သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ေဒသခံေတြ ခရီးသြားလာမႈ AA သတိေပး


ပု ဏၰကြ်န္း ဘဲ ၅၀၀ ေတာင္ ဘုရားပဲြေတာ္လာၾကသူမ်ား ႏို၀င္ဘာ ၁၈၊ ၂၀၂၁

စစ္ေရးတင္းမာေနတဲ့ ရခိုင့္ျပည္နယ္အတြင္း စစ္ေကာင္စီဖက္က ေဒသခံေတြကို စစ္ေဆးဖမ္းဆီးတာေတြ မ်ားလာတာေၾကာင့္၊ ေဒသခံျပည္သူေတြအေနနဲံ မလိုအပ္ပဲ ခရီးမသြားဖို႔နဲ႔၊ သြားလာမယ္ဆိုရင္ တယ္လီဖုံး ကြန္ျပဴတာ ဆက္သြယ္ေရးပစၥည္းေတြကို သတိျပဳကိုင္တြယ္ၾကဖို႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႕က သတိေပးထားပတယ္။ တေလာက ေမာင္းေတာတိုက္ပြဲအၿပီး အစစ္အေဆးေတြ ပိုမ်ားလာလို႔လည္း ေဒသခံေတြ အခက္ႀကဳံၾကရတယ္လို႔ သိရပါတယ္။ ရန္ကုန္က ေပးပို႔ထားတဲ့သတင္း ကိုစံေက်ာ္ေျပာျပပါမယ္။

ရခိုင္ျပည္နယ္အတြင္း စစ္ေကာင္စီအေနနဲ႔ ေဒသခံေတြကို ဖမ္းဆီးတရားစြဲဆိုတာေတြ၊ ကုန္းလမ္းေရလမ္း ေတြမွာ စစ္ေဆးေရးဂိတ္ေတြ တိုးျမင့္စစ္ေဆးေနတာေတြနဲ႔ ေဒသခံေတြရဲ႕ ေနအိမ္ကို ဝင္ေရာက္စစ္ေဆးတာေတြ ရွိေနတယ္လို႔ ရခိုင္လက္နက္ကိုင္AAအဖြဲ႕က မေန႔က ထုတ္ျပန္ပါတယ္။ ဒါေၾကာင့္လည္း ရခိုင္ျပည္သူေတြအေနနဲ႔ ခရီးသြားလာမယ္ဆိုရင္ ဖုန္း၊ ကြန္ျပဴတာ စတဲ့ပစၥည္းေတြကို ရွင္းလင္းၿပီးမွ ယူေဆာင္သြားဖို႔နဲ႔ ေသေရးရွင္ေရးကိစၥကလြဲရင္ ခရီးသြားလာတာေတြမလုပ္ၾကဖို႔ ရခိုင္လက္နက္ကိုင္AAအဖြဲ႕က သတိေပးထားပါတယ္။

ရခိုင္ျပည္နယ္တြင္း စစ္ေကာင္စီအေနနဲ႔ အခုလို ျပည္သူေတြကို တင္းၾကပ္စစ္ေဆးေနတာေတြ ေၾကာင့္ ေဒသခံေတြအေနနဲ႔ အခက္ႀကဳံေနရတယ္လို႔ ေျမာက္ဦးၿမိဳ႕နယ္တြင္း ေဒသခံ ကိုဝင္းေအာင္ေက်ာ္က ေျပာပါတယ္။

“ က်ေနာ္တို႔ အခုဆိုရင္ ခရီးသြားရင္လည္း လြတ္လြတ္လပ္လပ္သြားလို႔မရေတာ့ဘူး သြားခ်င္တဲ့ ေနရာကိုသြားလို႔မရဘူး။ ၿပီးေတာ့ ညဖက္ ေနမေကာင္းလို႔ တခုခုျဖစ္လို႔ ေဆး႐ုံေဆးခန္း သြား မယ္ဆိုရင္ေတာင္ ေၾကာက္ေနရတယ္။ လမ္းမွာ ဖမ္းမလာ စစ္မလားဆိုတာကို။ အခု AAက ထုတ္ျပန္သတိေပးလိုက္ေတာ့ က်ေနာ္တို႔ ပိုသတိထားရေတာ့မယ့္။ ဘယ္လိုလုပ္ရ မလဲဆို တာလည္းမသိေတာ့ဘူး။”

စစ္ေကာင္စီအေနနဲ႔ ျပည္သူေတြကို ဖမ္းဆီးစစ္ေဆး တာေတြဟာ ပုံမွန္လုပ္ေနၾကဆိုေပမယ့္ ၿပီးခဲ့တဲ့ ရက္ပိုင္းျဖစ္ပြားခဲ့တဲ့ ေမာင္ေတာ တိုက္ပြဲအၿပီးမွာ ဖမ္းဆီးစစ္ေဆးတာေတြ ပိုၿပီးေတာ့ တင္းၾကပ္လာတယ္လို႔ ရခိုင္ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးေဖသန္းက ေျပာပါတယ္။

