သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘိုင်ဒင် အရှေ့အလယ်ပိုင်းခရီးစဉ် အဆုံးသတ်


Biden US Mideast
Biden US Mideast

Zawgyi/ Unicode

Zawgyi

အရှေ့အလယ်ပိုင်းဒေသခရီးစဉ် သွားရောက်ခဲ့တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ စနေနေ့မှာ ဝါရှင်တန်ဒီစီကို ပြန်လာနေပါပြီ။ ဆော်ဒီအာရေဗျမှာ အာရပ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာတော့ သမ္မတဘိုင်ဒန်က အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းဒေသနဲ့ ထိတွေ့ဆက်ဆံမှုဟာ အီရန်ရဲ့ ရန်ကိုတန်ပြန်ဖို့ဖြစ်သလို ဒေသတွင်း တရုတ်နဲ့ ရုရှားတို့နဲ့ မဟာဗျူဟာအရ ယှဉ်ပြိုင်မှုမှာလည်း အမေရိကန် သြဇာပြန်ကြီးလာအောင် လုပ်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ဒေသတွင်း အနာဂတ်ကောင်းမွန်ရေး တည်ဆောက်မှုတွေအတွက် ရင်းနှီးမြှပ်နှံရာမှာ အားလုံးနဲ့ လက်တွဲဆောင်ရွက်မှာ ဖြစ်ကြောင်း GCC + 3 ထိပ်သီးအစည်းဝေး တက်ရောက်လာတဲ့ အာရပ်ခေါင်းဆောင်တွေကို ပြောကြားခဲ့တာပါ။

ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗျ နဲ့ UAE ၊ အပြင် အီဂျစ်၊ အီရတ်နဲ့ ဂျော်ဒန်တို့ပါ ပါဝင်တဲ့ ပင်လယ်ကွေ့ဒေသပူးပေါင်းဆောင်ရွက်ရေးကောင်စီ GCC + 3 ထိပ်သီးအစည်းဝေးမှာ သမ္မတဘိုင်ဒန်က ဒေသတွင်း တရုတ်၊ ရုရှား ဒါမှမဟုတ် အီရန်တို့ အစားဝင်ဖြည့်မယ့် ကွက်လပ်ဖြစ်သွားအောင် အမေရိကန်က ထွက်ပေးမှာ မဟုတ်ကြောင်းနဲ့ အမေရိကန်မူဝါဒနဲ့ တက်တက်ကြွကြွ ဦးဆောင်ဖို့ လုပ်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

စည်းမျဉ်းစည်းကမ်း အခြေခံတဲ့ နိုင်ငံတွေရဲ့ တည်ရှိမြဲ အနေထားအတိုင်း ဖြစ်လာစေဖို့ ဒေသတွင်းနိုင်ငံတွေနဲ့ မိတ်ဆွေဖြစ်မှုခိုင်မာရေး၊ ကာကွယ်ရေးစွမ်းရည်မြှင့်တင်ရာမှာ အကူညီပေးရေး၊ နိုင်ငံရပ်ခြားနဲ့ ဒေသတွင်းအင်အားကြီးနိုင်ငံတွေရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ ကြီးစိုးတာ၊ ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်ကိုအနှောက်ယှက်ပေးတာတွေကို ကာကွယ် တားဆီးရေး အပါအဝင် ဒေသတွင်း အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံမှုဆိုင်ရာ အဓိကမူဝါဒတွေကို သမ္မတဘိုင်ဒန်က ချပြခဲ့တာပါ။

ဒါ့အပြင် ကမ္ဘာတလွှား ကြုံနေရတဲ့စိန်ခေါ်မှုတွေ ကို တင်ပြခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိက မြောက်ပိုင်းဒေသတွေမှာ စားနပ်ရိက္ခာအကူအညီအဖြစ် ဒေါ်လာ သန်းတထောင် ချထားပေးမှာ ဖြစ်ကြောင်းလည်း ကြေညာခဲ့ပါတယ်။ တရုတ်ရဲ့ခါးပတ်လမ်းစီမံကိန်းကို တန်ပြန်တဲ့ အမေရိကန်ရဲ့ တကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံနဲ့ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အစီအစဉ်အတွက် အာရပ်ခေါင်းဆောင်တွေက ဒေါ်လာ ၃ ဘီလီယံ ထည့်ဝင်ဖို့ ကတိပေးတာကိုလည်း သမ္မတက ကြိုဆိုလိုက်ပါတယ်။

07-16-22 BIDEN -MT.mp3
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်

Unicode






XS
SM
MD
LG