သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ ေဒၚလာ ျပန္သံုးရမယ့္ တ႐ုတ္ျမန္မာ နယ္စပ္ ကုန္သြယ္ေရး


တ႐ုတ္-ျမန္မာ နယ္စပ္ ဂိတ္

[[ ZAWGYI / UNICODE ]]

ကန္ ေဒၚလာ ျပန္သံုးရမယ့္ တ႐ုတ္ျမန္မာ နယ္စပ္ ကုန္သြယ္ေရး

မူဆယ္-နမ့္ခမ္း နယ္စပ္ကုန္သြယ္ေရးက ပို႔ကုန္လုပ္ငန္းရွင္ေတြအေနနဲ႔ လက္ရွိအသုံးျပဳေနတဲ့ တ႐ုတ္ယြမ္ေငြအစား အေမရိကန္ေဒၚလာကို ျပန္ၿပီးအသုံးျပဳဖို႔ ျမန္မာကုန္သြယ္ေရးဦးစီဌာနက တနဂၤေႏြေန႔မွာ အသိေပးလိုက္ပါတယ္။ ပင္လယ္ေရေၾကာင္း ကုန္သြယ္ေရးအတိုင္းပဲ ပို႔ကုန္တင္ပို႔ၿပီး ရရွိလာတဲ့ႏိုင္ငံျခားေငြကို (၄၅) ရက္အတြင္း ျပည္တြင္းဘဏ္ေတြမွာ က်ပ္ေငြနဲ႔လဲလွယ္သြားရမယ္လို႔ ၫႊန္ၾကားလိုက္တာပါ။ ဗဟိုဘဏ္က ေဒၚလာေငြလဲႏႈန္းကို ပုံေသသတ္မွတ္ထားတဲ့ စနစ္ေၾကာင့္ အခုၫႊန္ၾကားခ်က္ကို နယ္စပ္ကုန္သည္ေတြေက သေဘာမက်ေၾကာင္း ေျပာပါတယ္။ ရန္ကုန္ကေပးပို႔တဲ့ ဒီသတင္ကို ကိုဉာဏ္ဝင္းေအာင္က ေျပာျပမွာပါ။

ရွမ္ျပည္ေျမာက္ပိုင္း မူဆယ္နယ္စပ္ကေန တ႐ုတ္ျပည္ကိုတင္ပို႔တဲ့ ကုန္ပစၥည္းေတြကို ယြမ္ေငြအစား အေမရိကန္ေဒၚလာနဲ႔ အေရာင္းအဝယ္ လုပ္ၾကဖို႔ ျမန္မာ ကုန္သြယ္ေရးဦးစီးဌာနက တနဂၤေႏြေန႔က ၫႊန္ၾကားခ်က္ ထုတ္ျပန္ထားပါတယ္။ ကုန္သြယ္လို႔ရရွိလာတဲ့ ဒီအေမရိကန္ေဒၚလာကို ပို႔ကုန္တင္ပို႔တဲ့ရက္ကစၿပီး ၄၅ရက္အတြင္းမွာ ျပည္တြင္းဘဏ္စာရင္းထဲကို ထည့္သြင္းရမယ္လို႔လည္း ဒီၫႊန္ၾကားခ်က္ထဲမွာ ေရးသားထားတာပါ။

ျမန္မာဗဟိုဘဏ္က အေမရိကန္ တေဒၚလာတန္ဖိုးကို ၁,၈၅၀ က်ပ္အျဖစ္ သတ္မွတ္ထားတဲ့အတြက္ အခုၫႊန္ၾကားခ်က္က အဆင္ေျပမွာမဟုတ္ဘူးလို႔ နယ္စပ္ကုန္သည္ေတြက ဗြီအိုေအကို ေျပာပါတယ္။ ဗဟိုဘဏ္သတ္မွတ္ထားတဲ့ ေငြလဲႏႈန္းက ျပင္ပေပါက္ေဈးထက္ က်ပ္ ၄၀၀ေလာက္ နည္းေနေၾကာင္း မူဆယ္-နမ့္ခမ္း နယ္စပ္ကုန္သည္မ်ားအသင္းရဲ႕ တာဝန္ခံတဦးက ေျပာပါတယ္။

