သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာသမ္မတ ရာထူးကထွက်ပေးဖို့ လက်ခံ


Demonstrators protest at the Presidential Secretariat, after President Gotabaya Rajapaksa fled, in Colombo
Demonstrators protest at the Presidential Secretariat, after President Gotabaya Rajapaksa fled, in Colombo

Zawgyi/ Unicode

//Zawgyi//


သီရိလင်္ကာနိုင်ငံမှာ စီးပွါးရေးကျပ်တည်းမှုတွေ လနဲ့ချီခံစားနေရတာကြောင့် လူထုကြား မကျေနပ်မှုတွေ ကြီးထွားနေချိန်မှာပဲ၊ စနေနေ့က ကိုလံဘိုမြို့တော်မှာရှိတဲ့ သမ္မတအိမ်တော်ကို ထောင်နဲ့ချီတဲ့ ဆန္ဒပြသူဝင်ရောက်စီးနင်းခဲ့ကြသလို၊ ဝန်ကြီးချုပ်အိမ်ကိုလည်း မီးရှို့ခဲ့ကြပြီးနောက် သမ္မတက ရာထူးကထွက်ပေးဖဖို့ လက်ခံလိုက်ပါတယ်။ ပါတီခေါင်းဆောင်တွေ အစည်းအဝေး ဆုံးဖြတ်ချက်ကို သမ္မတ Gotabaya Rajapaksa က လက်ခံခဲ့တာဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက စနေနေ့နှောင်းပိုင်းမှာ နိုင်ငံတော်ကို ရုပ်မြင်သံကြားကနေ ပြောကြားခဲ့တာပါ။

"အာဏာလွဲပြောင်းမှု ချောချောမောမောဖြစ်စေဖို့ ဇူလိုင်လ ၁၃ ရက်နေ့ ရာထူးကထွက်ပေးမယ့်အကြောင်း တိုင်းပြည်ကို အသိပေးဖို့ ကျနော့်ကို ပြောခဲ့ပါတယ်။" လို့ လွှတ်တော်ဥက္ကဌ Mahinda Yapa Abeywardena က ပြောသွားတာပါ။ သမ္မတရာထူးက ထွက်ပေးဖို့ လက်ခံလိုက်တာကြောင့် တိုင်းပြည်မှာ မတည်မငြိမ်ဖြစ်အောင် ဆက်မလုပ်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဆန္ဒပြသူတွေ စီးနင်းမှု မတိုင်ခင်မှာပဲ သမ္မတ Rajapaksa ကို ဘေးလွတ်ရာ လျှို့ဝှက်နေရာ တနေရာကို စစ်တပ်က ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ သူဟာ နိုင်ငံ့ စီးပွါးရေးအကြီးအကျယ် ထိခိုက်နေတာအတွက် အကြီးအကျယ် ပြစ်တင်ခံနေရသလို နှုတ်ထွက်ပေးဖို့ လူထုရဲ့ ဖိအားပေးမှုကိုလပေါင်းများစွာ ခံနေရတာ ဖြစ်ပါတယ်။

ပါတီစုံပါဝင်တဲ့ အစိုးရတရပ်ဖွဲ့ဖို့အတွက် နုတ်ထွက်ပေးမှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် Ranil Wickremesinghe ကမ်းလှမ်းခဲ့ပြီးနောက်၊ အခုနောက်ဆုံး သမ္မတလည်း ထွက်ပေးဖို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေ မတိုင်ခင် အာဏာပိုင်တွေက လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား ၂ သောင်းလာက် ချထားပြီး သမ္မတအိမ်တော် အပြင်ဘက်မှာလည်း လုံခြုံရေးတွေ တိုးမြှင့်ထားခဲ့ပေမဲ့ ဆန္ဒပြသူတွေ လုံခြုံရေးအတားအဆီးတွေကို ဖျက်ဆီးဝင်ရောက် တာကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။ ဒဏ်ရာရသူကတော့ ဒါဇင်နဲ့ချီရှိခဲ့ပါတယ်။ နိုင်ငံရေးလောကမှာ သြဇာကြီးမားတဲ့ သမ္မတ Rajapaksas မိသားစုဟာ ၂၀၁၉ ခုနှစ်မှာ တကျော့ပြန် အာဏာရလာခဲ့ပြီးနောက် ကျင့်သုံးခဲ့တဲ့ မူဝါဒတွေကြောင့် နိုင်ငံဟာ ဒေဝါလီခံရတဲ့ အခြေနေဆိုက်ခဲ့တယ်လို့ ပြစ်တင်ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

//Unicode//







XS
SM
MD
LG