(Zawgyi/ Unicode)
ရန္ကုန္၊ ကမာ႐ြတ္ လွည္းတန္းမွာ သစ္သီးေရာင္းေနတဲ့ အမ်ိဳးသမီး ၂ ဦး ေသနတ္နဲ႔ ပစ္ခတ္ခံရလို႔ တဦးေသဆုံးၿပီး၊ တဦးဒဏ္ရာရတယ္လို႔ အနီးဝန္းက်င္မွာ ေနထိုင္သူေတြက ေျပာပါတယ္။ ေသနတ္နဲ႔ ပစ္ခတ္ခံရသူ အမ်ိဳးသမီး ၂ ဦးဟာ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီဝင္ေတြျဖစ္တယ္လို႔ ပါတီဘက္က အတည္ျပဳေျပာထားပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့ သတင္းကို မစုျမတ္မြန္ က ေျပာျပေပးမွာပါ။
ဇူလိုင္လ ၄ ရက္၊ တနလၤာေန႔ မနက္ ၉ နာရီဝန္းက်င္ေလာက္မွာ ကမာရြတ္ၿမိဳ႕နယ္ထဲက လွည္းတန္းေစ်းနဲ႔ (၂ ) လမ္းထိပ္နားမွာ အမ်ိဳးသမီး ၂ ဦး ေသနတ္နဲ႔ ပစ္ခတ္ခံခဲ့ရပါတယ္။ ေသနတ္နဲ႔ပစ္ခတ္ခံရလို႔ တဦးက ေနရာမွာတင္ ေသဆုံးခဲ့ၿပီး၊ ေနာက္တဦးက ဒဏ္ရာရသြားတယ္လို႔ အနီးနားမွာေနထိုင္သူတဦးက VOA ကိုေျပာပါတယ္။ အဲဒီ အမ်ိဳးသမီး ၂ ဦးဟာ ေစ်းေရာင္းေနခ်ိန္မွာ ပစ္ခတ္ခံရတာလို႔ အခုလိုေျပာပါတယ္။
"သူတို႔က အဲဒီေဈးေဘးနားမွာ ေဈးေရာင္းေနတာေလ။ သရက္သီးတို႔ မာလကာသီးတို႔ဆိုၿပီးေတာ့ အသီးေရာင္းတာ။ အဲဒီအခ်ိန္မွာ ပစ္သြားတာ ဝင္ပစ္သြားတာ။ ေသသြားတာေတာ့ ပြဲခ်င္းၿပီးတာက တေယာက္၊ ေသသြားတာ သူအစ္မေပါ့ေနာ္၊ အစ္မလုပ္တဲ့သူက ေသသြားတာ ပြဲခ်င္းၿပီး။ ဒဏ္ရာရတာက ညီမက ဒဏ္ရာရတာ နားထင္ကိုမွန္ထားတယ္လို႔ပဲ ေျပာတာေပါ့။ မနက္ ၉ နာရီ ၁၀ မိနစ္ေလာက္မွာ ျဖစ္သြားတယ္။ DC ႏွစ္စီးေရာက္လာၿပီးေတာ့ ခဏေလာက္လမ္းပိတ္ၿပီး ဟိုစစ္ ဒီစစ္ စစ္သြားတာ၊ အခုေတာ့ ပုံမွန္ျပန္ျဖစ္ေနပါၿပီ။"
ပစ္ခတ္မႈျဖစ္ၿပီးတဲ့ေနာက္မွာ စစ္ကား ၂ စီးေရာက္လာၿပီး စစ္ေဆးတာေတြရွိခဲ့ေပမဲ့ ေန႔လည္ပိုင္းေလာက္မွာ အသြားအလာပုံမွန္ ျပန္ျဖစ္ေနၿပီလို႔ ေျပာပါတယ္။ အခုေသနတ္နဲ႔ ပစ္ခံရသူ အမ်ိဳးသမီး ၂ ဦးဟာ စစ္တပ္ကို သတင္းေပးေနသူေတြလို႔ အနီးအနားမွာ ေနထိုင္သူတခ်ိဳ႕က ေျပာဆိုတာေတြရွိေပမယ့္ ဒါနဲ႔ပတ္သက္လို VOA အေနနဲ႔ သီးျခားအတည္ မျပဳႏိုင္ပါဘူး။
ေသနတ္နဲ႔ ပစ္ခတ္ခံရသူ အမ်ိဳးသမီး ၂ ဦးစလုံးဟာ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီဝင္ေတြ ျဖစ္တယ္လို႔ ပါတီေျပာခြင့္ရ ေဒါက္တာနႏၵာလွျမင့္က VOA ကိုေျပာပါတယ္။ ပါတီဝင္ေတြအေနနဲ႔ အစစအရာရာ သတိရွိၾကဖို႔ သတိေပးထားတယ္လို႔ အခုလိုေျပာပါတယ္။