" ဝင္လာတဲ့ အေမရိကန္ေဒၚလာေတြကို ၁,၈၅၀နဲ႔ပဲ သူတို႔ကျပန္ၿပီးေတာ့ လဲလွယ္ေပးမယ္ဆိုတဲ့ ပုံစံပါပဲ။ သူတို႔လုပ္ေဆာင္တဲ့အေပၚကို ကုန္သည္ေတြ မႀကိဳက္ပါဘူး၊ ထိခိုက္နစ္နာ၊ ဆုံးရႈံးပါတယ္ဆို သူတို႔ကမႀကိဳက္ဘူး။ လုံးဝမေကာင္းဘူး ဒီ အေမရိကန္ေဒၚလာနဲ႔သြားတာ ဘာေၾကာင့္လဲဆိုေတာ့ ေငြကြာဟခ်က္က တအားမ်ားသြားၿပီ။ အျပင္မွာ ေဒၚလာ ၂,၂၀၀ ေပါက္ေနတယ္၊ ဒီေန႔ ဗဟိုဘဏ္ကေန သူတို႔ေရာင္းလို႔ရတဲ့ ပိုက္ဆံေတြကို ၁,၈၅၀နဲ႔ပဲ လဲေပးမွာ။ ဘယ္လိုလုပ္ အဆင္ေျပမွာလဲ။"

ပို႔ကုန္တင္ပို႔တာမွာ အေမရိကန္ေဒၚလာနဲ႔ အေရာင္းအဝယ္လုပ္ဖို႔ ကနဦးထုတ္ျပန္ထားတဲ့ ၫႊန္ၾကားခ်က္မွာ ဆန္နဲ႔ဆန္ကြဲကို ထည့္သြင္းထားေပမဲ့ တနဂၤေႏြေန႔က ထပ္ၿပီးထုတ္ျပန္တဲ့ ၫႊန္ၾကားခ်က္အသစ္မွာေတာ့ ဆန္နဲ႔ဆန္ကြဲကို တ႐ုတ္ယြမ္ေငြနဲ႔ ဆက္ၿပီးအလုပ္လုပ္ႏိုင္တယ္လို႔ ျပင္ဆင္ထားပါတယ္။ တခ်ိဳ႕ပို႔ကုန္အမယ္ေတြကို အခုဇူလိုင္ ၁ရက္ကစၿပီး အေမရိကန္ေဒၚလာနဲ႔ အေရာင္းအဝယ္စလုပ္ဖို႔ ၫႊန္ၾကားထားေၾကာင္း မူဆယ္ ၁၀၅မိုင္ကုန္သြယ္ေရးဇုန္ရဲ႕ ဒုတိယၫႊန္ၾကားေရးမႉး ဦးမ်ိဳးမင္းက ဗြီအိုေအကို ေျပာပါတယ္။

" က်ေနာ္တို႔ကေတာ့ အေပၚကၫႊန္ၾကားခ်က္အတိုင္း ေအာက္ကေတာ့ လုပ္ရမွာေပါ့။ ပဲ၊ ေျပာင္း၊ ႏွမ္း ေဒၚလာနဲ႔ဆိုလည္း ေဒၚလာနဲ႔သြားရမွာေပါ့။ ကုန္သည္၊ လုပ္ငန္းရွင္ေတြ အခက္အခဲရွိတယ္ဆိုလည္း အဲဒါေတာ့ က်ေနာ္တို႔အေပၚပိုင္း ႐ုံးခ်ဳပ္ကပဲဆိုေတာ့၊ အဲဒီအပိုင္းက်ေနာ္တို႔ မသိဘူးဗ်။"

