သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီရိလင်္ကာမှာ သမ္မတသစ်ရွေးဖို့ လွှတ်တော်ပြင်ဆင်


Security personnel guards Sri Lanka's parliament building in Colombo
Security personnel guards Sri Lanka's parliament building in Colombo

Zawgyi/Unicode

Zawgyi

သီရိလင်္ကာနိုင်ငံ လွှတ်တော်မှာ သမ္မတအသစ် ရွေးချယ်တဲ့ လုပ်ငန်းစဉ်ကို ဇူလိုင် ၁၆ ရက် စနေနေ့မှာ စတင်လိုက်ပါပြီ။
နိုင်ငံတွင်း အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေနဲ့အတူ သမ္မတရုံးနဲ့ အိမ်တော်ကို သိမ်းပိုက်ခဲ့တဲ့အတွက် စင်္ကာပူနိုင်ငံကို ထွက်ပြေးပုန်းရှောင်ခဲ့တဲ့ သမ္မတဟောင်း Gotabaya Rajapaksa ရဲ့ ဇူလိုင် ၁၄ ရက် နှုတ်ထွက်စာကို လက်ခံကြောင်း လွှတ်တော်က သောကြာနေ့မှာ ကြေညာခဲ့တာပါ။
စနေနေ့မှာတော့ လွှတ်တော်အတွင်းရေးမှုးချုပ် Dhammika Dassanayake က လစ်လပ်တဲ့ သမ္မတနေရာအတွက် လွှတ်တော်ခေါ်ယူရတာ ဖြစ်ကြောင်း ပြောပါတယ်။
သမ္မတရာထူးလစ်လပ်သွားပြီး လွှတ်တော်လည်း ဖျက်သိမ်းမထားဘူးဆိုရင် ၁၉၈၁ ခုနှစ် သမ္မတရွေးကောက်ပွဲ ဥပဒေအရ လစ်လပ်နေတဲ့ သမ္မတရာထူးအတွက် ၃ ရက်အတွင်း လွှတ်တော်ခေါ်ယူရမှာ ဖြစ်ကြောင်း ပြောသွားတာပါ။
သမ္မတသစ်အတွက် အမည်စာရင်း တင်သွင်းမှုကို အင်္ဂါနေ့မှာ ပြုလုပ်မှာ ဖြစ်ပြီး တကယ်လို့ သမ္မတလောင်းက တဦးထက်ပိုမယ် ဆိုရင် ဗုဒ္ဓဟူးနေ့မှာ လွှတ်တော်အမတ်တွေ မဲပေးရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
လက်ရှိမှာ ယာယီသမ္မတအဖြစ် ဝန်ကြီးချုပ် Ranil Wickremesinghe က သောကြာနေ့က ကျမ်းသစ္စာကျိန်ဆိုပြီး တာဝန်ယူထားတာဖြစ်ပါတယ်။ ဝန်ကြီးချုပ်အဖြစ် ၆ ကြိမ်တာဝန်ထမ်းဆောင်ခဲ့တဲ့ Wickremesinghe ဟာ Rajapaksas မိသားစုနဲ့ မဟာမိတ်ဖြစ်ပြီး လွှတ်တော်မှာ သူတို့ပါတီရဲ့ တဦးထည်းသော လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။ အတိုက်အခံတွေ ဘက်ကတော့ သမ္မတလောင်းအဖြစ် Sajith Premadasa ကို ရွေးချယ်ထားတာပါ။
သီရိလင်္ကာနိုင်ငံမှာ စီးပွါးရေးဆိုးဆိုးဝါးဝါး ကျဆင်းမှုကြောင့် လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ လနဲ့ချီရှိခဲ့တဲ့နောက် ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ ဆန္ဒပြသူတွေက အစိုးရအဆောက်အဦးတွေကိုပါ ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode


XS
SM
MD
LG