"က်ေနာ္တို႔ပါတီက ဟုတ္တယ္။ ဒီလုပ္ႀကံသတ္ျဖတ္ျခင္းခံရတဲ့ ပါတီဝင္ေတြနဲ႔ ပါတီဝင္မိသားစုေတြကို ပါတီအေနနဲ႔ ကူညီေထာက္ပံ့ ေစာင့္ေရွာက္တာေတြ ေဆာင္႐ြက္တာေပါ့။ က်ေနာ္တို႔ ပါတီဝင္ေတြအေနနဲ႔ သြားတာလာတာ ေနတာထိုင္တာ အစစအရာရာ သတိရွိၾကဖို႔ေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီကာလမွာက က်ေနာ္တို႔ပါတီဝင္ေတြကို ရည္႐ြယ္ခ်က္ရွိရွိနဲ႔ လုပ္ႀကံသတ္ျဖတ္ တိုက္ခိုက္တာက သိသာထင္ရွားလာတယ္ေလ။ ဆိုေတာ့ က်ေနာ္တို႔ဘက္ကက်ေတာ့ လူတဦးခ်င္းစီအေနနဲ႔ ခုခံပိုင္ခြင့္ေပါ့ေနာ္။ ဥပေဒအရ ကိုယ့္အသက္အႏၲရာယ္ကို ရန္ျပဳၿခိမ္းေျခာက္လာမယ္ ဆိုရင္ေတာ့ ဥပေဒနဲ႔အညီ တုန႔္ျပန္ေဆာင္႐ြက္သြားႏိုင္ဖို႔အတြက္ ျပင္ဆင္ထားႏိုင္ဖို႔ေပါ့။ က်ေနာ္တို႔ ႏိုင္ငံေရးပါတီေတြက ဥပေဒေဘာင္ထဲကပဲ ဥပေဒနဲ႔အညီ စီစဥ္ေဆာင္႐ြက္ရတဲ့ အေျခအေနကို။ ဆိုေတာ့ ဥပေဒနဲ႔မညီတဲ့ ခုနကလို အၾကမ္းဖက္လုပ္ရပ္ေတြကို က်ေနာ္တို႔ပါတီက လုပ္ဖို႔အားမေပးဘူး။ ကိုယ္တိုင္လည္း မလုပ္ဘူး။ ဒါေတြကိုလည္း ရႈံ႕ခ်တယ္ေပါ့ေနာ္။"
အခု ေသနတ္နဲ႔ပစ္ခတ္တဲ့လုပ္ရပ္ကို ဘယ္အဖြဲ႕က က်ဴးလြန္တယ္ဆိုတာကိုေတာ့ မသိရေသးပါဘူး။ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလေနာက္ပိုင္း ေသဆုံးခဲ့တဲ့ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီဝင္ေပါင္း ၁,၃၀၀ ေက်ာ္ရွိခဲ့တယ္လို႔ ပါတီက စာရင္းထုတ္ျပန္ထားပါတယ္။ လုပ္ႀကံသတ္ျဖတ္ခံရလို႔ ေသဆုံးသြားတဲ့ ပါတီဝင္ေတြအတြက္ ေအာက္ေမ့ဖြယ္ေက်ာက္တိုင္ စိုက္ထူတဲ့ပြဲကိုလည္း ေနျပည္ေတာ္မွာ အခုႏွစ္ မတ္လ ၂၆ ရက္ေန႔တုန္းက ျပဳလုပ္ခဲ့ပါတယ္။
၂၀၂၁ ခုႏွစ္ စစ္အာဏာသိမ္းၿပီးခ်ိန္ကစလို႔ က်ဴးလြန္သူမေပၚတဲ့ ေသနတ္နဲ႔ ပစ္ခတ္ခံရတာေတြ၊ လုပ္ႀကံသတ္ျဖတ္ခံရတာေတြက ခပ္စိပ္စိပ္ျဖစ္ေနၿပီး အဲဒီထဲမွာ ႏိုင္ငံေရးပါတီဝင္ေတြလည္း ပါဝင္ပါတယ္။ NLD တာဝန္ရွိသူေတြရဲ႕ ေနာက္ဆုံးထုတ္ျပန္တဲ့ စာရင္းအရဆိုရင္ေတာ့ စစ္အာဏာသိမ္းခ်ိန္ကစၿပီး NLD အဖြဲ႕ဝင္ ၃၁ ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ NLD ထိပ္ပိုင္းေခါင္းေဆာင္ေတြ အပါအဝင္ ဖမ္းဆီးခံထားရတဲ့ ပါတီဝင္ေပါင္းက ၈၀၀ ေက်ာ္ရွိတယ္လို႔ မတ္လ ၁၈ ရက္ေန႔က ထုတ္ျပန္ထားတဲ့စာရင္းမွာေဖၚျပထားပါတယ္။
(Unicode)