ယခင္ကလည္း ပို႔ကုန္၊ သြင္းကုန္လုပ္ငန္းမွာ အေမရိကန္ေဒၚလာကိုပဲ အဓိကသုံးစြဲၾကေပမဲ့ ဗဟိုဘဏ္က ပုံေသသတ္မွတ္ထားတဲ့ေဈးနဲ႔ မဟုတ္ဘဲ ေဈးကြက္ေငြလဲႏႈန္း ေပါက္ေဈးအတိုင္း အေရာင္းအဝယ္လုပ္ခဲ့ၾကတာလို႔ ကုန္သည္ေတြက ေျပာပါတယ္။ အေမရိကန္ေဒၚလာ ျပည္တြင္းမွာရွားပါလာၿပီးတဲ့ေနာက္ ဗဟိုဘဏ္ရဲ႕ ၫႊန္ၾကားခ်က္နဲ႔ နယ္စပ္ကုန္သြယ္ေရးမွာ တ႐ုတ္ယြမ္ေငြနဲ႔ က်ပ္ေငြ၊ ထိုင္းဘတ္ေငြနဲ႔က်ပ္ေငြ စသျဖင့္ လဲလွယ္အသုံးျပဳခဲ့ရတာပါ။ အခု တ႐ုတ္-ျမန္မာနယ္စပ္ မူဆယ္ကုန္သြယ္ေရးဇုန္မွာ ပို႔ကုန္အတြက္ အေမရိကန္ေဒၚလာနဲ႔ ျပန္ၿပီး အေရာင္းအဝယ္လုပ္ဖို႔ ၫႊန္ၾကားထားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

{{ UNICODE }}

ကန် ဒေါ်လာ ပြန်သုံးရမယ့် တရုတ်မြန်မာ နယ်စပ် ကုန်သွယ်ရေး

မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးက ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ လက်ရှိအသုံးပြုနေတဲ့ တရုတ်ယွမ်ငွေအစား အမေရိကန်ဒေါ်လာကို ပြန်ပြီးအသုံးပြုဖို့ မြန်မာကုန်သွယ်ရေးဦးစီဌာနက တနင်္ဂနွေနေ့မှာ အသိပေးလိုက်ပါတယ်။ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးအတိုင်းပဲ ပို့ကုန်တင်ပို့ပြီး ရရှိလာတဲ့နိုင်ငံခြားငွေကို (၄၅) ရက်အတွင်း ပြည်တွင်းဘဏ်တွေမှာ ကျပ်ငွေနဲ့လဲလှယ်သွားရမယ်လို့ ညွှန်ကြားလိုက်တာပါ။ ဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်းကို ပုံသေသတ်မှတ်ထားတဲ့ စနစ်ကြောင့် အခုညွှန်ကြားချက်ကို နယ်စပ်ကုန်သည်တွေကေ သဘောမကျကြောင်း ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်ကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ရှမ်ပြည်မြောက်ပိုင်း မူဆယ်နယ်စပ်ကနေ တရုတ်ပြည်ကိုတင်ပို့တဲ့ ကုန်ပစ္စည်းတွေကို ယွမ်ငွေအစား အမေရိကန်ဒေါ်လာနဲ့ အရောင်းအဝယ် လုပ်ကြဖို့ မြန်မာ ကုန်သွယ်ရေးဦးစီးဌာနက တနင်္ဂနွေနေ့က ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။ ကုန်သွယ်လို့ရရှိလာတဲ့ ဒီအမေရိကန်ဒေါ်လာကို ပို့ကုန်တင်ပို့တဲ့ရက်ကစပြီး ၄၅ရက်အတွင်းမှာ ပြည်တွင်းဘဏ်စာရင်းထဲကို ထည့်သွင်းရမယ်လို့လည်း ဒီညွှန်ကြားချက်ထဲမှာ ရေးသားထားတာပါ။

မြန်မာဗဟိုဘဏ်က အမေရိကန် တဒေါ်လာတန်ဖိုးကို ၁,၈၅၀ ကျပ်အဖြစ် သတ်မှတ်ထားတဲ့အတွက် အခုညွှန်ကြားချက်က အဆင်ပြေမှာမဟုတ်ဘူးလို့ နယ်စပ်ကုန်သည်တွေက ဗွီအိုအေကို ပြောပါတယ်။ ဗဟိုဘဏ်သတ်မှတ်ထားတဲ့ ငွေလဲနှုန်းက ပြင်ပပေါက်ဈေးထက် ကျပ် ၄၀၀လောက် နည်းနေကြောင်း မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်များအသင်းရဲ့ တာဝန်ခံတဦးက ပြောပါတယ်။

