စီးပွားရေးပျက်ကပ်ဆိုက်ပြီး အကုန်ဒုက္ခရောက်နေတဲ့ သီရိလင်္ကာနိုင်ငံမှာ သမ္မတ ဂိုတာဘာယာ ရာဂျာပတ်ရှာ ပြည်ပကိုထွက်ပြေးသွားပြီးနောက်၊ ဝန်ကြီးချုပ် ရနေးဝတ်ခရာမာဆင်ဂေးရဲ့ ဝန်ကြီးချုပ်ရုံးကို ဆန္ဒပြသူတွေ အတင်းဝင်ရောက်ခဲ့ကြပါတယ်။ ၄ ရက်ကြာ ပုန်းအောင်းနေပြီးမှ ဗုဒ္ဓဟူးမနက် အရုဏ်တက်မှာ မော်လ်ဒိဖ်စ်နိုင်ငံကို သမ္မတထွက်ပြေးသွားပြီးနောက် ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ရာထူးက ဆင်းမပေးသေးတဲ့ ဝန်ကြီးချုပ်ရဲ့ ရုံးခန်းကို လာရောက်ခဲ့ကြတာပါ။ နိုင်ငံကနေ တိတ်တိတ်ထွက်သွားတဲ့ သမ္မတက သူ့ရဲ့လူရင်း ဝန်ကြီးချုပ်ကို ယာယီသမ္မတအဖြစ် ရာထူး လွှဲပေးခဲ့ပါတယ်။
သီရိလင်္ကာအကျပ်အတည်း (ဇူလိုင် ၁၃၊ ၂၀၂၂)
၉
ဆန္ဒပြသူတွေကို ဟန့်တားတဲ့ မျက်ရည်ယိုဗုံးငွေ့တွေကို အဓိကရုန်းထိန်းရဲတွေလည်း ထိခဲ့ပါတယ်။
(ဇူလိုင် ၁၃၊ ၂၀၂၂)
(ဇူလိုင် ၁၃၊ ၂၀၂၂)
၁၀
ဆန္ဒပြသူတွေ ဝန်ကြီးချုပ်ရုံးထဲမဝင်နိုင်အောင် လုံခြုံရေးတွေ ဝိုင်းတာဆီးပေမဲ့ လူအင်အားမမျှပဲ မတားဆီးနိုင်ခဲ့ပါဘူး (ဇူလိုင် ၁၃၊ ၂၀၂၂)
၁၁
သမ္မတ ပြည်ပကို ထွက်ပြေးသွားပြီးနောက် သမ္မတ အိမ်တော်ထဲက ပန်းချီကားကြီးရှေ့မှာ အမျိုးသမီးတဦး ဆယ်လ်ဖီဓာတ်ပုံရိုက်ခဲ့ပါတယ်။ (ဇူလိုင် ၁၃၊ ၂၀၂၂)
၁၂
ကိုလံဘိုမြို့တော်မှာ အိမ်သုံးလောင်စာဓါတ်ငွေ့ဝယ်ယူဖို့ ဆီပုံးအလွတ်တွေနဲ့ ဆီဆိုင်တန်းစီနေကြရတာ တွေ့နိုင်ပါတယ်။ (ဇူလိုင် ၁၂၊ ၂၀၂၂)