သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေက်ာက္ႀကီးျမိဳ႕နယ္ ေက်း႐ြာတခ်ိဳ႕ စစ္ေကာင္စီ ေလေၾကာင္းမွ တိုက္ခိုက္


စစ္ေကာင္စီတပ္ဖက္က ပစ္တဲ့ လက္နက္က်ည္ဆံမ်ား (Photo: တပ္မဟာ ၃ နယ္ေျမ ေဒသခံ)

[[ ZAWGYI / UNICODE ]]

ေက်ာက္ႀကီးၿမိဳ႕နယ္ ေက်း႐ြာတခ်ိဳ႕ စစ္ေကာင္စီ ေလေၾကာင္းမွ တိုက္ခိုက္

ကရင္ အမ်ိဳးသားအစည္းအ႐ုံး ေကအန္ယူ ထိန္းခ်ဳပ္ရာ တပ္မဟာ(၃)နယ္ေျမ ေက်ာက္ႀကီးၿမိဳ႕နယ္ထဲက ေက်း႐ြာေတြေပၚကို စစ္ေကာင္စီတပ္ေတြက ဇူလိုင္လ ၂၉ ရက္ေန႔ ေလေၾကာင္းကေန ဗုံးႀကဲတိုက္ခိုက္ခဲ့တာေၾကာင့္ စစ္ေဘးေရွာင္ေနတဲ့ ႐ြာသား ၄ ဦးထိခိုက္ဒဏ္ရာ ရသြားခဲ့ပါတယ္။ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္ ။

ကရင္အမ်ိဳးသားအစည္းအ႐ုံး ေကအန္ယူ ထိန္းခ်ဳပ္ရာ ေက်ာက္ႀကီးၿမိဳ႕နယ္နဲ႔ မုန္းေဒသမွာ စစ္ေကာင္စီတပ္ေတြက ေလေၾကာင္းကေန ၃ ႀကိမ္ ဗုံးႀကဲတိုက္ခိုက္ ခဲ့တာေၾကာင့္ စစ္ေဘးေရွာင္ေနတဲ့ ႐ြာသား ၄ ဦး ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ ေဒသခံ ေက်း႐ြာသားတဦးက ေျပာပါတယ္။

" ၂၉ ရက္ေန႔ မနက္ ၉ နာရီေက်ာ္ အခ်ိန္ေလာက္က ေက်ာက္ႀကီးၿမိဳ႕နယ္အပိုင္ ေသာတူေဒးေက်း႐ြာ ကြီးဒိုကယ္ခို ေက်း႐ြာ ၊ ခလယ္ကြီးကယ္ခို စတဲ့ အဲဒီ႐ြာ ၃ ႐ြာကို ရဟတ္ယာဥ္က လာၿပီး ဗုံးႀကဲသြားတယ္။ အဲဒီမွာေတာ့ တိုက္ပြဲၿငိမ္ေနခ်ိန္မွာပဲ လာၿပီး ပစ္ခတ္သြားတယ္။ ျပည္သူ ၄ ေယာက္ထိသြားတယ္၊ အဲဒီမွာပဲ ညေန ၄ နာရီ ၂၀ေလာက္မွာ ေလယာဥ္ လာထပ္ဝဲေသးတယ္။ ၂၉ ရက္ေန႔ညမွာပဲေက်ာက္ႀကီးအပိုင္ မုန္းေဒသမွာပဲ ၅၉၉ တပ္ရင္းက လက္နက္ႀကီးနဲ႔ပစ္လို႔ မုန္းေဒသအပိုင္ စည္ပင္သာ႐ြာမွာလည္း လက္နက္ႀကီး ၃ လုံး က်တယ္။ စာသင္ေက်ာင္းေဘးကို က်တာ။"

စေန႔ေန႔ကေတာ့ ေက်ာက္ႀကီးၿမိဳ႕နယ္အပိုင္ မုန္းေဒသဘက္မွာလည္း စစ္ေကာင္စီ စခန္းခ်ရာ အနီးတဝိုက္မွာပဲ မိုင္းနင္းမိလို႔ ႐ြာသား ၂ ဦး ေျခေထာက္ေတြ ျပတ္သြားၾကတယ္လို႔ ဆိုပါတယ္။

" ေက်ာက္ႀကီးၿမိဳ႕နယ္အပိုင္ မုန္းေဒသဘက္မွာလည္း စစ္တပ္ဝင္လာၿပီး ေထာင္ထားတဲ့မိုင္းကို ၂ ေယာက္ မိုင္းနင္းမိလို႔ ေျခေထာက္ပဲျပတ္သြားတယ္။ လူေတာ့မေသဘူး ႐ြာထဲမွာလည္း စစ္သားေတြရွိတယ္ ေတာင္ေပၚလည္းတက္သြားတယ္၊ အဲဒီမွာ ႐ြာသား ၂ ေယာက္က ေတာအစပ္မွာပဲ မိုင္းနင္းမိတာပါ။ ၂ ေယာက္လုံး ေျခေထာက္ျပတ္သြားတယ္။ စစ္တပ္က အဲဒီမွာ တပ္လာစြဲတာေပါ့ ေကာ့ေတး႐ြာထဲမွာလည္းရွိတယ္။ ေတာင္ေျခမွာလည္းရွိတယ္၊ ေတာင္ေျခအစပ္ကို အခုေတာ့ ဘယ္သူမွ မသြားရဲၾကေတာ့ဘူး။"

