သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို ကန် စစ်ရေးအကူအညီသစ် ဒေါ်လာ (၃)ဘီလျံ ပေးအပ်


UKRAINE-CRISIS/US WEAPONS
UKRAINE-CRISIS/US WEAPONS

[[ ZAWGYI /UNICODE ]]

ယူကရိန်းကို ကန် စစ်ရေးအကူအညီသစ် ဒေါ်လာ (၃)ဘီလျံ ပေးအပ်

ရုရှားကျူးကျော်စစ်ကိုခုခံကာကွယ်နေတဲ့ ယူကရိန်းပြည်သူပြည်သားတွေရဲ့ သူမတူတဲ့ရဲစွမ်းသတ္တိနဲ့ လွတ်လပ်မှုအတွက် စွန့်လွတ်အနစ်နာခံမှုတွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဗုဒ္ဓဟူးနေ့မှာ ချီးကျူးပြောဆိုခဲ့ပါတယ်။ ရုရှားရဲ့ကျူးကျော်ရန်စမှု ၆ လပြည့်တဲ့နေ့မှာပဲ ယူကရိန်းနိုင်ငံကို အမေရိကန်က ဆက်ပြီးပံ့ပိုး ကူညီတဲ့အနေနဲ့ ဒေါ်လာ ၃ ဘီလီယံနီးပါး စစ်ရေးအကူအညီ ထပ်ပြီးပေးအပ်လိုက်တာပါ။

လွတ်လပ်ရေးနေ့ဆိုတာ အတိတ်ကဖြစ်ရပ်ကို ဆင်နွှဲတာရုံတင်မကပဲ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လွတ်လပ်တဲ့နိုင်ငံတခုအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ဆက်လက်ရပ်တည်သွားမယ်ဆိုတာ ကတိသစ္စာပြုလိုက်တာဖြစ်တယ်လို့လည်း သမ္မတဘိုင်းဒန်က သူ့မိန့်ခွန်းမှာထည့်သွင်းပြောဆိုခဲ့တာပါ။ ဆိုဗီယက်အုပ်ချုပ်မှုအောက်က ယူကရိန်း လွတ်မြောက်ခဲ့တဲ့ ၃၁ နှစ်မြောက် လွတ်လပ်ရေးနေ့မိန့်ခွန်းမှာ သမ္မတဘိုင်ဒန်က အဲဒီလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

ခုပေးအပ်မယ့် စစ်ရေးအကူအညီတွေဟာ ယူကရိန်းအနေနဲ့ ကိုယ့်ကိုကိုယ် ရေရှည်ခံကာကွယ်နိုင်အောင်ရည်ရွယ်တာဖြစ်တယ်လို့လည်း သမ္မတဘိုင်ဒန်ကပြောပါတယ်။ အမေရိကန်ကခုနောက်ဆုံးပေးအပ်တဲ့ စစ်လက်နက်ကိရိယာတွေကို လာမယ့် တနှစ် ၂ နှစ်အတွင်းရှေ့တန်းစစ်မျက်နှာမှာ တွေ့ရဦးမှ ာမဟုတ်ဘူးလို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။

ဒေါ်လာ ၃ ဘီလီယံဖိုး စစ်ရေးအကူအညီတွေထဲမှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ အမြောက်နဲ့ ခဲယမ်းမီးကျောက်တွေအပြင် လူမဲ့လေကြောင်းရန် တန်ပြန်ကာကွယ်ရေးစနစ်နဲ့ ရေဒါစနစ်တွေလည်းပါတယ်လို့ သမ္မတဘိုင်ဒန်ကပြောပါတယ်။ ပြီးခဲ့တဲ့ တနှစ်ခွဲကာလအတွင်း ယူကရိန်းအတွက် အမေရိကန်က ဒေါ်လာ ၁၀.၆ ဘီလီယံဖိုး စစ်ဖက်ဆိုင်ရာအကူအညီတွေပေးအပ်ခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

=====================

{{ UNICODE }}






XS
SM
MD
LG