သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတေဟာင္း ထရမ့္အိမ္က FBI သိမ္းဆည္းတဲ့အထဲ ထိပ္တန္းလ်ဳိ႕၀ွက္ မွတ္တမ္းတခ်ဳိ႕ပါ၀င္


[[ ZAWGYI / UNICODE ]]

သမၼတေဟာင္း ထရမ့္အိမ္က FBI သိမ္းဆည္းတဲ့အထဲ ထိပ္တန္းလ်ဳိ႕၀ွက္ မွတ္တမ္းတခ်ဳိ႕ပါ၀င္

အေမရိကန္ သမၼတေဟာင္း Donald Trump ရဲ႕ အပမ္းေျဖအိမ္ကို ရွာေဖြမႈအတြင္း ျပည္ေထာင္စု စုံစမ္းစစ္ေဆးေရးဗ်ဳ႐ို (FBI) က သိမ္းဆည္းရမိတဲ့အထဲ ထိပ္တန္း လွ်ိဳ႕၀ွက္အဆင့္ သတ္မွတ္ထားတဲ့ မွတ္တမ္းေတြ ပါ၀င္ေၾကာင္း တရား႐ုံးမွတ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။

ဒီသီတင္းပတ္ အေစာပိုင္းက ဖေလာ္ရီဒါ ျပည္နယ္မွာ ရွိတဲ႔ Mar-a-Lago အိမ္ကို တနလၤာေန႔က ႐ုတ္တရက္ ၀င္ေရာက္ရွာေဖြခြင့္ ျပဳခဲ့တဲ့ ၀ရမ္းနဲ႔ သိမ္းဆည္းရမိတဲ့ စာရင္းကို ျပည္ေထာင္စု တရားသူႀကီးက အမ်ားျပည္သူ သိရွိေအာင္ ေသာၾကာေန႔က ထုတ္ျပန္လိုက္တာပါ။

တရားရံုးက ထုတ္ျပန္ခဲ့တဲ့ FBI ရဲ႕ သိမ္းဆည္းရမိ စာရင္းမွာေတာ့ လ်ဳိ႕၀ွက္နဲ႔ ထိပ္တန္းလ်ိဳ႕၀ွက္အဆင့္ သတ္မွတ္ထားတာ တခ်ိဳ႕လည္း ပါ၀င္ပါတယ္။ စာရြက္စာတမ္းေတြရဲ႕ အေသးစိတ္ အေၾကာင္းအရာ ဒါမွမဟုတ္လည္း ဘယ္လို သတင္းအခ်က္အလက္ေတြ ပါ၀င္သလဲ ဆိုတာနဲ႔ ပတ္သက္လို႔ေတာ့ တရားရံုး မွတ္တမ္းမွာ ေဖာ္ျပမထားပါဘူး။

ဖေလာ္ရီဒါ အိမ္ယာကေန FBI တာ၀န္ရွိသူေတြ သိမ္းဆည္းသြားတဲ႔ စာရြက္စာတမ္းေတြ အားလံုးဟာ လ်ိဳ႕၀ွက္ အဆင့္ကေန ပယ္ဖ်က္ၿပီးသား ျဖစ္ေၾကာင္း ေသာၾကာေန႔ထုတ္ ေၾကညာခ်က္မွာ Trump က ေျပာဆိုထားပါတယ္။ တကယ္လို႔ တရားေရး ဌာနက ေတာင္းဆိုခဲ႔ရင္လည္း အဲဒီ စာရြက္စာတမ္းေတြကို သူက လႊဲေျပာင္းေပးမွာ ျဖစ္တယ္လို႔လည္း သမၼတေဟာင္း Trump က ေျပာဆိုထားပါတယ္။

တာ၀န္ထမ္းေဆာင္ဆဲ သမၼတေတြ အေနနဲ႔ အခ်က္အလက္ေတြကို လ်ိဳ႕၀ွက္ အဆင့္ကေန ပယ္ဖ်က္ခြင့္အာဏာ ရွိေပမယ့္လည္း ရာထူးက ဆင္းၿပီ ဆိုတာနဲ႔ အဲဒီ အခြင့္အာဏာ မရွိေတာ့ပါဘူး။ တခ်ိန္တည္းမွာဘဲ ဒီ စာရြက္စာတမ္းေတြကို လ်ိဳ႕၀ွက္ အဆင့္ကေန ပယ္ဖ်က္ၿပီးသားလားဆိုတာကလည္း ရွင္းရွင္းလင္းလင္း မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္