ေကအန္ယူ ထိမ္းခ်ဳပ္ရာ တပ္မဟာ(၅) တပ္မဟာ(၆) နယ္ေျမေတြမွာေတာ့ စစ္ေကာင္စီတပ္ေတြက ေလေၾကာင္းကေန တိုက္ခိုက္မူေတြ မၾကာခန လုပ္ေလ့ရွိၿပီး တပ္မဟာ(၃)နယ္ေျမမွာေတာ့ ေျမျပင္ကေန ေျခလ်င္တပ္ေတြနဲ႔ တိုက္ခိုက္မႈေတြကိုပဲ လုပ္ေလ့ရွိတာပါ။ ဒီလပိုင္းေတြအတြင္း တပ္မဟာ(၃)နယ္ေျမမွာေတာ့ အရပ္သား ကရင္လူမ်ိဳး ၂၀ ေက်ာ္ကို ဖမ္းဆီးတာေတြ ရွိခဲ့ၿပီး စစ္ေဘးေရွာင္တဦးကို ရက္ရက္စက္စက္ သတ္ျဖတ္ခဲ့တာေတြလည္း ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=========================

{{ UNICODE }}

ကျောက်ကြီးမြို့နယ် ကျေးရွာတချို့ စစ်ကောင်စီ လေကြောင်းမှ တိုက်ခိုက်

ကရင် အမျိုးသားအစည်းအရုံး ကေအန်ယူ ထိန်းချုပ်ရာ တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်ထဲက ကျေးရွာတွေပေါ်ကို စစ်ကောင်စီတပ်တွေက ဇူလိုင်လ ၂၉ ရက်နေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်နေတဲ့ ရွာသား ၄ ဦးထိခိုက်ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ထိန်းချုပ်ရာ ကျောက်ကြီးမြို့နယ်နဲ့ မုန်းဒေသမှာ စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် စစ်ဘေးရှောင်နေတဲ့ ရွာသား ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ ကျေးရွာသားတဦးက ပြောပါတယ်။

" ၂၉ ရက်နေ့ မနက် ၉ နာရီကျော် အချိန်လောက်က ကျောက်ကြီးမြို့နယ်အပိုင် သောတူဒေးကျေးရွာ ကွီးဒိုကယ်ခို ကျေးရွာ ၊ ခလယ်ကွီးကယ်ခို စတဲ့ အဲဒီရွာ ၃ ရွာကို ရဟတ်ယာဉ်က လာပြီး ဗုံးကြဲသွားတယ်။ အဲဒီမှာတော့ တိုက်ပွဲငြိမ်နေချိန်မှာပဲ လာပြီး ပစ်ခတ်သွားတယ်။ ပြည်သူ ၄ ယောက်ထိသွားတယ်၊ အဲဒီမှာပဲ ညနေ ၄ နာရီ ၂၀လောက်မှာ လေယာဉ် လာထပ်ဝဲသေးတယ်။ ၂၉ ရက်နေ့ညမှာပဲကျောက်ကြီးအပိုင် မုန်းဒေသမှာပဲ ၅၉၉ တပ်ရင်းက လက်နက်ကြီးနဲ့ပစ်လို့ မုန်းဒေသအပိုင် စည်ပင်သာရွာမှာလည်း လက်နက်ကြီး ၃ လုံး ကျတယ်။ စာသင်ကျောင်းဘေးကို ကျတာ။"

စနေ့နေ့ကတော့ ကျောက်ကြီးမြို့နယ်အပိုင် မုန်းဒေသဘက်မှာလည်း စစ်ကောင်စီ စခန်းချရာ အနီးတဝိုက်မှာပဲ မိုင်းနင်းမိလို့ ရွာသား ၂ ဦး ခြေထောက်တွေ ပြတ်သွားကြတယ်လို့ ဆိုပါတယ်။

" ကျောက်ကြီးမြို့နယ်အပိုင် မုန်းဒေသဘက်မှာလည်း စစ်တပ်ဝင်လာပြီး ထောင်ထားတဲ့မိုင်းကို ၂ ယောက် မိုင်းနင်းမိလို့ ခြေထောက်ပဲပြတ်သွားတယ်။ လူတော့မသေဘူး ရွာထဲမှာလည်း စစ်သားတွေရှိတယ် တောင်ပေါ်လည်းတက်သွားတယ်၊ အဲဒီမှာ ရွာသား ၂ ယောက်က တောအစပ်မှာပဲ မိုင်းနင်းမိတာပါ။ ၂ ယောက်လုံး ခြေထောက်ပြတ်သွားတယ်။ စစ်တပ်က အဲဒီမှာ တပ်လာစွဲတာပေါ့ ကော့တေးရွာထဲမှာလည်းရှိတယ်။ တောင်ခြေမှာလည်းရှိတယ်၊ တောင်ခြေအစပ်ကို အခုတော့ ဘယ်သူမှ မသွားရဲကြတော့ဘူး။"

ကေအန်ယူ ထိမ်းချုပ်ရာ တပ်မဟာ(၅) တပ်မဟာ(၆) နယ်မြေတွေမှာတော့ စစ်ကောင်စီတပ်တွေက လေကြောင်းကနေ တိုက်ခိုက်မူတွေ မကြာခန လုပ်လေ့ရှိပြီး တပ်မဟာ(၃)နယ်မြေမှာတော့ မြေပြင်ကနေ ခြေလျင်တပ်တွေနဲ့ တိုက်ခိုက်မှုတွေကိုပဲ လုပ်လေ့ရှိတာပါ။ ဒီလပိုင်းတွေအတွင်း တပ်မဟာ(၃)နယ်မြေမှာတော့ အရပ်သား ကရင်လူမျိုး ၂၀ ကျော်ကို ဖမ်းဆီးတာတွေ ရှိခဲ့ပြီး စစ်ဘေးရှောင်တဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG