သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယပိုင် ကက်ရှ်မီးယားမှာ ရေကြီးမှုကြောင့် သေဆုံးသူ ၁၆ ယောက်အထိရှိ


Rescuers search for survivors following a cloudburst near the holy Amarnath cave shrine in Kashmir, July 9, 2022.
Rescuers search for survivors following a cloudburst near the holy Amarnath cave shrine in Kashmir, July 9, 2022.

Zawgyi/Unicode

//Zawgyi//

အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ နှစ်စဉ် ဟိန္ဒူဘုရားဖူးတွေ လာရောက်နေတဲ့ အချိန်အတောအတွင်း သောကြာနေ့က ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက်ကြောင့် ရေကြီးရေလျှံပြီး အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒါအပြင် လူ ၄ဝ ကျော်လည်း ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။

အဲဒီလို အခြေအနေကြောင့် ဟိမဝန္တာတောင်တန်းပေါ်က Amarnath ဟိန္ဒူနတ်ဘုရား လှိုဏ်ဂူကို ဖူးမျှော်ဖို့ လာရောက်ကြသူတွေ အနည်းဆုံး တသောင်းခွဲလောက်ဟာ လမ်းခရီးမှာပဲ ပိတ်မိနေကြပါတယ်။
အိန္ဒိယစစ်တပ်ကတော့ ဘုရားဖူးအများစုကို အခြေစိုက်စခန်းတခုကို ပြောင်းရွှေ့ပေးခဲ့ပါတယ်။ ဒါအပြင် ဒဏ်ရာရရှိကြသူတွေကို ဆေးရုံပို့ဆောင်ပေးဖို့အတွက် အနည်းဆုံး ရဟတ် ၄ စီးကိုလည်း ဖြန့်ကျက်ချထားတယ်လို့ အာဏာပိုင်တွေက စနေနေ့က ပြောပါတယ်။

မိုးရွာသွန်းမှုကြောင့် စခန်းပေါင်း ၂ ဒါဇင်လောက်နဲ့ ချက်ပြုတ်ဖို့ အသုံးပြုတဲ့ တဲတွေ ပျက်စီးကုန်တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။ အရေးပေါ်ကယ်ဆယ်ရေး လုပ်သားတွေကတော့ အဲဒီလို ရာသီဥတုဆိုးဝါးနေတဲ့အချိန်အတွင်းမှာပဲ ပျောက်ဆုံးနေသူတွေကို ဆက်လက် ရှာဖွေနေကြပါတယ်။

အိန္ဒိယပိုင် ကက်ရှ်မီးယားမှာ ရေကြီးမှုကြောင့် သေဆုံးသူ ၁၆ ယောက်အထိရှိ
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

//Unicode//




XS
SM
MD
LG