" ဝင်လာတဲ့ အမေရိကန်ဒေါ်လာတွေကို ၁,၈၅၀နဲ့ပဲ သူတို့ကပြန်ပြီးတော့ လဲလှယ်ပေးမယ်ဆိုတဲ့ ပုံစံပါပဲ။ သူတို့လုပ်ဆောင်တဲ့အပေါ်ကို ကုန်သည်တွေ မကြိုက်ပါဘူး၊ ထိခိုက်နစ်နာ၊ ဆုံးရှုံးပါတယ်ဆို သူတို့ကမကြိုက်ဘူး။ လုံးဝမကောင်းဘူး ဒီ အမေရိကန်ဒေါ်လာနဲ့သွားတာ ဘာကြောင့်လဲဆိုတော့ ငွေကွာဟချက်က တအားများသွားပြီ။ အပြင်မှာ ဒေါ်လာ ၂,၂၀၀ ပေါက်နေတယ်၊ ဒီနေ့ ဗဟိုဘဏ်ကနေ သူတို့ရောင်းလို့ရတဲ့ ပိုက်ဆံတွေကို ၁,၈၅၀နဲ့ပဲ လဲပေးမှာ။ ဘယ်လိုလုပ် အဆင်ပြေမှာလဲ။"

ပို့ကုန်တင်ပို့တာမှာ အမေရိကန်ဒေါ်လာနဲ့ အရောင်းအဝယ်လုပ်ဖို့ ကနဦးထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်မှာ ဆန်နဲ့ဆန်ကွဲကို ထည့်သွင်းထားပေမဲ့ တနင်္ဂနွေနေ့က ထပ်ပြီးထုတ်ပြန်တဲ့ ညွှန်ကြားချက်အသစ်မှာတော့ ဆန်နဲ့ဆန်ကွဲကို တရုတ်ယွမ်ငွေနဲ့ ဆက်ပြီးအလုပ်လုပ်နိုင်တယ်လို့ ပြင်ဆင်ထားပါတယ်။ တချို့ပို့ကုန်အမယ်တွေကို အခုဇူလိုင် ၁ရက်ကစပြီး အမေရိကန်ဒေါ်လာနဲ့ အရောင်းအဝယ်စလုပ်ဖို့ ညွှန်ကြားထားကြောင်း မူဆယ် ၁၀၅မိုင်ကုန်သွယ်ရေးဇုန်ရဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းက ဗွီအိုအေကို ပြောပါတယ်။

" ကျနော်တို့ကတော့ အပေါ်ကညွှန်ကြားချက်အတိုင်း အောက်ကတော့ လုပ်ရမှာပေါ့။ ပဲ၊ ပြောင်း၊ နှမ်း ဒေါ်လာနဲ့ဆိုလည်း ဒေါ်လာနဲ့သွားရမှာပေါ့။ ကုန်သည်၊ လုပ်ငန်းရှင်တွေ အခက်အခဲရှိတယ်ဆိုလည်း အဲဒါတော့ ကျနော်တို့အပေါ်ပိုင်း ရုံးချုပ်ကပဲဆိုတော့၊ အဲဒီအပိုင်းကျနော်တို့ မသိဘူးဗျ။"

ယခင်ကလည်း ပို့ကုန်၊ သွင်းကုန်လုပ်ငန်းမှာ အမေရိကန်ဒေါ်လာကိုပဲ အဓိကသုံးစွဲကြပေမဲ့ ဗဟိုဘဏ်က ပုံသေသတ်မှတ်ထားတဲ့ဈေးနဲ့ မဟုတ်ဘဲ ဈေးကွက်ငွေလဲနှုန်း ပေါက်ဈေးအတိုင်း အရောင်းအဝယ်လုပ်ခဲ့ကြတာလို့ ကုန်သည်တွေက ပြောပါတယ်။ အမေရိကန်ဒေါ်လာ ပြည်တွင်းမှာရှားပါလာပြီးတဲ့နောက် ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်နဲ့ နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်ယွမ်ငွေနဲ့ ကျပ်ငွေ၊ ထိုင်းဘတ်ငွေနဲ့ကျပ်ငွေ စသဖြင့် လဲလှယ်အသုံးပြုခဲ့ရတာပါ။ အခု တရုတ်-မြန်မာနယ်စပ် မူဆယ်ကုန်သွယ်ရေးဇုန်မှာ ပို့ကုန်အတွက် အမေရိကန်ဒေါ်လာနဲ့ ပြန်ပြီး အရောင်းအဝယ်လုပ်ဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG