သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံအထူးသံ ႏိုင္ငံေရးပါတီ ၇ ပါတီနဲ႔ေတြ႕ဆုံ


ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံ အထူးကိုယ္စားလွယ္ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီး Prak Sokhonn နဲ႔ စစ္ေကာင္စီအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္တို႔ ဒီေန႔ ေနျပည္ေတာ္မွာ ေတြ႕ဆုံ ( ဇြန္ ၃၀၊ ၂၀၂၂/ဓာတ္ပံု တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔)

ျမန္မာႏိုင္ငံကို သုံးရက္ၾကာခရီးစဥ္အျဖစ္ ေရာက္ရွိေနတဲ့ အာဆီယံအထူးသံ ကေမာၻဒီးယားႏိုင္ငံျခားေရးဝန္ႀကီး ပရက္ခ္ဆိုခြန္ ဟာ ဒီကေန႔မနက္ပိုင္းက ႏိုင္ငံေရးပါတီ ၇ ပါတီရဲ႕ကိုယ္စားလွယ္ေတြနဲ႔ ေတြ႔ဆုံေဆြးေႏြးခဲ့ပါတယ္။

ဒီႏိုင္ငံေရးပါတီေတြ ရွိေနတဲ့ ျပည္နယ္နဲ႔တိုင္းေဒသႀကီးေတြက ႏိုင္ငံေရးနဲ႔ လူသားခ်င္းစာနာမႈ ေနာက္ဆုံးအေျခအေနေတြ၊ ဒီပါတီ ခုနစ္ပါတီအေနနဲ႔ NCA အပစ္အခတ္ ရပ္စဲေရး သေဘာတူညီမႈအစီအစဥ္မွာ ပါဝင္ေနတဲ့ အေျခအေန၊ ျမန္မာႏိုင္ငံအေျခအေန ေျဖေလွ်ာ့ေရးနဲ႔ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြ တိုးတက္ေရး၊ အာဆီယံ ဘုံသေဘာတူညီခ်က္ ငါးခ်က္အရ ျမန္မာႏိုင္ငံရဲ႕ အက်ပ္အတည္းကို ေျဖရွင္းရာမွာ အထူးသံရဲ႕ အခန္းက႑ စတာေတြအပါအဝင္ အဓိကကိစၥ အမ်ားအျပားကို ႏွစ္ဘက္လုံးက အက်ယ္တဝန႔္ ေဆြးေႏြးခဲ့ေၾကာင္း ကေမာၻဒီးယားႏိုင္ငံျခားေရးဌာနရဲ႕ စေနေန႔ ဒီကေန႔ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

အာဆီယံ အထူးသံနဲ႔ ေတြ႕ဆုံခဲ့ၾကတဲ့ ပါတီခုနစ္ပါတီထဲမွာ ႀကံ့ခိုင္ဖြံၿဖိဳးေရးပါတီအပါအဝင္၊ ရခိုင္ ႏွစ္ပါတီနဲ႔ တိုင္းရင္းသားပါတီတခ်ိဳ႕ပါဝင္ပါတယ္။ အထူးသံအေနနဲ႔ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အျပတ္အသတ္ အႏိုင္ရထားတဲ့ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္နဲ႔ ေတြ႔ဆုံျခင္းရွိမရွိ မသိရေသးပါဘူး။ ဒါေပမဲ့ ေနျပည္ေတာ္အက်ဥ္းေထာင္မွာ ထိမ္းသိန္းခံထားရတဲ့ NLD ေခါင္းေဆာင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ဆုံႏိုင္ေရး ႀကိဳးပမ္းခဲ့တယ္လို႔ သိရပါတယ္။

အာဆီယံရဲ႕ ျမန္မာဆိုင္ရာအထူးသံ ကေမာၻဒီယားႏိုင္ငံျခားေရးဝန္ႀကီး ပရက္ခ္ဆိုခြန္ဟာ ဒီကေန႔ ပုဂံမွာ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ရီဦးေဆာငက္ ျပဳလုပ္တဲ့ မဲေခါင္အစည္းအေဝးကိုလည္း တက္ေရာက္ခဲ့ပါတယ္။

=== Unicode ===

မြန်မာနိုင်ငံကို သုံးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အာဆီယံအထူးသံ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ခ်ဆိုခွန် ဟာ ဒီကနေ့မနက်ပိုင်းက နိုင်ငံရေးပါတီ ၇ ပါတီရဲ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီနိုင်ငံရေးပါတီတွေ ရှိနေတဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေက နိုင်ငံရေးနဲ့ လူသားချင်းစာနာမှု နောက်ဆုံးအခြေအနေတွေ၊ ဒီပါတီ ခုနစ်ပါတီအနေနဲ့ NCA အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအစီအစဉ်မှာ ပါဝင်နေတဲ့ အခြေအနေ၊ မြန်မာနိုင်ငံအခြေအနေ ဖြေလျှော့ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ တိုးတက်ရေး၊ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်အရ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းရာမှာ အထူးသံရဲ့ အခန်းကဏ္ဍ စတာတွေအပါအဝင် အဓိကကိစ္စ အများအပြားကို နှစ်ဘက်လုံးက အကျယ်တဝန့် ဆွေးနွေးခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာနရဲ့ စနေနေ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

အာဆီယံ အထူးသံနဲ့ တွေ့ဆုံခဲ့ကြတဲ့ ပါတီခုနစ်ပါတီထဲမှာ ကြံ့ခိုင်ဖွံဖြိုးရေးပါတီအပါအဝင်၊ ရခိုင် နှစ်ပါတီနဲ့ တိုင်းရင်းသားပါတီတချို့ပါဝင်ပါတယ်။ အထူးသံအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရထားတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တွေ့ဆုံခြင်းရှိမရှိ မသိရသေးပါဘူး။ ဒါပေမဲ့ နေပြည်တော်အကျဉ်းထောင်မှာ ထိမ်းသိန်းခံထားရတဲ့ NLD ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ရေး ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။

အာဆီယံရဲ့ မြန်မာဆိုင်ရာအထူးသံ ကမ္ဘောဒီယားနိုင်ငံခြားရေးဝန်ကြီး ပရက်ခ်ဆိုခွန်ဟာ ဒီကနေ့ ပုဂံမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီဦးဆောငက် ပြုလုပ်တဲ့ မဲခေါင်အစည်းအဝေးကိုလည်း တက်ရောက်ခဲ့ပါတယ်။

XS
SM
MD
LG