===================

{{ UNICODE }}

သမ္မတဟောင်း ထရမ့်အိမ်က FBI သိမ်းဆည်းတဲ့အထဲ ထိပ်တန်းလျို့ဝှက် မှတ်တမ်းတချို့ပါဝင်

အမေရိကန် သမ္မတဟောင်း Donald Trump ရဲ့ အပမ်းဖြေအိမ်ကို ရှာဖွေမှုအတွင်း ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) က သိမ်းဆည်းရမိတဲ့အထဲ ထိပ်တန်း လျှို့ဝှက်အဆင့် သတ်မှတ်ထားတဲ့ မှတ်တမ်းတွေ ပါဝင်ကြောင်း တရားရုံးမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဒီသီတင်းပတ် အစောပိုင်းက ဖလော်ရီဒါ ပြည်နယ်မှာ ရှိတဲ့ Mar-a-Lago အိမ်ကို တနင်္လာနေ့က ရုတ်တရက် ဝင်ရောက်ရှာဖွေခွင့် ပြုခဲ့တဲ့ ဝရမ်းနဲ့ သိမ်းဆည်းရမိတဲ့ စာရင်းကို ပြည်ထောင်စု တရားသူကြီးက အများပြည်သူ သိရှိအောင် သောကြာနေ့က ထုတ်ပြန်လိုက်တာပါ။

တရားရုံးက ထုတ်ပြန်ခဲ့တဲ့ FBI ရဲ့ သိမ်းဆည်းရမိ စာရင်းမှာတော့ လျို့ဝှက်နဲ့ ထိပ်တန်းလျို့ဝှက်အဆင့် သတ်မှတ်ထားတာ တချို့လည်း ပါဝင်ပါတယ်။ စာရွက်စာတမ်းတွေရဲ့ အသေးစိတ် အကြောင်းအရာ ဒါမှမဟုတ်လည်း ဘယ်လို သတင်းအချက်အလက်တွေ ပါဝင်သလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ တရားရုံး မှတ်တမ်းမှာ ဖော်ပြမထားပါဘူး။

ဖလော်ရီဒါ အိမ်ယာကနေ FBI တာဝန်ရှိသူတွေ သိမ်းဆည်းသွားတဲ့ စာရွက်စာတမ်းတွေ အားလုံးဟာ လျို့ဝှက် အဆင့်ကနေ ပယ်ဖျက်ပြီးသား ဖြစ်ကြောင်း သောကြာနေ့ထုတ် ကြေညာချက်မှာ Trump က ပြောဆိုထားပါတယ်။ တကယ်လို့ တရားရေး ဌာနက တောင်းဆိုခဲ့ရင်လည်း အဲဒီ စာရွက်စာတမ်းတွေကို သူက လွှဲပြောင်းပေးမှာ ဖြစ်တယ်လို့လည်း သမ္မတဟောင်း Trump က ပြောဆိုထားပါတယ်။

တာဝန်ထမ်းဆောင်ဆဲ သမ္မတတွေ အနေနဲ့ အချက်အလက်တွေကို လျို့ဝှက် အဆင့်ကနေ ပယ်ဖျက်ခွင့်အာဏာ ရှိပေမယ့်လည်း ရာထူးက ဆင်းပြီ ဆိုတာနဲ့ အဲဒီ အခွင့်အာဏာ မရှိတော့ပါဘူး။ တချိန်တည်းမှာဘဲ ဒီ စာရွက်စာတမ်းတွေကို လျို့ဝှက် အဆင့်ကနေ ပယ်ဖျက်ပြီးသားလားဆိုတာကလည်း ရှင်းရှင်းလင်းလင်း မရှိပါဘူး။

XS
SM
MD
LG