သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားေလာင္စာဆီ ျမန္မာ ဝယ္ယူမည္


FILE photo- ႐ုရွား ေလာင္စာဆီတင္ သေဘၤာ The Russian oil tanker Volgoneft-147

[[ ZAWGYI / UNICODE ]]

႐ုရွားေလာင္စာဆီ ျမန္မာ ဝယ္ယူမည္

႐ုရွားႏိုင္ငံက ေလာင္စာဆီေတြကို ျမန္မာႏိုင္ငံက ဝယ္ယူေတာ့မယ္လို႔ ႏိုင္ငံတကာအေရး ေလ့လာ ေစာင့္ၾကည့္ေနတဲ့ ပိုလန္အေျခစိုက္ Warsaw Institute က ေျပာပါတယ္။ ျမန္မာစစ္ေကာင္စီနဲ႔ ႐ုရွားအစိုးရၾကား နီးကပ္တဲ့ ပူူးေပါင္းေဆာင္႐ြက္မႈေတြရွိေနၿပီး ျမန္မာမွာ ေလာင္စာဆီ မလုံမေလာက္ျဖစ္ေနခ်ိန္ ႐ုရွားကလည္း သူ႔ေလာင္စာဆီေတြ ေရာင္းခ်ႏိုင္ေရး ႀကိဳးပမ္းေနတာပါ။

ယူကရိန္းႏိုင္ငံကို က်ဴးေက်ာ္တိုက္ခိုက္တဲ့ လုပ္ရပ္ေၾကာင့္ ဒဏ္ခတ္ပိတ္ဆို႔ခံထားရတဲ့ ႐ုရွားအေနနဲ႔ သူ႔ေလာင္စာေတြ အေနာက္ႏိုင္ငံဆီ တင္ပိုေရာင္းခ်႕ခြင့္ မရပါဘူး။ ျမန္မာႏိုင္ငံဟာ ႐ုရွားေလာင္စာဆီေတြ ဝယ္ယူႏိုင္မယ့္ အာရွတိုက္ထဲက အေရးႀကီးလွတဲ့ ေဈးကြက္တခုျဖစ္တယ္လို႔လည္း Warsaw Institute မူဝါဒေလ့လာေရးအဖြဲ႕က ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ေလာင္စာဆီ ျပတ္လပ္သြားမွာကို စိုးရိမ္မႈေတြ ရွိေနၿပီး ကုန္ေဈးႏႈန္းေတြပါ တက္လာေနတဲ့အတြက္ ဒီအေျခအေနေတြ ေျပလည္သြားေအာင္ ႐ုရွားရဲ႕ ေလာင္စာဆီေတြ ဝယ္ယူတင္သြင္းဖို႔ စီစဥ္ထားေၾကာင္း စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကို ကိုးကားၿပီး Warsaw Institute ကေဖာ္ျပထားတာပါ။

ၿပီးခဲ့တဲ့လက ႐ုရွားႏိုင္ငံကို ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ သြားေရာက္ခဲ့တဲ့ အခ်ိန္တုန္းကလည္း ေရနံနဲ႔သဘာဝဓာတ္ေငြ႕အေရး ေဆြးေႏြးခဲ့တယ္လို႔ ေျပာပါတယ္။ သတင္းေတြမွာ ေဖာ္ျပခ်က္အရ ႐ုရွားေလာင္စာဆီေတြ စက္တင္ဘာလ ေလာက္ကစၿပီး ေရာက္ရွိလာမယ္လို႔လည္း ေဖာ္ျပထားပါတယ္။

႐ုရွားေလာင္စာဆီေတြရဲ႕ အရည္အေသြးကိုေရာ ေဈးႏႈန္းကိုပါ စစ္ေကာင္စီက ေၾကနပ္ သေဘာက်ေၾကာင္းလည္း ေျပာထားပါတယ္။ ျမန္မာႏိုင္ငံထဲကို ႐ုရွားေလာင္စာဆီေတြ ဘယ္လို သယ္ပို႔မလဲ ဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မရွိပါဘူး။ အရင္တုန္းကေတာ့ အိႏၵိယ ဒါမွမဟုတ္ တ႐ုတ္ႏိုင္ငံကတဆင့္ ေလာင္စာဆီေတြကို ပိုက္လိုင္းေတြနဲ႔ တင္ပို႔ဖို႔ ျမန္မာနဲ႔႐ုရွား စဥ္းစားခဲ့ဖူးတယ္လို႔လည္း warsawinstitute.org မွာ ၾသဂုတ္လ ၂၄ ရက္ေန႔က ေရးသား ေဖာ္ျပထားပါတယ္။

