သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ပန္၀န္ႀကီးခ်ဳပ္ေဟာင္းအတြက္ ကမာၻ႔ေခါင္းေဆာင္ေတြ ၀မ္းနည္းစကားပါး


A condolence book open to the page President Joe Biden signed for former Japanese Prime Minister Shinzo Abe, who was assassinated Friday, rests on a table at the Japanese ambassador's residence in Washington, July 8, 2022.

Zawgyi/ Unicode

//Zawgyi//

ဂ်ပန္ႏိုင္ငံ အေနာက္ပိုင္းမွာ ေသာၾကာေန႔က ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရး မိန္ခြန္းေျပာေနစဥ္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း Shinzo Abe လုပ္ႀကံသတ္ျဖတ္ခံခဲ့ရတဲ့အတြက္ ကမာၻ႔ေခါင္းေဆာင္ေတြက ဝမ္းနည္းတုံလႈပ္ေၾကာင္း ေျပာဆိုၾကပါတယ္။ ဂ်ပန္ႏိုင္ငံနဲ႔ သူ႔ကို သိၾကတဲ့သူ အားလုံးအတြက္ ေၾကကဲြစရာပါလို႔လည္း အေမရိကန္သမၼတ Joe Biden က ေၾကညာခ်က္ထုတ္ျပန္ေျပာဆိုခဲ့တာပါ။ ဒါေပမဲ့လည္း သူေသဆုံးမႈေၾကာင့္ ဂ်ပန္ႏိုင္ငံ တည္ၿငိမ္မႈကို မထိခိုက္ႏိုင္ဘူးလို႔ ယူဆေၾကာင္းလည္း ေျပာပါတယ္။

“ဂ်ပန္ႏိုင္ငံဟာ အင္မတန္မွ တည္ၿငိမ္တဲ့ မဟာမိတ္ပါ။ အေသးစိတ္ မသိရေသးေပမဲ့ ဂ်ပန္ႏိုင္ငံရဲ႕ လုံျခံဳေရးနဲ႔ ညီၫြတ္မႈကို ႀကီးႀကီးမားမား ႐ိုက္ခတ္လိမ့္မယ္လို႔ မယူဆပါဘူး။” ဆိုၿပီး ေသာၾကာေန႔မွာ သမၼတဘိုင္ဒင္ သတင္းေထာက္ေတြကို ေျပာလိုက္တာပါ။

ဝါရွင္တန္မွာရွိတဲ့ ဂ်ပန္သံ႐ုံးကို ေသာၾကာေန႔မွာပဲ သမၼတဘိုင္ဒင္ သြားေရာက္ခဲ့ၿပီး ၀မ္းနည္းျခင္းမွတ္တမ္း လက္မွတ္ေရးထိုးခဲ့သလို၊ ဝမ္းနည္းျခင္းအထိမ္းအမွတ္အျဖစ္ အေမရိကန္မွာ အလံတိုင္ဝက္လႊင္ထူၾကဖို႔လည္း အမိန္႔ထုတ္ျပန္ခဲ့ပါတယ္။
အေမရိကန္သမၼတေဟာင္း Barack Obama ကလည္း ကြယ္လြန္သူ ဂ်ပန္၀န္ႀကီးခ်ဳပ္ေဟာင္းဟာ အေမရိကန္ နဲ႔ ဂ်ပန္အတြက္ ထူးျခားတဲ့ မဟာမိတ္ေတြျဖစ္ေအာင္ သစၥာထားၿပီး တာဝန္ထမ္းေဆာင္ခဲ့ပါတယ္လို႔ ေၾကညာခ်က္ထုတ္ျပန္ပါတယ္။ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ Antonio Guterres ကလည္း Shinzo Abe ဟာ ၿငိမ္းခ်မ္းေရး၊ လုံၿခဳံေရး ၊ ေရရွည္ဖြံၿဖိဳးတိုးတက္ေရး နဲ႔ တကမာၻလုံးက်န္းေရး လႈံေဆာ္ပညာေပးေရးတို႔ကို ျမႇင့္တင္ေပးဖို႔ ရည္႐ြယ္ခ်က္ရွိသူ တဦးျဖစ္တယ္လို႔ ေၾကညာခ်က္ထုတ္ျပန္ပါတယ္။ ဂ်ပန္၀န္ႀကီးခ်ဳပ္ ကြယ္လြန္မႈအတြက္ ၀မ္းနည္းစကား ပါးသူေတြထဲမွာေတာ့ အဲလိဇဘတ္ ဘုရင္မႀကီးအျပင္ ကမာၻတလႊားက ေခါင္းေဆာင္ေတြလည္း ပါ၀င္ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

