သုံးရလွယ်ကူစေသည့် Link များ
နောက်ဆုံးရသတင်း
ညောင်လေးပင်နဲ့ ကျောက်ကြီးဒေသ တိုက်ပွဲတွေကြောင့် ဒုက္ခသည် သောင်းချီထွက်ပြေးနေရ
ညောင်လေးပင်နဲ့ ကျောက်ကြီးဒေသ တိုက်ပွဲတွေကြောင့် ဒုက္ခသည် သောင်းချီထွက်ပြေးနေရ
Zawgyi/ Unicode
//Zawgyi//
တိုက်ရိုက် လင့်ခ်
//Unicode//
ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်(ရွှေကျင်) ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေကြားတိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် မုန်းမြိုနယ်နဲ့ကျောက်ကြီးမြိုနယ်ထဲက ကျေးရွာပေါင်း၆၀လောက်က ကျေးရွာသား ၅သောင်းကျော်ထွက်ပြေးနေရပါတယ်။ ကေအန်ယူထိမ်းချုပ်ရာတပ်မဟာ(၃)ခုလောက်မှာတိုက်ပွဲပြင်းထန်နေတဲ့အတွက် စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် အစားအသောက်နဲ့နေရာထိုင်ခင်း ဆေးဝါးအကူညီတွေလိုအပ်နေတယ်လို့ ကရင်လူ့အခွင့်ရေးအဖွဲ့KHRG ကပြောပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာက ပြောပြပေးမှာပါ။
ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)ထိမ်းချုပ်ရာ နယ်မြေ ဖြစ်တဲ့ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်(ရွှေကျင်) ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေကြားနှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒေသခံကျေးရွာတွေက ကျေးရွာသား ၅သောင်းကျော်ဟာ ထွက်ပြေးနေရပါတယ်။ အခုချိန်ထိလည်း ထွက်ပြေးနေရတဲ့အတွက် စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် နေထိုင်စားသောက်ရေးအကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကရင်လူ့အခွင့်ရေးအဖွဲ့ကပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက အခုလိုပြောပါတယ်
"ကျနော်တို့သိရသလောက်ကတော့ ဇွန်လ ၂၅ရက်နေ့လောက်ကတည်းက ထွက်ပြေးနေရတယ်။ တိုက်ပွဲတွေဖြစ်တဲ့အပေါ်မှာပေါ့။ ကေအန်ယူရဲ့ထုတ်ပြန်ချက်အရကတော့ လူဦးရေ ၅သောင်းလောက်ရှိပြီ။ ဒါပေမယ့် အခုထိထွက်ပြေးနေရတုန်းပဲ။ ပြီးတော့ ညှင်းပမ်းနှိပ်စက်မူတွေကလည်းရှိနေတယ်။ အိမ်တွေ ပျက်စီးမူတွေ ကျောင်းတွေပျက်စီးမူတွေလည်းှရှိ နေတယ်။ ပြီးလို့ရှိရင်ဒေသခံအတော်များများက ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ တပ်မဟာ(၆)မှာလည်းပြေးနေရတယ်။ တပ်မဟာ(၁)မှာလည်းပြေးနေရတယ်။ သူတို့မှာ စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေ၊ အရေးပေါ်အေထာက်အပံ့အကူညီတွေ လိုအပ်နေတယ်။ အထူးသဖြင့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ နေရာထိုင်ခင်းတွေအတွက် အရေးတကြီးလိုအပ်နေပါတယ်"
ကေအန်ယူထိမ်းချုပ်ရာ တပ်မဟာ(၃)နယ်မြေထဲက စစ်ကောင်စီ စခန်းတခုကို ဇူလိုင်လ ၂ရက်နေ့ ကကေအန်ယူက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဒီနောက်မှာတော့ စစ်ကောင်စီဘက်ကလည် းအင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာနေသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မူတွေလည်းရှိနေတာပါ။
ဒီအတွက်မုန်းမြိုနယ် ကျောက်ကြီးမြိုနယ်ထဲက ကျေးရွာပေါင်း ၆၀လောက်က ဒေသခံ ၅သောင်းကျော်ဟာ ဘေးလွတ်ရာကိုထွက်ပြေးနေရပါတယ်။
တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ မြဝတီခရိုင်ထဲက ဝေါလေဘက်မှာလည်း စစ်ကောင်စီက ဥကရစ်ထစခန်းမကျရေးအတွက် စစ်အင်အားအလုံးအရင်းနဲ့ ထိုးပြီးတက်လာတာတွေလည်းရှိတဲ့အတွက် ဇူလိုင်လ(၇)ရက်နေ့ကလည် းနှစ်ဖက်တိုက်ပွဲတွေဖြစ်ထန်နေပါတယ်။
အခုလို တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာ စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ပိုများလာပြီး မြန်မာပြည်အတွင်းက ဒုက္ခသည်တွေဆီကို အစားအစာအကူညီတွေရောက်ဖို့ အခက်အခဲတွေရှိနေတယ်လို့လည်း ကရင်လူအခွင့်ရေးအဖွဲ့ကပြောရေးဆိုခွင့်ရှိ သူစောနန္ဒဆူးက အခုလိုပြောပါတယ်။
"ထိုးစစ်ဆင်မူတွေကတော့ အထူးသဖြင့် တပ်မဟာ(၃)မှ မဟုတ်ဘူ။ းတပ်မဟာ(၁)ကော၊ တပ်မဟာ(၆)ကော၊ ဇွန်လ နောက်ဆုံးပတ်ကနေ အခုထိ တိုက်ပွဲတွေကတော့ပြင်းထန်နေတုန်းပါပဲ။ နေရာဒေသတွေ အဆက်မပြတ် တိုက်ပွဲတွေဖြစ်နေတဲ့အတွက် အခက်အခဲတွေကတော့ အကူညီပေးတဲ့သူတွေအနေနဲ့ သယ်ယူပို့ဆောင်ရေးမှာ လုံခြုံမူ့တွေမရှိတဲ့အတွက် အခက်အခဲရှိတယ်။ အချိန်နဲ့တပြေးညီပို့လို့မရဘူး။ ဥပမာ နယ်စပ်မှာဆိုရင် တကယ် ဆို ထိုင်းနဲ့ နီးတဲ့နေရာလောက်ပဲ အကူညီကရတယ်။ နယ်စပ်က ဝေးတဲ့နေရာတွေမှာတော့ အကူညီတွေရရှိဖို့ ကလည်းမလွယ်ကူဘူး"
အခုဆိုရင် ကရင်ပြည်နယ်ထဲက ကေအန်ယူထိမ်းချုပ်ရာတပ်မဟာ(၇)ခုထဲက တပ်မဟာ(၁)၊ တပ်မဟာ(၃)၊ တပ်မဟာ(၅)၊ တပ်မဟာ(၆) စတဲ့ နယ်မြေတွေမှာ စစ်တပ်ကအာဏာသိမ်းပြီးကတည်းက တိုက်ပွဲတွေပြင်းထန်နေသလို ကရင်ပြည်နယ် တခုလုံးမှာတော့ စစ်ဘေးရှောင်ဒုက္ခသည် တသိန်းခုနှစ်သောင်းကျော်ရှိနေတယ်လို့ ဒုက္ခသည်တွေကို အကူညီပေးနေသူတွေကပြောဆိုခဲ့ပါတယ်ရှင်။
XS
SM
MD
LG