“ အခုျဖစ္လာၿပီဆိုရင္ သြားေရးလာေရး ကန႔္သတ္တာတို႔ ကုန္စည္စီးဆင္းမႈကို ကန႔္သတ္ တာတို႔ အနီးအနားရွိတဲ့ လူေတြကို ဖမ္းဆီးစစ္ေဆးတာတို႔ ၿပီးေတာ့ ဆိုင္ကယ္နဲ႔ ကားနဲ႔ သြား တဲ့သူေတြကို ဖုန္းေတြကို စစ္ၿပီးေတာ့ အထက္မွာအခ်က္အလက္ရွာဖြယ္ၿပီးေတာ့ အဲတာကို တရားစြဲတာတို႔ အဲတာေတြက လုပ္ေနၾကျဖစ္တယ္။ အခုေမာင္ေတာ တိုက္ပြဲ ေနာက္ပိုင္းမွာ အဲလိုမ်ိဳးလုပ္တာ ပိုၿပီးေတာ့ စိပ္တာကိုေတြ႕ရတယ္”

စစ္ေကာင္စီအေနနဲ႔ ရခိုင္ေဒသခံေတြပိုင္ဆိုင္တဲ့ ဖုန္း၊ ကြန္ျပဴတာ၊ Tablet စတဲ့ ဆက္သြယ္ေရးကိရိယာေတြကိုအဓမၼသိမ္းယူၿပီးေတာ့ ရခိုင္လက္နက္ကိုင္AA အဖြဲ႕နဲ႔ ဆက္စပ္တဲ့ ဓာတ္ပုံေတြ အခ်က္အလက္ေတြကိုရွာယူၿပီး၊ လူမႈကြန္ယွက္ေပၚမွာ စစ္ေကာင္စီကို တိုက္ခိုက္ေရးသားထားတဲ့ ပိုစ္ေရးထားသူေတြကို ပစ္မွတ္ထားဖမ္းဆီးတာေတြ လုပ္ေဆာင္ေနတယ္လို႔လည္း ရခိုင္လက္နက္ကိုင္AAအဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ၿပီးခဲ့တဲ့ ဇြန္လကလည္း ရခိုင္ေဒသခံ ၃၀ေက်ာ္ကို စစ္ေကာင္စီကဖမ္းဆီးတရားစြဲတာေတြ ရွိခဲ့ပါတယ္။ လက္ရွိအေနအထားအရ ရခိုင္ျပည္နယ္မွာ စစ္ေကာင္စီဘက္က အင္အားတိုးျမႇင့္ေနရာခ်ေနတာေၾကာင့္၊ အခ်ိန္မေ႐ြးတိုက္ပြဲ ျဖစ္လာႏိုင္တဲ့အတြက္ ျပည္သူေတြကို သတိထားေနထိုင္ၾကဖို႔လည္း ရခိုင္လက္နက္ ကိုင္ AA အဖြဲ႕က သတိေပးထားပါတယ္။

=====================

ရခိုင်ဒေသခံတွေ ခရီးသွားလာမှု AA သတိပေး


စစ်ရေးတင်းမာနေတဲ့ ရခိုင့်ပြည်နယ်အတွင်း စစ်ကောင်စီဖက်က ဒေသခံတွေကို စစ်ဆေးဖမ်းဆီးတာတွေ များလာတာကြောင့်၊ ဒေသခံပြည်သူတွေအနေနဲံ မလိုအပ်ပဲ ခရီးမသွားဖို့နဲ့၊ သွားလာမယ်ဆိုရင် တယ်လီဖုံး ကွန်ပြူတာ ဆက်သွယ်ရေးပစ္စည်းတွေကို သတိပြုကိုင်တွယ်ကြဖို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့က သတိပေးထားပတယ်။ တလောက မောင်းတောတိုက်ပွဲအပြီး အစစ်အဆေးတွေ ပိုများလာလို့လည်း ဒေသခံတွေ အခက်ကြုံကြရတယ်လို့ သိရပါတယ်။ ရန်ကုန်က ပေးပို့ထားတဲ့သတင်း ကိုစံကျော်ပြောပြပါမယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီအနေနဲ့ ဒေသခံတွေကို ဖမ်းဆီးတရားစွဲဆိုတာတွေ၊ ကုန်းလမ်းရေလမ်း တွေမှာ စစ်ဆေးရေးဂိတ်တွေ တိုးမြင့်စစ်ဆေးနေတာတွေနဲ့ ဒေသခံတွေရဲ့ နေအိမ်ကို ဝင်ရောက်စစ်ဆေးတာတွေ ရှိနေတယ်လို့ ရခိုင်လက်နက်ကိုင်AAအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။ ဒါကြောင့်လည်း ရခိုင်ပြည်သူတွေအနေနဲ့ ခရီးသွားလာမယ်ဆိုရင် ဖုန်း၊ ကွန်ပြူတာ စတဲ့ပစ္စည်းတွေကို ရှင်းလင်းပြီးမှ ယူဆောင်သွားဖို့နဲ့ သေရေးရှင်ရေးကိစ္စကလွဲရင် ခရီးသွားလာတာတွေမလုပ်ကြဖို့ ရခိုင်လက်နက်ကိုင်AAအဖွဲ့က သတိပေးထားပါတယ်။