ရန်ကုန်၊ ကမာရွတ် လှည်းတန်းမှာ သစ်သီးရောင်းနေတဲ့ အမျိုးသမီး ၂ ဦး သေနတ်နဲ့ ပစ်ခတ်ခံရလို့ တဦးသေဆုံးပြီး၊ တဦးဒဏ်ရာရတယ်လို့ အနီးဝန်းကျင်မှာ နေထိုင်သူတွေက ပြောပါတယ်။ သေနတ်နဲ့ ပစ်ခတ်ခံရသူ အမျိုးသမီး ၂ ဦးဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေဖြစ်တယ်လို့ ပါတီဘက်က အတည်ပြုပြောထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို မစုမြတ်မွန် က ပြောပြပေးမှာပါ။
ဇူလိုင်လ ၄ ရက်၊ တနင်္လာနေ့ မနက် ၉ နာရီဝန်းကျင်လောက်မှာ ကမာရွတ်မြို့နယ်ထဲက လှည်းတန်းဈေးနဲ့ (၂ ) လမ်းထိပ်နားမှာ အမျိုးသမီး ၂ ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။ သေနတ်နဲ့ပစ်ခတ်ခံရလို့ တဦးက နေရာမှာတင် သေဆုံးခဲ့ပြီး၊ နောက်တဦးက ဒဏ်ရာရသွားတယ်လို့ အနီးနားမှာနေထိုင်သူတဦးက VOA ကိုပြောပါတယ်။ အဲဒီ အမျိုးသမီး ၂ ဦးဟာ ဈေးရောင်းနေချိန်မှာ ပစ်ခတ်ခံရတာလို့ အခုလိုပြောပါတယ်။
"သူတို့က အဲဒီဈေးဘေးနားမှာ ဈေးရောင်းနေတာလေ။ သရက်သီးတို့ မာလကာသီးတို့ဆိုပြီးတော့ အသီးရောင်းတာ။ အဲဒီအချိန်မှာ ပစ်သွားတာ ဝင်ပစ်သွားတာ။ သေသွားတာတော့ ပွဲချင်းပြီးတာက တယောက်၊ သေသွားတာ သူအစ်မပေါ့နော်၊ အစ်မလုပ်တဲ့သူက သေသွားတာ ပွဲချင်းပြီး။ ဒဏ်ရာရတာက ညီမက ဒဏ်ရာရတာ နားထင်ကိုမှန်ထားတယ်လို့ပဲ ပြောတာပေါ့။ မနက် ၉ နာရီ ၁၀ မိနစ်လောက်မှာ ဖြစ်သွားတယ်။ DC နှစ်စီးရောက်လာပြီးတော့ ခဏလောက်လမ်းပိတ်ပြီး ဟိုစစ် ဒီစစ် စစ်သွားတာ၊ အခုတော့ ပုံမှန်ပြန်ဖြစ်နေပါပြီ။"
ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်မှာ စစ်ကား ၂ စီးရောက်လာပြီး စစ်ဆေးတာတွေရှိခဲ့ပေမဲ့ နေ့လည်ပိုင်းလောက်မှာ အသွားအလာပုံမှန် ပြန်ဖြစ်နေပြီလို့ ပြောပါတယ်။ အခုသေနတ်နဲ့ ပစ်ခံရသူ အမျိုးသမီး ၂ ဦးဟာ စစ်တပ်ကို သတင်းပေးနေသူတွေလို့ အနီးအနားမှာ နေထိုင်သူတချို့က ပြောဆိုတာတွေရှိပေမယ့် ဒါနဲ့ပတ်သက်လို VOA အနေနဲ့ သီးခြားအတည် မပြုနိုင်ပါဘူး။
သေနတ်နဲ့ ပစ်ခတ်ခံရသူ အမျိုးသမီး ၂ ဦးစလုံးဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေ ဖြစ်တယ်လို့ ပါတီပြောခွင့်ရ ဒေါက်တာနန္ဒာလှမြင့်က VOA ကိုပြောပါတယ်။ ပါတီဝင်တွေအနေနဲ့ အစစအရာရာ သတိရှိကြဖို့ သတိပေးထားတယ်လို့ အခုလိုပြောပါတယ်။
