(Zawgyi/ Unicode:)
သီရိလကၤာႏိုင္ငံမွာ ဒီကေန႔ တနလၤာေန႔ကစၿပီး ေက်ာင္းေတြ ေနာက္ထပ္တပတ္ပိတ္လိုက္တယ္လို႔ အရာရွိေတြက ေျပာပါတယ္။ ေငြေၾကးျပတ္လတ္ေနတဲ့ သီရိလကၤာႏိုင္ငံမွာ စီးပြားေရးဆုတ္ကပ္နဲ႔ ရင္ဆိုင္ေနရၿပီး စားေရရိကၡာ၊ ေဆးဝါးနဲ႔ ေလာင္စာဆီဖိုးအတြက္ေတာင္ မနည္းေပးႏိုင္ဖို႔ လုပ္ေနရပါတယ္။ ဆရာဆရာမေတြ ေက်ာင္းသားေက်ာင္းသူေတြကို ေက်ာင္းပို႔ဖို႔ ဓာတ္ဆီမလံုေလာက္ဘူးလို႔ အရာရွိေတြက ေျပာပါတယ္။ ေလာင္စာဆီဝယ္ယူဖို႔ ပိုက္ဆံရေအာင္လို႔ ႏိုင္ငံျပင္ပမွာ ေရာက္ရွိေနထိုင္ေနၾကသူေတြ အိမ္ကိုေငြပို႔တဲ့အခါ ဘဏ္ကတဆင့္ လႊဲၾကဖို႔ ဓာတ္အားနဲ႔ စြမ္းအင္ဝန္ႀကီး Kanchana Wijesekera က ေတာင္းဆိုထားပါတယ္။ ျပည္ပမွာ အလုပ္လုပ္ေနၾကသူေတြ တလတလ လႊဲတဲ့ေငြပမာဏက ေဒၚလာသန္း ၆၀၀ ေက်ာ္ပါတယ္။ ဒါေပမဲ့ ဇြန္လမွာ သန္း ၃၀၀ ေက်ာ္အထိ ေလ်ာ့က်သြားတယ္လို႔ ဝန္ႀကီး Wijesekera က ေျပာပါတယ္။
ႏိုင္ငံျခားဘ႑ာက်ပ္တည္းၿပီး ႏိုင္ငံတကာ အေႂကြးမဆပ္ႏိုင္ျဖစ္ေနတဲ့ သီရိလကၤာႏိုင္ငံက ေနာက္ထပ္ေလာင္စာေတြ မဝယ္ႏိုင္ဘဲ ျပတ္လပ္ေနပါတယ္။
သီရိလကၤာႏိုင္ငံဟာ ေရနံထုတ္ႏိုင္ငံ ၇ ႏိုင္ငံကို ေဒၚလာသန္း ၈၀၀ ေၾကြးဆပ္ဖို႔ က်န္ေနတယ္လို႔ AP သတင္းကေျပာပါတယ္။
လက္ရွိမွာေတာ့ က်န္းမာေရး၊ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးလို မရွိမျဖစ္လိုအပ္တဲ့ ကိစၥေတြအတြက္ပဲ တပတ္စာလံုေလာက္တဲ့ ဆီပမာဏပဲ ရွိပါတယ္။ ဒီသတင္းပတ္ကုန္မွာေတာ့ ဒီဇယ္ မတ္ထရစ္တန္ ၄ သိန္းေရာက္ရွိမွာျဖစ္ၿပီး၊ ဇူလိုင္ ၂၂ မွာေတာ့ ဓာတ္ဆီသေဘၤာေရာက္လာမယ္လို႔ ဝန္ႀကီး Wijesekera က ေျပာပါတယ္။
Unicode:
သီရိလင်္ကာနိုင်ငံမှာ ဒီကနေ့ တနင်္လာနေ့ကစပြီး ကျောင်းတွေ နောက်ထပ်တပတ်ပိတ်လိုက်တယ်လို့ အရာရှိတွေက ပြောပါတယ်။ ငွေကြေးပြတ်လတ်နေတဲ့ သီရိလင်္ကာနိုင်ငံမှာ စီးပွားရေးဆုတ်ကပ်နဲ့ ရင်ဆိုင်နေရပြီး စားရေရိက္ခာ၊ ဆေးဝါးနဲ့ လောင်စာဆီဖိုးအတွက်တောင် မနည်းပေးနိုင်ဖို့ လုပ်နေရပါတယ်။ ဆရာဆရာမတွေ ကျောင်းသားကျောင်းသူတွေကို ကျောင်းပို့ဖို့ ဓာတ်ဆီမလုံလောက်ဘူးလို့ အရာရှိတွေက ပြောပါတယ်။ လောင်စာဆီဝယ်ယူဖို့ ပိုက်ဆံရအောင်လို့ နိုင်ငံပြင်ပမှာ ရောက်ရှိနေထိုင်နေကြသူတွေ အိမ်ကိုငွေပို့တဲ့အခါ ဘဏ်ကတဆင့် လွှဲကြဖို့ ဓာတ်အားနဲ့ စွမ်းအင်ဝန်ကြီး Kanchana Wijesekera က တောင်းဆိုထားပါတယ်။ ပြည်ပမှာ အလုပ်လုပ်နေကြသူတွေ တလတလ လွှဲတဲ့ငွေပမာဏက ဒေါ်လာသန်း ၆၀၀ ကျော်ပါတယ်။ ဒါပေမဲ့ ဇွန်လမှာ သန်း ၃၀၀ ကျော်အထိ လျော့ကျသွားတယ်လို့ ဝန်ကြီး Wijesekera က ပြောပါတယ်။
နိုင်ငံခြားဘဏ္ဍာကျပ်တည်းပြီး နိုင်ငံတကာ အကြွေးမဆပ်နိုင်ဖြစ်နေတဲ့ သီရိလင်္ကာနိုင်ငံက နောက်ထပ်လောင်စာတွေ မဝယ်နိုင်ဘဲ ပြတ်လပ်နေပါတယ်။
သီရိလင်္ကာနိုင်ငံဟာ ရေနံထုတ်နိုင်ငံ ၇ နိုင်ငံကို ဒေါ်လာသန်း ၈၀၀ ကြွေးဆပ်ဖို့ ကျန်နေတယ်လို့ AP သတင်းကပြောပါတယ်။
လက်ရှိမှာတော့ ကျန်းမာရေး၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးလို မရှိမဖြစ်လိုအပ်တဲ့ ကိစ္စတွေအတွက်ပဲ တပတ်စာလုံလောက်တဲ့ ဆီပမာဏပဲ ရှိပါတယ်။ ဒီသတင်းပတ်ကုန်မှာတော့ ဒီဇယ် မတ်ထရစ်တန် ၄ သိန်းရောက်ရှိမှာဖြစ်ပြီး၊ ဇူလိုင် ၂၂ မှာတော့ ဓာတ်ဆီသင်္ဘောရောက်လာမယ်လို့ ဝန်ကြီး Wijesekera က ပြောပါတယ်။