ရခိုင်ပြည်နယ်တွင်း စစ်ကောင်စီအနေနဲ့ အခုလို ပြည်သူတွေကို တင်းကြပ်စစ်ဆေးနေတာတွေ ကြောင့် ဒေသခံတွေအနေနဲ့ အခက်ကြုံနေရတယ်လို့ မြောက်ဦးမြို့နယ်တွင်း ဒေသခံ ကိုဝင်းအောင်ကျော်က ပြောပါတယ်။

“ ကျနော်တို့ အခုဆိုရင် ခရီးသွားရင်လည်း လွတ်လွတ်လပ်လပ်သွားလို့မရတော့ဘူး သွားချင်တဲ့ နေရာကိုသွားလို့မရဘူး။ ပြီးတော့ ညဖက် နေမကောင်းလို့ တခုခုဖြစ်လို့ ဆေးရုံဆေးခန်း သွား မယ်ဆိုရင်တောင် ကြောက်နေရတယ်။ လမ်းမှာ ဖမ်းမလာ စစ်မလားဆိုတာကို။ အခု AAက ထုတ်ပြန်သတိပေးလိုက်တော့ ကျနော်တို့ ပိုသတိထားရတော့မယ့်။ ဘယ်လိုလုပ်ရ မလဲဆို တာလည်းမသိတော့ဘူး။”

စစ်ကောင်စီအနေနဲ့ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေး တာတွေဟာ ပုံမှန်လုပ်နေကြဆိုပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းဖြစ်ပွားခဲ့တဲ့ မောင်တော တိုက်ပွဲအပြီးမှာ ဖမ်းဆီးစစ်ဆေးတာတွေ ပိုပြီးတော့ တင်းကြပ်လာတယ်လို့ ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောပါတယ်။

“ အခုဖြစ်လာပြီဆိုရင် သွားရေးလာရေး ကန့်သတ်တာတို့ ကုန်စည်စီးဆင်းမှုကို ကန့်သတ် တာတို့ အနီးအနားရှိတဲ့ လူတွေကို ဖမ်းဆီးစစ်ဆေးတာတို့ ပြီးတော့ ဆိုင်ကယ်နဲ့ ကားနဲ့ သွား တဲ့သူတွေကို ဖုန်းတွေကို စစ်ပြီးတော့ အထက်မှာအချက်အလက်ရှာဖွယ်ပြီးတော့ အဲတာကို တရားစွဲတာတို့ အဲတာတွေက လုပ်နေကြဖြစ်တယ်။ အခုမောင်တော တိုက်ပွဲ နောက်ပိုင်းမှာ အဲလိုမျိုးလုပ်တာ ပိုပြီးတော့ စိပ်တာကိုတွေ့ရတယ်”

စစ်ကောင်စီအနေနဲ့ ရခိုင်ဒေသခံတွေပိုင်ဆိုင်တဲ့ ဖုန်း၊ ကွန်ပြူတာ၊ Tablet စတဲ့ ဆက်သွယ်ရေးကိရိယာတွေကိုအဓမ္မသိမ်းယူပြီးတော့ ရခိုင်လက်နက်ကိုင်AA အဖွဲ့နဲ့ ဆက်စပ်တဲ့ ဓာတ်ပုံတွေ အချက်အလက်တွေကိုရှာယူပြီး၊ လူမှုကွန်ယှက်ပေါ်မှာ စစ်ကောင်စီကို တိုက်ခိုက်ရေးသားထားတဲ့ ပိုစ်ရေးထားသူတွေကို ပစ်မှတ်ထားဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့လည်း ရခိုင်လက်နက်ကိုင်AAအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင်ပြီးခဲ့တဲ့ ဇွန်လကလည်း ရခိုင်ဒေသခံ ၃၀ကျော်ကို စစ်ကောင်စီကဖမ်းဆီးတရားစွဲတာတွေ ရှိခဲ့ပါတယ်။ လက်ရှိအနေအထားအရ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီဘက်က အင်အားတိုးမြှင့်နေရာချနေတာကြောင့်၊ အချိန်မရွေးတိုက်ပွဲ ဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေကို သတိထားနေထိုင်ကြဖို့လည်း ရခိုင်လက်နက် ကိုင် AA အဖွဲ့က သတိပေးထားပါတယ်။

XS
SM
MD
LG