႐ုရွားေလာင္စာဆီ ျမန္မာ ဝယ္ယူမည္
please wait

No media source currently available

0:00 0:01:27 0:00
တိုက္႐ိုက္ လင့္ခ္

==================

{{ UNICODE }}

ရုရှားလောင်စာဆီ မြန်မာ ဝယ်ယူမည်

ရုရှားနိုင်ငံက လောင်စာဆီတွေကို မြန်မာနိုင်ငံက ဝယ်ယူတော့မယ်လို့ နိုင်ငံတကာအရေး လေ့လာ စောင့်ကြည့်နေတဲ့ ပိုလန်အခြေစိုက် Warsaw Institute က ပြောပါတယ်။ မြန်မာစစ်ကောင်စီနဲ့ ရုရှားအစိုးရကြား နီးကပ်တဲ့ ပူူးပေါင်းဆောင်ရွက်မှုတွေရှိနေပြီး မြန်မာမှာ လောင်စာဆီ မလုံမလောက်ဖြစ်နေချိန် ရုရှားကလည်း သူ့လောင်စာဆီတွေ ရောင်းချနိုင်ရေး ကြိုးပမ်းနေတာပါ။

ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်တဲ့ လုပ်ရပ်ကြောင့် ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ ရုရှားအနေနဲ့ သူ့လောင်စာတွေ အနောက်နိုင်ငံဆီ တင်ပိုရောင်းချ့ခွင့် မရပါဘူး။ မြန်မာနိုင်ငံဟာ ရုရှားလောင်စာဆီတွေ ဝယ်ယူနိုင်မယ့် အာရှတိုက်ထဲက အရေးကြီးလှတဲ့ ဈေးကွက်တခုဖြစ်တယ်လို့လည်း Warsaw Institute မူဝါဒလေ့လာရေးအဖွဲ့က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လောင်စာဆီ ပြတ်လပ်သွားမှာကို စိုးရိမ်မှုတွေ ရှိနေပြီး ကုန်ဈေးနှုန်းတွေပါ တက်လာနေတဲ့အတွက် ဒီအခြေအနေတွေ ပြေလည်သွားအောင် ရုရှားရဲ့ လောင်စာဆီတွေ ဝယ်ယူတင်သွင်းဖို့ စီစဉ်ထားကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ကိုးကားပြီး Warsaw Institute ကဖော်ပြထားတာပါ။

ပြီးခဲ့တဲ့လက ရုရှားနိုင်ငံကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်ခဲ့တဲ့ အချိန်တုန်းကလည်း ရေနံနဲ့သဘာဝဓာတ်ငွေ့အရေး ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ သတင်းတွေမှာ ဖော်ပြချက်အရ ရုရှားလောင်စာဆီတွေ စက်တင်ဘာလ လောက်ကစပြီး ရောက်ရှိလာမယ်လို့လည်း ဖော်ပြထားပါတယ်။

ရုရှားလောင်စာဆီတွေရဲ့ အရည်အသွေးကိုရော ဈေးနှုန်းကိုပါ စစ်ကောင်စီက ကြေနပ် သဘောကျကြောင်းလည်း ပြောထားပါတယ်။ မြန်မာနိုင်ငံထဲကို ရုရှားလောင်စာဆီတွေ ဘယ်လို သယ်ပို့မလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ အရင်တုန်းကတော့ အိန္ဒိယ ဒါမှမဟုတ် တရုတ်နိုင်ငံကတဆင့် လောင်စာဆီတွေကို ပိုက်လိုင်းတွေနဲ့ တင်ပို့ဖို့ မြန်မာနဲ့ရုရှား စဉ်းစားခဲ့ဖူးတယ်လို့လည်း warsawinstitute.org မှာ သြဂုတ်လ ၂၄ ရက်နေ့က ရေးသား ဖော်ပြထားပါတယ်။

XS
SM
MD
LG