင်းက Kremenchuk မြို့က ဈေးဝယ်စင်တာ တခုကို ရုရှားဘက်က ပစ်ခတ်တဲ့ ဒုံးကျည်တွေ တနလာၤနေ့က ထိမှန်ခဲ့ပါတယ်။ ထိခိုက် သေဆုံးမှု အရေအတွက်ကို မှန်းဆလို့ မရနိုင်ဘူးလို့လည်း ယူကရိန်း သမ္မတ Volodymyr Zelenskyy က ပြောပါတယ်။

တိုက်ခိုက်ခံရချိန်မှာ ဈေးဝယ်စင်တာ အတွင်း အရပ်သား ၁,၀၀၀ ကျော် ရှိနေကြောင်းနဲ့ ဈေးဝယ်စင်တာလည်း မီးလောင်သွားကြောင်း သမ္မတ Zelenskyy က ပြောပါတယ်။ ကနဦး အစီရင်ခံချက်တွေ အရတော့ ၂ ဦး သေဆုံးပြီး ၂၀ ဒဏ်ရာ ရထားပါတယ်။ မြို့တော် Kyiv ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၃၀၀ လောက် အကွာက Kremenchuk မြို့ရဲ့ ဈေးဝယ်စင်တာဟာ ရုရှား စစ်တပ် အတွက် အန္တရာယ် မရှိသလို မဟာဗျူဟာမြောက် နေရာလည်း မဟုတ်ကြောင်း ယူကရိန်း ခေါင်းဆောင်က ပြောဆိုပြီး တိုက်ခိုက်မှုကို ရှုတ်ချပါတယ်။

ယူကရိန်းနိုင်ငံတွင်းက လူစည်ကားတဲ့ ဈေးဝယ် စင်တာကို ထိမှန်တဲ့ ဒီကနေ့ ရုရှားရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှု၊ ရက်စက်ကြမ်းကြုတ်မှုတွေထဲက တခုကြောင့် ကမ ္ဘာမှာ ထိတ်လန့်တုန်လှုပ်ရကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က တွစ်တာ လူမှုကွန်ရက်မှာ ရေးသားပါတယ်။ တချိန်တည်းမှာဘဲ စပိန်နိုင်ငံ Madrid မှာ NATO ထိပ်သီး ညီလာခံကို အင်္ဂါနေ့မှာ စတင်ဖို့ ရှိနေချိန်မှာဘဲ NATO အဖွဲ့ အကြီးအကဲ Jens Stoltenberg က NATO အဖွဲ့ကြီး အနေနဲ့ အသင့်တပ်လှန့်ထားမယ့် တပ်ဖွဲ့အရေအတွက်ကို ၄၀,၀၀၀ ကနေ ၃၀၀,၀၀၀ ကျော်ထိ ၇ ဆ တိုးမြှင့်မယ့် အကြောင်း ကြေညာခဲ့ပါတယ်။

XS
SM
MD
LG