သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေျမျမႇဳပ္မိုင္းေၾကာင့္ ဒီေမာ့ဆို ႐ြာသားေတြ ထိခိုက္


ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕။

[[ ZAWGYI / UNICODE ]]

ေျမျမႇဳပ္မိုင္းေၾကာင့္ ဒီေမာ့ဆို ႐ြာသားေတြ ထိခိုက္

ကယားျပည္နယ္၊ ေဒသအေခၚ ကရင္နီျပည္ ဒီေမာ့ဆိုၿမိဳ႕နယ္ထဲက ေဒါငံခါး ေက်းရြာဘက္မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႕ေတြအၾကား ၿပီးခဲ့တဲ့ရက္ပိုင္းက တိုက္ပြဲေတြ ရက္ဆက္ ျဖစ္ပြားခဲ့ၿပီး တိုက္ပြဲၾကား ေျမႁမွဳပ္မိုင္း နင္းမိလို႔ အရပ္သားတခ်ဳိ႕ ထိခိုက္ဒဏ္ရာ ရခဲ့တယ္လို႔ ကရင္နီ လူ႔အခြင့္အေရးအဖြဲ႕က ေျပာပါတယ္။ အိုးအိမ္စြန္႔ခြာ ထြက္ေျပးသူေတြ လည္း တိုးလာေနၿပီး စားနပ္ရိကၡာ အခက္အခဲ ပိုျဖစ္လာတယ္လို႔ ကူညီေပးေနသူေတြကလည္း ေျပာပါတယ္။ ရန္ကုန္ကလာတဲ့ သတင္းကို မအိသန္႔စင္ က ေျပာျပေပးပါမယ္။

ဒီးေမာ့ဆိုၿမိဳ႕နယ္ ေဒါငံခါးေက်း႐ြာဘက္မွာ ၾသဂုတ္ ၂၃ ရက္နဲ႔ ၂၄ ရက္ ႏွစ္ရက္ ဆက္တိုက္ တိုက္ပြဲေတြ ျဖစ္ပြားခဲ့ၿပီး လက္နက္ႀကီး လက္နက္ငယ္ ပစ္ခတ္သံေတြ ၾကားေနရတာလို႔ စစ္ေရွာင္တဦးက ေျပာပါတယ္။ ၾသဂုတ္ ၂၅ ရက္ ဒီေန႔ ေန႔ခင္းပိုင္းမွာေတာ့ စစ္ေရး အေျခအေန တည္ၿငိမ္ေနပါတယ္။ ဒါေပမဲ့ စစ္ေကာင္စီတပ္ေတြ စစ္ေၾကာင္း သြားလာ လႈပ္ရွားေနတဲ့အတြက္ အခ်ိန္မေ႐ြး တိုက္ပြဲျဖစ္လာႏိုင္တာေၾကာင့္ စိုးရိမ္ေနၾကတယ္လို႔ စစ္ေဘး တိမ္းေရွာင္ေနရတဲ့ ေဒသခံတဦးက ေျပာပါတယ္။

“ ပစ္ခတ္မႈေတာ့ ေန႔တိုင္းေတာ့ ရွိတယ္။ လက္နက္ႀကီးေရာ လက္နက္ငယ္ေရာ ေန႔တိုင္းထုတာပဲ။ တိုက္ပြဲျဖစ္မွ သူတို႔ထုတာေလး မေန႔ကေတာင္မွ ေဒါငံခါးမွာ တိုက္ပြဲျဖစ္၊ ဒီေန႔ေတာ့ (ပစ္ခတ္သံ) မၾကားရေသးဘူး။ အခ်ိန္မေ႐ြ႕ၾကားေနရတယ္၊ မနက္မၾကားလည္း တခါတေလလည္း ည ၾကားရတယ္။ ညမဟုတ္ရင္လည္း မနက္ အဲ့လိုမ်ိဳး ေန႔တိုင္းလိုလို ၾကားရတယ္။ မေန႔ကေတာ့ ဘယ္လိုေျပာရမလဲ စစ္ေၾကာင္းေတြ ထိုးၿပီးမွ ထုၾကတာေလး အသံေတာ့ ေကာင္းေကာင္းၾကားရတယ္။”

လက္နက္ႀကီးပစ္ခတ္မႈနဲ႔ တိုက္ပြဲေၾကာင့္ ေသာင္းနဲ႔ခ်ီ ေဒသခံေတြ အိုးပစ္အိမ္ပစ္ ေဘးလြတ္ရာကို တိမ္းေရွာင္ေနၾကတာပါ။ တခ်ိဳ႕က နီးစပ္ေဆြးမ်ိဳးအိမ္ေတြ ပတ္ဝန္းေက်း႐ြာေတြနဲ႔ တခ်ိဳ႕က ေတာေတာင္ေတြထဲမွာ ျဖစ္သလို မိုးကာတဲထိုးၿပီး ခိုလႈံေနၾကရပါတယ္။

စစ္ေျပးဒုကၡသည္ေတြ တိမ္းေရွာင္ေနၾကတာ အခ်ိန္ၾကာလာလို႔ အလုပ္အကိုင္မရွိ ဝင္ေငြမရွိတာေၾကာင့္ စားနပ္ရိကၡာ အခက္အခဲေတြ ပိုမိုျဖစ္လာတယ္လို႔ လည္း ဒီေဒသခံက ေျပာပါတယ္။

“ အဲ့မွာ စစ္ေရွာင္ၾကတာၾကာၿပီး ဒီးေမာ့ဆို ကုန္းသာ ေသးဆူးလဲ ေဒါငံခါးဖက္ကေတာ့ ဘယ္မွမရွိေတာ့ဘူး။ အခု လက္ရွိကေတာ့ အခက္အခဲ ကေတာ့ ပိုမ်ားလာတယ္ေပါ့။ ေရွာင္တာ ၾကာလာေတာ့လည္း ကုန္ေစ်းႏႈန္းကလည္း ေစ်းတက္ၿပီးေတာ့ အလုပ္အကိုင္လည္းမရွိဆိုေတာ့ စားဖို႔ေသာက္ဖို႔ကလည္း ေတာ္ေတာ္ခက္ခဲလာၾကတယ္ေလး။”

ဒီးေမာ့ဆိုၿမိဳ႕နယ္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ ဗဟို႐ုံးအုပ္တဦးကေတာ့ ဒီးေမာ့ဆိုၿမိဳ႕နယ္တခြင္မွာ ႀကိဳၾကာႀကိဳၾကာ ရက္ဆက္ဆိုသလို တိုက္ပြဲရွိေနတယ္လို႔ အတည္ျပဳ ေျပာဆိုပါတယ္။

“တိုက္ပြဲေတာ့ ဆက္တိုက္ေတာ့ ရွိေနပါတယ္။ ဒါေပမယ့္ တိုက္ပြဲႀကီးေတာ့ မဟုတ္ဘူးေပါ့ေနာ္။ ထိေတြ႕တိုက္ပြဲ ဒီတခ်က္တခ်က္ေလာက္ ဒီလိုမ်ိဳးပဲျဖစ္ၿပီးေတာ့ တိုက္ပြဲၿပီတာေပါ့ေနာ္။ ကုန္းသာ ေသးဆူးလဲဖက္မွေသာ္လည္ေကာင္း၊ ေဒါငံခါး ရပ္ကြက္ (၂) ဖက္မွာေသာ္လည္ေကာင္း၊ ဒီးေမာ့ဆိုၿမိဳ႕မ ေနာက္ၿပီးေတာ့ ေဒါတမနယ္ဖက္ေသာ္လည္ေကာင္း ေန႔စဥ္ရက္ဆက္ ထိေတြ႕တိုက္ပြဲေတြေတာ့ ရွိတယ္။”

