သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်ဦးလွင် ရေဘေး ဒေသခံတွေ ဘေးလွတ်ရာရွှေ့


ပြင်ဦးလွင် ရေကြီးနေ (ဇူလိုင် ၃၁ ၊ ၂၀၂၂ )
ပြင်ဦးလွင် ရေကြီးနေ (ဇူလိုင် ၃၁ ၊ ၂၀၂၂ )

[[ ZAWGYI / UNICODE ]]

ပြင်ဦးလွင် ရေဘေး ဒေသခံတွေ ဘေးလွတ်ရာရွှေ့

မန္တလေးတိုင်း ပြင်ဦးလွင် မြို့နယ်မှာ တနင်္ဂနွေနေ့ မနက် ၆ နာရီ ၁၅ မိနစ်လောက်မှာ မိုးသည်ထန်ပြီး ရပ်ကွက်ကြီး ၁ နဲ့ ရပ်ကွက်ကြီး ၄ အတွင်း ရေကြီးတာကြောင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ မီးသတ်တပ်ဖွဲ့က တင်ထားတဲ့ ဗွီဒီယိုထဲမှာတော့ ပြင်ဦးလွင်က လမ်းတွေမှာ ရေတွေ ပြည့်လျှံနေပြီး ကားတွေ အိမ်တွေ နစ်မြုပ်နေတာကိုလည်း တွေ့ကြရပါတယ်။ ရေကြီးတာကြောင့် အိမ်မှာ နေလို့ မရတော့ကြောင်း အမျိုးသမီး တဦးက ပြောဆိုနေတာကိုလည်း ဗွီဒီယိုထဲမှာ ကြားကြရပါတယ်။

" ဒီမှာ ပြင်ဦးလွင်မှာ ရေတွေ မြုပ်ကုန်ကြလို့ပါ။ "

ထိခိုက် သေဆုံးမှု သတင်းတွေတော့ မရှိပါဘူး။ ဒါပေမယ့်လည်း ရေကြီးမှု အဆိုးဆုံး ခံရတဲ့ နေရာတွေက ဒေသခံတွေကိုတော့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်တွေ နေအိမ်တွေကနေ ကူညီ ကယ်ထုတ်နေတာကို ဓာတ်ပုံတွေမှာတွေ့ ရပါတယ်။ မနက် အစောပိုင်း ၁ နာရီလောက်က စပြီး ၉ နာရီ နီးပါး မိုးရွာသွန်းခဲ့တာ ဖြစ်ပြီး အခုလို ရေကြီးမှုမျိုး အရင်က မကြုံဖူးကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

============

{{ UNICODE }}





ပြင်ဦးလွင် ရေဘေး ဒေသခံတွေ ဘေးလွတ်ရာရွှေ့
please wait

No media source currently available

0:00 0:01:24 0:00
XS
SM
MD
LG