//Unicode//

ဂျပန်နိုင်ငံ အနောက်ပိုင်းမှာ သောကြာနေ့က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး မိန်ခွန်းပြောနေစဉ် ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေက ဝမ်းနည်းတုံလှုပ်ကြောင်း ပြောဆိုကြပါတယ်။ ဂျပန်နိုင်ငံနဲ့ သူ့ကို သိကြတဲ့သူ အားလုံးအတွက် ကြေကွဲစရာပါလို့လည်း အမေရိကန်သမ္မတ Joe Biden က ကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း သူသေဆုံးမှုကြောင့် ဂျပန်နိုင်ငံ တည်ငြိမ်မှုကို မထိခိုက်နိုင်ဘူးလို့ ယူဆကြောင်းလည်း ပြောပါတယ်။

“ဂျပန်နိုင်ငံဟာ အင်မတန်မှ တည်ငြိမ်တဲ့ မဟာမိတ်ပါ။ အသေးစိတ် မသိရသေးပေမဲ့ ဂျပန်နိုင်ငံရဲ့ လုံခြုံရေးနဲ့ ညီညွတ်မှုကို ကြီးကြီးမားမား ရိုက်ခတ်လိမ့်မယ်လို့ မယူဆပါဘူး။” ဆိုပြီး သောကြာနေ့မှာ သမ္မတဘိုင်ဒင် သတင်းထောက်တွေကို ပြောလိုက်တာပါ။

ဝါရှင်တန်မှာရှိတဲ့ ဂျပန်သံရုံးကို သောကြာနေ့မှာပဲ သမ္မတဘိုင်ဒင် သွားရောက်ခဲ့ပြီး ဝမ်းနည်းခြင်းမှတ်တမ်း လက်မှတ်ရေးထိုးခဲ့သလို၊ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အမေရိကန်မှာ အလံတိုင်ဝက်လွှင်ထူကြဖို့လည်း အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်သမ္မတဟောင်း Barack Obama ကလည်း ကွယ်လွန်သူ ဂျပန်ဝန်ကြီးချုပ်ဟောင်းဟာ အမေရိကန် နဲ့ ဂျပန်အတွက် ထူးခြားတဲ့ မဟာမိတ်တွေဖြစ်အောင် သစ္စာထားပြီး တာဝန်ထမ်းဆောင်ခဲ့ပါတယ်လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း Shinzo Abe ဟာ ငြိမ်းချမ်းရေး၊ လုံခြုံရေး ၊ ရေရှည်ဖွံဖြိုးတိုးတက်ရေး နဲ့ တကမ္ဘာလုံးကျန်းရေး လှုံဆော်ပညာပေးရေးတို့ကို မြှင့်တင်ပေးဖို့ ရည်ရွယ်ချက်ရှိသူ တဦးဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။ ဂျပန်ဝန်ကြီးချုပ် ကွယ်လွန်မှုအတွက် ဝမ်းနည်းစကား ပါးသူတွေထဲမှာတော့ အဲလိဇဘတ် ဘုရင်မကြီးအပြင် ကမ္ဘာတလွှားက ခေါင်းဆောင်တွေလည်း ပါဝင်ကြပါတယ်။

XS
SM
MD
LG