သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားက ပြည်ပကို ရေနံဘယ်လောက် တင်ပို့နေလဲ

ယူကရိန်းနိုင်ငံကို ရုရှားတို့ကျူးကျော်စစ်စတင်ကတည်းက လောင်စာဆီဈေးနှုန်းတွေ တက်ကုန်တာပါ။ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့်လည်း ဈေးက ပိုတက်ရပါတယ်။ အထူးသဖြင့် ဥရောပ အပါအဝင် နိုင်ငံအများအပြားက ရေနံနဲ့ ရေနံဆက်စပ်ထွက်ကုန်တွေအတွက် ရုရှားကို မှီခိုနေရတာပါ။

ကမ္ဘာမှာ ရုရှားက ရေနံစိမ်းထုတ်လုပ်မှု တတိယအများဆုံးနိုင်ငံ ဖြစ်ပါတယ်။ တင်ပို့မှုက ဒုတိယအများဆုံး နိုင်ငံပါ။ ၂၀၁၉ မှာဆိုရင် ရုရှားဆီက ရေနံကို အနည်းဆုံး နိုင်ငံပေါင်း ၄၆ နိုင်ငံ၊ တန်ဖိုးအားဖြင့် ဒေါ်လာ သန်း ၁ သိန်း ၂ သောင်း ၃ ထောင် (၁၂၃ ဘီလျံ) ဖိုးဝယ်တာပါ။ နိုင်ငံတနိုင်ငံချင်းစီက ဘယ်လောက်တင်သွင်းလဲ ကြည့်ရအောင်ပါ။


XS
SM
MD
LG