သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တိုက္ပြဲ အေျခအေနေၾကာင့္ ျမဝတီဘက္ လမ္းတခ်ိဳ႕ပိတ္


ေသာင္ရင္းျမစ္အနီးက စစ္ေဘးေရွာင္စခန္းပံု (VOA Burmese)

[[ ZAWGYI / UNICODE ]]

တိုက္ပြဲ အေျခအေနေၾကာင့္ ျမဝတီဘက္ လမ္းတခ်ိဳ႕ပိတ္

ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားအစည္းအ႐ုံး လက္ေအာက္ခံ တပ္ေတြၾကား တိုက္ပြဲျဖစ္ေနတဲ့အတြက္ ျမဝတီၿမိဳ႕ေတာင္ဘက္ ဆုံဆည္းၿမိဳင္-ဥကရစ္ထ-ေဝါေလ ဥကရစ္ထ လမ္းဆုံကို စစ္ေကာင္စီတပ္ေတြက ပိတ္ဆို႔တပ္စြဲထားၿပီး ျဖတ္သန္းသြားလာခြင့္ မရွိေၾကာင္း ေဒသခံေတြက ဆိုပါတယ္။ ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ကရင္ျပည္နယ္ ျမဝတီခ႐ိုင္ထဲမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ကရင္အမ်ိဳးသားအစည္းအ႐ုံး လက္ေအာက္ခံ တပ္ေတြၾကား တိုက္ပြဲျဖစ္ေနတဲ့အတြက္ ျမဝတီ ၿမိဳ႕ေတာင္ဘက္ ဆုံဆည္းၿမိဳင္-ဥကရစ္ထ-ေဝါေလ ဥကရစ္ထ လမ္းဆုံကို စစ္ေကာင္စီတပ္ေတြက ပိတ္ဆို႔ထားၿပီး စစ္ေရးအရ အသင့္ျပင္ထားသလို လမ္းသြားလမ္းလာ ကုန္သည္ေတြကိုလည္း အဲဒီေနရာဘက္ကို ျဖတ္သန္းသြားလာခြင့္ မျပဳဘူးလို႔ နယ္စပ္ေန ျပည္သူတဦးက ေျပာျပပါတယ္။

" ျမဝတီၿမိဳ႕ေတာင္ဘက္ ဥကရစ္ထ ဘက္ကိုသြားတဲ့ လမ္းဆုံရွိတယ္အဲဒီလမ္းဆုံဘက္မွာစစ္တပ္က စခန္းခ်ၿပီးေနေနတယ္ သူတို႔ရဲ႕တိုက္ပြဲအေျခအေနကေတာ့ဘယ္လိုလာမလဲမသိဘူး စစ္သားေတြေတာ့အမ်ားႀကီးေတြ႕တယ္ စစ္တပ္ဂိတ္က ပိတ္ထားတယ္သြားလို႔လာလို႔မရဘူး ဥကရစ္ တို႔ ေဝၚေလတို႔သြားတဲ့လမ္းေလ လမ္းဆုံလမ္းရွိတယ္ အဲဒါကိုပိတ္ထားတာ အဲဒီေနရာကိုေတာ့ျဖတ္သန္းသြားလာခြင့္မရွိဘူးဆိုၿပီးအမိန႔္ထုတ္ထားတာသြားလို႔မရဘူး လာလို႔မရဘူးလို႔ပဲေျပာတယ္။"

အဲဒီလမ္းေတြ ျဖတ္သန္းသြားလာသူေတြကို ပစ္ခတ္မယ္လို႔ သတင္းေတြ ထြက္ေနတဲ့အတြက္ ေဒသခံေတြကေတာ့ စိုးရိမ္စိတ္ေတြေၾကာင့္ သြားလာ မရဲၾကဘူးလို႔လည္း ဆိုပါတယ္။ အဲဒီလမ္းေတြကေန သြားလာလို႔ မရတဲ့အတြက္ ကုန္သည္ေတြလည္း အခက္အခဲရင္ဆိုင္ေနရပါတယ္။

" သြားလာလို႔မရေတာ့ ကုန္ပစၥည္းေတြကေတာ့ျမဝတီမွာပဲ ဒီလိုပဲရွိေနတာေပါ့ သြားလို႔ရတဲ့အခ်ိန္က်မွပဲသြားရေတာ့မယ္ေ အာက္ဖက္ကလည္းသြားမရဘူး ဥကရစ္ထဘက္ကိုလည္းသြားလာလို႔မရဘူးေဝၚေလလမ္းဘက္ကလည္းမရဘူး ဘယ္လို႔မွာသြားလာမရေတာ့ကုန္သည္ေတြကေတာ့အခက္ခဲရွိတာေပါ့။"

တိုက္ပြဲေတြ ျပင္းထန္ေနတဲ့အတြက္ ေဝၚေလနဲ႔ သုံးထပ္ေကြ႕ဆိုတဲ့ ေနရာမွာေတာ့ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္နဲ႔ ပူးေပါင္းတပ္ဖြဲ႕ေတြက ပိတ္ဆို႔ေနရာယူထားသလို စစ္ေကာင္စီတပ္ေတြနဲ႔ နယ္ျခားေစာင့္ BGF တပ္ေတြကလည္း ေသ့ေဘာ့ဘိုး ဆုံဆည္းၿမိဳင္ ေဝၚေလအထိ လမ္းေတြ ပိတ္ထားတာပါ ။

ဇူလိုင္လကစၿပီး ႏွစ္ဖက္တိုက္ပြဲေတြ ေန႔စဥ္ျဖစ္ေနတဲ့အတြက္ အဲဒီ အနီးနားက ေက်း႐ြာေတြမွာလည္း လူငယ္လူ႐ြယ္ေတြ မရွိၾကေတာ့ဘူးလို႔ ဆိုပါတယ္။

" ဒါေပမဲ့ အဲဒီဘက္႐ြာေတြမွာလည္း လူေတြက သိပ္မရွိေတာ့ဘူး ၊ အကုန္လုံးပတ္ေျပး ပုန္းေနရတယ္ လူငယ္လူလတ္ေတြကေတာ့အကုန္ တိမ္းေရွာင္ေနရတယ္။"

အခုလို လမ္းေတြပိတ္ဆို႔ၿပီး ေနရာေတြယူထားတဲ့အတြက္ ကုန္သည္ေတြလည္း အခက္အခဲရွိေနသလို ေဒသခံ ေတာင္ေပၚေက်း႐ြာေတြမွာလည္း စာနပ္ရိကၡာေတြ ျပတ္လတ္သြားမယ့္ အေျခအေနေတြ ရွိေနတာပါ ။ ေဝၚေလေဒသဘက္က ေက်း႐ြာသားေတြဟာ စားနပ္ရိကၡာ ဝယ္ယူဖို႔နဲ႔ အလုပ္ေတြ ထြက္လုပ္ဖို႔အတြက္လည္း လမ္းေတြ ပိတ္ဆို႔ထားတာေၾကာင့္ အခက္အခဲေတြ ရွိေနတယ္လို႔ ဆိုပါတယ္ ။ ဒီရက္ပိုင္းမွာပဲ ႏွစ္ဖက္တိုက္ပြဲေတြ ျပင္းထန္ေနၿပီး ေလယာဥ္နဲ႔ ဗုံးႀကဲတိုက္ခိုက္မူေတြကလည္း ခပ္စိပ္စိပ္ လုပ္လာတဲ့အတြက္ စစ္ေဘးေရွာင္ ဒုကၡသည္ေတြကေတာ့ ေနရပ္ရင္း မျပန္ႏိုင္ၾကပဲ ေသာင္ရင္းျမစ္တေလွ်ာက္မွာ တဲထိုးၿပီး ေနထိုင္ေနရဆဲ ျဖစ္ပါတယ္။ အခုတိုက္ပြဲေတြျဖစ္ေနတဲ့ တပ္မဟာ(၆)နယ္ေျမဒူးပလာယာခ႐ိုင္မွာေတာ့ စစ္ေဘးေရွာင္ဒုကၡသည္ ကိုးေသာင္းေက်ာ္ ရွိေနပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

================

{{ UNICODE }}

တိုက်ပွဲ အခြေအနေကြောင့် မြဝတီဘက် လမ်းတချို့ပိတ်

ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ တပ်တွေကြား တိုက်ပွဲဖြစ်နေတဲ့အတွက် မြဝတီမြို့တောင်ဘက် ဆုံဆည်းမြိုင်-ဥကရစ်ထ-ဝေါလေ ဥကရစ်ထ လမ်းဆုံကို စစ်ကောင်စီတပ်တွေက ပိတ်ဆို့တပ်စွဲထားပြီး ဖြတ်သန်းသွားလာခွင့် မရှိကြောင်း ဒေသခံတွေက ဆိုပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ တပ်တွေကြား တိုက်ပွဲဖြစ်နေတဲ့အတွက် မြဝတီ မြို့တောင်ဘက် ဆုံဆည်းမြိုင်-ဥကရစ်ထ-ဝေါလေ ဥကရစ်ထ လမ်းဆုံကို စစ်ကောင်စီတပ်တွေက ပိတ်ဆို့ထားပြီး စစ်ရေးအရ အသင့်ပြင်ထားသလို လမ်းသွားလမ်းလာ ကုန်သည်တွေကိုလည်း အဲဒီနေရာဘက်ကို ဖြတ်သန်းသွားလာခွင့် မပြုဘူးလို့ နယ်စပ်နေ ပြည်သူတဦးက ပြောပြပါတယ်။

" မြဝတီမြို့တောင်ဘက် ဥကရစ်ထ ဘက်ကိုသွားတဲ့ လမ်းဆုံရှိတယ်အဲဒီလမ်းဆုံဘက်မှာစစ်တပ်က စခန်းချပြီးနေနေတယ် သူတို့ရဲ့တိုက်ပွဲအခြေအနေကတော့ဘယ်လိုလာမလဲမသိဘူး စစ်သားတွေတော့အများကြီးတွေ့တယ် စစ်တပ်ဂိတ်က ပိတ်ထားတယ်သွားလို့လာလို့မရဘူး ဥကရစ် တို့ ဝေါ်လေတို့သွားတဲ့လမ်းလေ လမ်းဆုံလမ်းရှိတယ် အဲဒါကိုပိတ်ထားတာ အဲဒီနေရာကိုတော့ဖြတ်သန်းသွားလာခွင့်မရှိဘူးဆိုပြီးအမိန့်ထုတ်ထားတာသွားလို့မရဘူး လာလို့မရဘူးလို့ပဲပြောတယ်။"

အဲဒီလမ်းတွေ ဖြတ်သန်းသွားလာသူတွေကို ပစ်ခတ်မယ်လို့ သတင်းတွေ ထွက်နေတဲ့အတွက် ဒေသခံတွေကတော့ စိုးရိမ်စိတ်တွေကြောင့် သွားလာ မရဲကြဘူးလို့လည်း ဆိုပါတယ်။ အဲဒီလမ်းတွေကနေ သွားလာလို့ မရတဲ့အတွက် ကုန်သည်တွေလည်း အခက်အခဲရင်ဆိုင်နေရပါတယ်။

" သွားလာလို့မရတော့ ကုန်ပစ္စည်းတွေကတော့မြဝတီမှာပဲ ဒီလိုပဲရှိနေတာပေါ့ သွားလို့ရတဲ့အချိန်ကျမှပဲသွားရတော့မယ်ေ အာက်ဖက်ကလည်းသွားမရဘူး ဥကရစ်ထဘက်ကိုလည်းသွားလာလို့မရဘူးဝေါ်လေလမ်းဘက်ကလည်းမရဘူး ဘယ်လို့မှာသွားလာမရတော့ကုန်သည်တွေကတော့အခက်ခဲရှိတာပေါ့။"

တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဝေါ်လေနဲ့ သုံးထပ်ကွေ့ဆိုတဲ့ နေရာမှာတော့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့နေရာယူထားသလို စစ်ကောင်စီတပ်တွေနဲ့ နယ်ခြားစောင့် BGF တပ်တွေကလည်း သေ့ဘော့ဘိုး ဆုံဆည်းမြိုင် ဝေါ်လေအထိ လမ်းတွေ ပိတ်ထားတာပါ ။

ဇူလိုင်လကစပြီး နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတဲ့အတွက် အဲဒီ အနီးနားက ကျေးရွာတွေမှာလည်း လူငယ်လူရွယ်တွေ မရှိကြတော့ဘူးလို့ ဆိုပါတယ်။

" ဒါပေမဲ့ အဲဒီဘက်ရွာတွေမှာလည်း လူတွေက သိပ်မရှိတော့ဘူး ၊ အကုန်လုံးပတ်ပြေး ပုန်းနေရတယ် လူငယ်လူလတ်တွေကတော့အကုန် တိမ်းရှောင်နေရတယ်။"

အခုလို လမ်းတွေပိတ်ဆို့ပြီး နေရာတွေယူထားတဲ့အတွက် ကုန်သည်တွေလည်း အခက်အခဲရှိနေသလို ဒေသခံ တောင်ပေါ်ကျေးရွာတွေမှာလည်း စာနပ်ရိက္ခာတွေ ပြတ်လတ်သွားမယ့် အခြေအနေတွေ ရှိနေတာပါ ။ ဝေါ်လေဒေသဘက်က ကျေးရွာသားတွေဟာ စားနပ်ရိက္ခာ ဝယ်ယူဖို့နဲ့ အလုပ်တွေ ထွက်လုပ်ဖို့အတွက်လည်း လမ်းတွေ ပိတ်ဆို့ထားတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ် ။ ဒီရက်ပိုင်းမှာပဲ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မူတွေကလည်း ခပ်စိပ်စိပ် လုပ်လာတဲ့အတွက် စစ်ဘေးရှောင် ဒုက္ခသည်တွေကတော့ နေရပ်ရင်း မပြန်နိုင်ကြပဲ သောင်ရင်းမြစ်တလျှောက်မှာ တဲထိုးပြီး နေထိုင်နေရဆဲ ဖြစ်ပါတယ်။ အခုတိုက်ပွဲတွေဖြစ်နေတဲ့ တပ်မဟာ(၆)နယ်မြေဒူးပလာယာခရိုင်မှာတော့ စစ်ဘေးရှောင်ဒုက္ခသည် ကိုးသောင်းကျော် ရှိနေပါတယ်ရှင်။

XS
SM
MD
LG