"ကျနော်တို့ပါတီက ဟုတ်တယ်။ ဒီလုပ်ကြံသတ်ဖြတ်ခြင်းခံရတဲ့ ပါတီဝင်တွေနဲ့ ပါတီဝင်မိသားစုတွေကို ပါတီအနေနဲ့ ကူညီထောက်ပံ့ စောင့်ရှောက်တာတွေ ဆောင်ရွက်တာပေါ့။ ကျနော်တို့ ပါတီဝင်တွေအနေနဲ့ သွားတာလာတာ နေတာထိုင်တာ အစစအရာရာ သတိရှိကြဖို့ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီကာလမှာက ကျနော်တို့ပါတီဝင်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ကြံသတ်ဖြတ် တိုက်ခိုက်တာက သိသာထင်ရှားလာတယ်လေ။ ဆိုတော့ ကျနော်တို့ဘက်ကကျတော့ လူတဦးချင်းစီအနေနဲ့ ခုခံပိုင်ခွင့်ပေါ့နော်။ ဥပဒေအရ ကိုယ့်အသက်အန္တရာယ်ကို ရန်ပြုခြိမ်းခြောက်လာမယ် ဆိုရင်တော့ ဥပဒေနဲ့အညီ တုန့်ပြန်ဆောင်ရွက်သွားနိုင်ဖို့အတွက် ပြင်ဆင်ထားနိုင်ဖို့ပေါ့။ ကျနော်တို့ နိုင်ငံရေးပါတီတွေက ဥပဒေဘောင်ထဲကပဲ ဥပဒေနဲ့အညီ စီစဉ်ဆောင်ရွက်ရတဲ့ အခြေအနေကို။ ဆိုတော့ ဥပဒေနဲ့မညီတဲ့ ခုနကလို အကြမ်းဖက်လုပ်ရပ်တွေကို ကျနော်တို့ပါတီက လုပ်ဖို့အားမပေးဘူး။ ကိုယ်တိုင်လည်း မလုပ်ဘူး။ ဒါတွေကိုလည်း ရှုံ့ချတယ်ပေါ့နော်။"
အခု သေနတ်နဲ့ပစ်ခတ်တဲ့လုပ်ရပ်ကို ဘယ်အဖွဲ့က ကျူးလွန်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း သေဆုံးခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်ပေါင်း ၁,၃၀၀ ကျော်ရှိခဲ့တယ်လို့ ပါတီက စာရင်းထုတ်ပြန်ထားပါတယ်။ လုပ်ကြံသတ်ဖြတ်ခံရလို့ သေဆုံးသွားတဲ့ ပါတီဝင်တွေအတွက် အောက်မေ့ဖွယ်ကျောက်တိုင် စိုက်ထူတဲ့ပွဲကိုလည်း နေပြည်တော်မှာ အခုနှစ် မတ်လ ၂၆ ရက်နေ့တုန်းက ပြုလုပ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကစလို့ ကျူးလွန်သူမပေါ်တဲ့ သေနတ်နဲ့ ပစ်ခတ်ခံရတာတွေ၊ လုပ်ကြံသတ်ဖြတ်ခံရတာတွေက ခပ်စိပ်စိပ်ဖြစ်နေပြီး အဲဒီထဲမှာ နိုင်ငံရေးပါတီဝင်တွေလည်း ပါဝင်ပါတယ်။ NLD တာဝန်ရှိသူတွေရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းအရဆိုရင်တော့ စစ်အာဏာသိမ်းချိန်ကစပြီး NLD အဖွဲ့ဝင် ၃၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ NLD ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် ဖမ်းဆီးခံထားရတဲ့ ပါတီဝင်ပေါင်းက ၈၀၀ ကျော်ရှိတယ်လို့ မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ထားတဲ့စာရင်းမှာဖေါ်ပြထားပါတယ်။