ေဒသခံ ေက်းရြာတဝိုက္ တပ္စြဲထားရတဲ့ စစ္ေကာင္စီတပ္ေတြ ျပန္ထြက္ခြာခ်ိန္မွာ ေျမႁမွဳပ္မိုင္းေတြ ေထာင္ထားခဲ့တယ္လို႔ ဒီေမာ့ဆိုး ေဒသခံ ကာကြယ္ေရးတပ္ေတြက ေျပာပါတယ္။ တိုက္ပြဲေတြအတြင္း ထိခိုက္ဒဏ္ရာရမႈနဲ႔ ေျမႁမွဳပ္မိုင္းေတြ ေထာင္ထားခဲ့တယ္ဆိုတဲ့ သတင္းေတြနဲ႔ ပတ္သက္လို႔ သီးျခားအတည္ျပဳခ်က္ေတာ့ မရေသးပါဘူး။

မေန႔က မနက္အေစာပိုင္းမွာေတာ့ ဒီးေမာ့ဆိုၿမိဳ႕နယ္ အေရွ႕ျခမ္းမွာ ေက်း႐ြာထဲ ျပန္လာၿပီး စားနပ္ရိကၡာျပန္လာယူတဲ့ အမ်ိဳးသမီးတဦး မိုင္းနင္းမိၿပီး ေျခလက္ထိခိုက္ဒဏ္ရာရရွိသြားတယ္လို႔ ကရင္နီလူ႔အခြင့္အေရးအဖြဲ႕ ဒါ႐ိုက္တာ ကိုဗညားက VOA ကို ေျပာပါတယ္။

ျမန္မာႏိ္ုင္ငံအတြင္း စစ္ျဖစ္ေနတတဲ့ ေဒသေတြမွာ ျမန္မာစစ္တပ္က စစ္ဘက္ အရပ္ဘက္ မခြဲျခားဘဲ ေျမျမဳပ္မိုင္းသုံးတိုက္ခိုက္ေနၿပီး ဒါဟာ စစ္ရာဇဝတ္မႈ က်ဴးလြန္ရာ ေရာက္တယ္လို႔ Amnesty International လူ႔အခြင့္အေရး အဖြဲ႕ က ဂ်ဳလိုင္ေႏွာင္းပိုင္းမွာ အစီရင္ခံစာ ထုတ္ျပန္ထားပါတယ္။ ျမန္မာစစ္တပ္အျပင္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲကေတြဘက္ကလည္း ေျမျမဳပ္မိုင္း အသုံးျပဳတာေတြ ရွိေနတဲ့အေၾကာင္း ႏိုင္ငံတကာ ေျမျမဳပ္မိုင္းတားဆီးေရးအဖြဲ႕ေတြရဲက အစီရင္ခံစာမွာ ေဖၚျပေလ့ရွိပါတယ္။

ေျမျမဳပ္မိုင္းေၾကာင့္ ကေလးငယ္ေတြအပါအဝင္ လူေပါင္းမ်ားစြာ ထိခိုက္ဒဏ္ရာရခဲ့ၾကၿပီး၊ ေရရွည္အက်ိဳးဆက္အေနနဲ႔ တိုက္ပြဲမျဖစ္တဲ့အခ်ိန္မွာလည္း စစ္ေဘးေရွာင္ေတြ ေနရပ္ျပန္ၿပီး ပုံမွန္အလုပ္ေတြျပန္လုပ္ဖို႔ အခက္အခဲေတြၾကဳံေနရတဲအ့ေၾကာင္း AI လူ႔အခြင့္အေရး အဖြဲ႕ က ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

{{ UNICODE }}

မြေမြှုပ်မိုင်းကြောင့် ဒီမော့ဆို ရွာသားတွေ ထိခိုက်

ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည် ဒီမော့ဆိုမြို့နယ်ထဲက ဒေါငံခါး ကျေးရွာဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေ ရက်ဆက် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြား မြေမြှုပ်မိုင်း နင်းမိလို့ အရပ်သားတချို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေ လည်း တိုးလာနေပြီး စားနပ်ရိက္ခာ အခက်အခဲ ပိုဖြစ်လာတယ်လို့ ကူညီပေးနေသူတွေကလည်း ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို မအိသန့်စင် က ပြောပြပေးပါမယ်။

ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာဘက်မှာ သြဂုတ် ၂၃ ရက်နဲ့ ၂၄ ရက် နှစ်ရက် ဆက်တိုက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေ ကြားနေရတာလို့ စစ်ရှောင်တဦးက ပြောပါတယ်။ သြဂုတ် ၂၅ ရက် ဒီနေ့ နေ့ခင်းပိုင်းမှာတော့ စစ်ရေး အခြေအနေ တည်ငြိမ်နေပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်တွေ စစ်ကြောင်း သွားလာ လှုပ်ရှားနေတဲ့အတွက် အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တာကြောင့် စိုးရိမ်နေကြတယ်လို့ စစ်ဘေး တိမ်းရှောင်နေရတဲ့ ဒေသခံတဦးက ပြောပါတယ်။

“ ပစ်ခတ်မှုတော့ နေ့တိုင်းတော့ ရှိတယ်။ လက်နက်ကြီးရော လက်နက်ငယ်ရော နေ့တိုင်းထုတာပဲ။ တိုက်ပွဲဖြစ်မှ သူတို့ထုတာလေး မနေ့ကတောင်မှ ဒေါငံခါးမှာ တိုက်ပွဲဖြစ်၊ ဒီနေ့တော့ (ပစ်ခတ်သံ) မကြားရသေးဘူး။ အချိန်မရွေ့ကြားနေရတယ်၊ မနက်မကြားလည်း တခါတလေလည်း ည ကြားရတယ်။ ညမဟုတ်ရင်လည်း မနက် အဲ့လိုမျိုး နေ့တိုင်းလိုလို ကြားရတယ်။ မနေ့ကတော့ ဘယ်လိုပြောရမလဲ စစ်ကြောင်းတွေ ထိုးပြီးမှ ထုကြတာလေး အသံတော့ ကောင်းကောင်းကြားရတယ်။”

လက်နက်ကြီးပစ်ခတ်မှုနဲ့ တိုက်ပွဲကြောင့် သောင်းနဲ့ချီ ဒေသခံတွေ အိုးပစ်အိမ်ပစ် ဘေးလွတ်ရာကို တိမ်းရှောင်နေကြတာပါ။ တချို့က နီးစပ်ဆွေးမျိုးအိမ်တွေ ပတ်ဝန်းကျေးရွာတွေနဲ့ တချို့က တောတောင်တွေထဲမှာ ဖြစ်သလို မိုးကာတဲထိုးပြီး ခိုလှုံနေကြရပါတယ်။

စစ်ပြေးဒုက္ခသည်တွေ တိမ်းရှောင်နေကြတာ အချိန်ကြာလာလို့ အလုပ်အကိုင်မရှိ ဝင်ငွေမရှိတာကြောင့် စားနပ်ရိက္ခာ အခက်အခဲတွေ ပိုမိုဖြစ်လာတယ်လို့ လည်း ဒီဒေသခံက ပြောပါတယ်။

“ အဲ့မှာ စစ်ရှောင်ကြတာကြာပြီး ဒီးမော့ဆို ကုန်းသာ သေးဆူးလဲ ဒေါငံခါးဖက်ကတော့ ဘယ်မှမရှိတော့ဘူး။ အခု လက်ရှိကတော့ အခက်အခဲ ကတော့ ပိုများလာတယ်ပေါ့။ ရှောင်တာ ကြာလာတော့လည်း ကုန်ဈေးနှုန်းကလည်း ဈေးတက်ပြီးတော့ အလုပ်အကိုင်လည်းမရှိဆိုတော့ စားဖို့သောက်ဖို့ကလည်း တော်တော်ခက်ခဲလာကြတယ်လေး။”

ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဗဟိုရုံးအုပ်တဦးကတော့ ဒီးမော့ဆိုမြို့နယ်တခွင်မှာ ကြိုကြာကြိုကြာ ရက်ဆက်ဆိုသလို တိုက်ပွဲရှိနေတယ်လို့ အတည်ပြု ပြောဆိုပါတယ်။

“တိုက်ပွဲတော့ ဆက်တိုက်တော့ ရှိနေပါတယ်။ ဒါပေမယ့် တိုက်ပွဲကြီးတော့ မဟုတ်ဘူးပေါ့နော်။ ထိတွေ့တိုက်ပွဲ ဒီတချက်တချက်လောက် ဒီလိုမျိုးပဲဖြစ်ပြီးတော့ တိုက်ပွဲပြီတာပေါ့နော်။ ကုန်းသာ သေးဆူးလဲဖက်မှသော်လည်ကောင်း၊ ဒေါငံခါး ရပ်ကွက် (၂) ဖက်မှာသော်လည်ကောင်း၊ ဒီးမော့ဆိုမြို့မ နောက်ပြီးတော့ ဒေါတမနယ်ဖက်သော်လည်ကောင်း နေ့စဉ်ရက်ဆက် ထိတွေ့တိုက်ပွဲတွေတော့ ရှိတယ်။”

ဒေသခံ ကျေးရွာတဝိုက် တပ်စွဲထားရတဲ့ စစ်ကောင်စီတပ်တွေ ပြန်ထွက်ခွာချိန်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တယ်လို့ ဒီမော့ဆိုး ဒေသခံ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ တိုက်ပွဲတွေအတွင်း ထိခိုက်ဒဏ်ရာရမှုနဲ့ မြေမြှုပ်မိုင်းတွေ ထောင်ထားခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

မနေ့က မနက်အစောပိုင်းမှာတော့ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှာ ကျေးရွာထဲ ပြန်လာပြီး စားနပ်ရိက္ခာပြန်လာယူတဲ့ အမျိုးသမီးတဦး မိုင်းနင်းမိပြီး ခြေလက်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက VOA ကို ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း စစ်ဖြစ်နေတတဲ့ ဒေသတွေမှာ မြန်မာစစ်တပ်က စစ်ဘက် အရပ်ဘက် မခွဲခြားဘဲ မြေမြုပ်မိုင်းသုံးတိုက်ခိုက်နေပြီး ဒါဟာ စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်တယ်လို့ Amnesty International လူ့အခွင့်အရေး အဖွဲ့ က ဂျုလိုင်နှောင်းပိုင်းမှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ မြန်မာစစ်တပ်အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲကတွေဘက်ကလည်း မြေမြုပ်မိုင်း အသုံးပြုတာတွေ ရှိနေတဲ့အကြောင်း နိုင်ငံတကာ မြေမြုပ်မိုင်းတားဆီးရေးအဖွဲ့တွေရဲက အစီရင်ခံစာမှာ ဖေါ်ပြလေ့ရှိပါတယ်။

မြေမြုပ်မိုင်းကြောင့် ကလေးငယ်တွေအပါအဝင် လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြပြီး၊ ရေရှည်အကျိုးဆက်အနေနဲ့ တိုက်ပွဲမဖြစ်တဲ့အချိန်မှာလည်း စစ်ဘေးရှောင်တွေ နေရပ်ပြန်ပြီး ပုံမှန်အလုပ်တွေပြန်လုပ်ဖို့ အခက်အခဲတွေကြုံနေရတဲအ့ကြောင်း AI လူ့အခွင့်အရေး အဖွဲ့ က ပြောဆိုထားပါတယ်။

XS
SM
MD
LG