သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျုးဘားနိုင်ငံမှာ မိုးကြိုးပစ်လို့ ရေနံသိုလှောင်ကန်တွေ မီးလောင်


မိုးကြိုးပစ်ရာက ရေနံစိမ်းသိုလှောင်ကန် တခု မီးလောင်ကျွမ်းနေစဉ်။ ကျူဘားနိုင်ငံ Matazanas မြို့ , Aug. 6, 2022.
မိုးကြိုးပစ်ရာက ရေနံစိမ်းသိုလှောင်ကန် တခု မီးလောင်ကျွမ်းနေစဉ်။ ကျူဘားနိုင်ငံ Matazanas မြို့ , Aug. 6, 2022.

[[ ZAWGYI ]]

ကျုးဘားနိုင်ငံမှာ မိုးကြိုးပစ်လို့ ရေနံသိုလှောင်ကန်တွေ မီးလောင်

ကျူးဘားနိုင်ငံ မြောက်ပိုင်း Matanzas မြို့က ရေနံစိမ်း သိုလှောင်ကန် တခုကို မိုးကြိုးပစ်ရာက စနေနေ့မှာ အကြီးအကျယ် မီးလောင်ကျွမ်းခဲ့ပါတယ်။ ပေါက်ကွဲမှု (၄)ကြိမ်နဲ့အတူ ဖြစ်ပေါ်လာတဲ့ မီးတောက်ကြီးတွေကြောင့် အနီးဝန်းကျင်က လူ(၈၀) နီးပါး ဒဏ်ရာရသွားပြီး ၊ မီးသတ်သမား (၁၇)ဦးလည်း ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ကျူးဘား အာဏာပိုင်တွေက ပြောပါတယ်။

မီးသတ်သမားတွေနဲ့ အခြား ကျွမ်းကျင်သူတွေဟာ Matanzas ဧရာမ ဆီလှောင်ကန်က မီးတောက်ကြီးကို ငြိမ်းသတ်ဖို့ ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။ ရေနံ သိုလှောင်ကန်ကို သောကြာည မိုးကြိုးပစ်ချိန်ကစလို့ မီးလောင်ကျွမ်းခဲ့တာလို့ စွမ်းအင်နဲ့ဓါတ်သတ္တု ဝန်ကြီးဌာနက တွစ်တာမှာ ရေးပါတယ်။

ဒီလို လောင်စာဆီ သိုလှောင်ကန်နဲ့ပတ်သက်တဲ့ မီးတောက် ငြိမ်းသတ်ရာမှာ အတွေ့အကြုံရှိတဲ့ ကျူဘားရဲ့မိတ်ဖက်နိုင်ငံတွေဆီက ကျွမ်းကျင်သူတွေ လာရောက်ဖို့ကို အကူအညီ တောင်းထားတယ်လို့ အစိုးရက ပြောပါတယ်။

Matanzas မြို့က ဧရာမ ဆီလှောင်ကန်တွေ စုဝေးတည်ရှိရာ ဝင်းထဲက ဆီလှောင်ကန် တခု စတင် မီးလောင်ခဲ့ပြီးနောက် ၊ နောက်ထပ် ဆီကန်တခုကို မီးကူးသွားတာလို့ ကျူးဘားအစိုးရပိုင် သတင်းဌာနက ပြောပါတယ်။ ကျုးဘားနိုင်ငံမှာ လောင်စာ ပြတ်လပ်မှုနဲ့ ကြုံနေရချိန်မှာ ဆီလှောင်ကန် မီးလောင်မှုနဲ့ ကြုံရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

================

{{ UNICODE }}






XS
SM
MD
LG