သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုမာလီဟိုတယ် စစ်သွေးကြွတွေ စီးနင်းမှု အနည်းဆုံး ၂၀ သေ


Solda ap fè patwouy devan otèl Hayat la nan Mogadishu, Somali, Samdi 20 Out, 2022.
Solda ap fè patwouy devan otèl Hayat la nan Mogadishu, Somali, Samdi 20 Out, 2022.

[[ ZAWGYI / UNICODE ]]

ဆိုမာလီဟိုတယ် စစ်သွေးကြွတွေ စီးနင်းမှု အနည်းဆုံး ၂၀ သေ

ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှုးမြို့တော်က အဆင့်မြင့် ဟိုတယ်တခုမှာ စစ်သွေးကြွတွေ စီးနင်း သိမ်းပိုက်ထားတာကို အဆုံးသတ်နိုင်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေ စနေနေ့အထိ ဆက်လက် ကြိုးပမ်းနေပါတယ်။ al-Shabab စစ်သွေးကြွတွေဟာ ဖောက်ခွဲမှုတွေ အများအပြား လုပ်ခဲ့ပြီး လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဟိုတယ်ကို စီးနင်းထားကြောင်းလည်း ဆိုမာလီအာဏာပိုင်တွေက ပြောပါတယ်။ အစိုးရတာဝန်ရှိသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ လူတန်းစားပေါင်းစုံက လာရောက်လေ့ရှိတဲ့ Hayat အဆင့်မြင့် ဟိုတယ်မှာ သောကြာနေ့က စစ်သွေးကြွတွေ စီးနင်းမှုအတွင်း သေဆုံးသူ ၂၀ ထက်မနည်း ရှိနေပြီး၊ ဒဏ်ရာရသူ ၄၀ ကျော် ရှိတယ်လို့လည်း ဆေးရုံနဲ့ နီးစပ်သူ အသိုင်းအဝိုင်းက ပြောပါတယ်။

လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ စစ်သွေးကြွတွေဟာ အစိုးရတပ်ဖွဲ့တွေနဲ့ ဟိုတယ်ထဲမှာ စနေနေ့ညအထိ ဆက်လက် ပစ်ခတ်နေဆဲပဲလို့လည်း အမည်မဖော်လိုတဲ့ အကြီးတန်းရဲအရာရှိ တယောက်က ဗွီအိုအေကို ပြောပါတယ်။ စီးနင်းတိုက်ခိုက်မှုအတွင်း အရပ်သားတွေအပြင် စစ်သွေးကြွ ၄ ဦး သေဆုံးကြောင်းလည်း ပြောပါတယ်။

ဟိုတယ်ထဲမှာ စစ်သွေးကြွ အရေအတွက် ဘယ်လောက်ရှိသလဲဆိုတာ မသိရ သေးဘူးလို့ အဲဒီရဲအရာရှိက ပြောပါတယ်။ Mogadishu အရေးပေါ်လူနာကယ်ဆယ်ရေးဌာနရဲ့ အဆိုအရ ဟိုတယ် အဆောက်အဦ အပြိုအပျက်ပုံအောက်က ဆွဲထုတ်နိုင်ခဲ့တဲ့ အလောင်း (၁၃)လောင်း ရှိတယ်လို့ ဆိုပါတယ်။ ဒဏ်ရာရထားသူတွေကို အရေးပေါ်လူနာတင် ကားတွေနဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ပြောပါတယ်။ သေဆုံး ဒဏ်ရာရခဲ့သူတွေထဲမှာ စီးပွားရေးသမားတွေနဲ့ ဒေသခံလူကြီးပိုင်းတွေ ပါဝင်ပြီး ဟိုတယ်ကိုပူးတွဲပိုင်ဆိုင်သူ တဦးဖြစ်တဲ့ Abdirahman Iman လည်း သေဆုံးခဲ့ကြောင်း ဆွေမျိုးတွေက ပြောပါတယ်။ အယ်ခိုင်းဒါးနဲ့ ဆက်နွယ်နေတဲ့ al-Shabab အဖွဲ့ကတော့ စီးနင်းတိုက်ခိုက်မှုဟာ သူတို့လက်ချက်အဖြစ် ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

=================

{{ UNICODE }}





XS
SM
MD
LG